ပရိသတ်တွေက စကားပြောမြန်တယ်လို့ ဝေ ဖန်တာကို ပြင်သွားမယ့် မေတိုးခိုင်

ပရိသတ်တွေက စကားပြောမြန်တယ်လို့ ဝေ ဖန်တာကို ပြင်သွားမယ့် မေတိုးခိုင်
October 2, 2017 Leanne Win
ပရိသတ်တွေက စကားပြောမြန်တယ်လို့ ဝေ ဖန်တာကို ပြင်သွားမယ့် မေတိုးခိုင်

အိ န္ဒြာကျော်ဇင်ရဲ့ ကိုယ်ပွားလေးဆိုပြီး လူသိ များနေတဲ့ တူမ ဖြစ်သူ မေတိုးခိုင်က ကြော်ငြာတွေ၊ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်နေသလို Music Video တွေမှာလည်း ပါဝင်သရုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ဇာတ်ကားရိုက်ကူးမှုမရှိသေးပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အတွက် ဂုဏ်ပြု ဇာတ်လမ်းတစ်ခုကိုလည်း ရိုက်ကူးထား တယ်လို့ သိရပါတယ်။ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကလည်း ဇာတ်ကားရိုက် ကူးတာပဲ ဖြစ်ဖြစ်၊ ကြော်ငြာရိုက်တာ ပဲဖြစ်ဖြစ် အမြဲသင်ပေးသလို အကြံဥာဏ် တွေလည်း ပေးတယ်လို့ ဆိုတဲ့ မေတိုးခိုင် က…

“တီအူဝဲက ကြော်ငြာရိုက်ကူး တိုင်း သင်ပေးတယ်။အခုလည်းသင် ပေးတယ်။ ဖုန်းဆက်ပြီးမှာတယ်။ အဓိကတော့ ညီမက စကား ပြောမြန်တယ်။ အဲဒါကို နှေးခိုင်းတယ်။ တစ်ခုခုဆို အိုက်တင်ကို ကဒ်ဆိုပြီး မအော်မခြင်း မချနဲ့ဆိုပြီး သင်ပေးပါတယ်” လို့ပြော ပါတယ်။ မေတိုးခိုင်က အခုနောက်ပိုင်းမှ သရုပ် ဆောင်တာနဲ့ပတ်သက်ပြီး အတွေ့အ ကြုံတွေ ပိုရှိလာတဲ့အတွက် စိတ်ဖိစီးမှုတွေ နည်း နည်းပိုနည်းလာ ပြီး ပိုပြီးလည်းသရုပ် ဆောင်ရဲလာတယ်လို့ ဆိုပါတယ်။

“ပရိသတ်တွေက ဝေဖန်တာထက် ညီမကိုချစ်ပြီး အားပေးကြပါတယ်။ ဝေဖန် တာကျတော့ တီအူဝဲ ပရိသတ် တွေက ညီမကို စကားပြော မြန် တယ်လို့လူတိုင်းပြောကြ တယ်။ အခုတော်တော်တော့ ပြင် နေပါတယ်”လို့ မေတိုးခိုင် ကပြောပြီး ပရိသတ်တွေ ရဲ့ ဝေဖန်မှုတွေကိုလည်း နားထောင်ပြီး ပြင်ဆင် နေကြောင်း ပြောပြပါ တယ်။

သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး နိုင်ငံခြားဇာတ်ကား တွေကို ကြည့်ရှုပြီး လေ့လာဖြစ်တယ် လို့ဆိုတဲ့ မေတိုးခိုင်က ဒီဇိုင်နာ အလုပ်နဲ့ သရုပ်ဆောင် အလုပ် နှစ်ခုစလုံးကို ဝါသနာပါပြီး အခု လောလောဆယ်မှာတာ့ သရုပ် ဆောင်ပိုင်းကို ပိုပြီးလုပ် ဖြစ်နေတယ် လို့ ပြောပါ တယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*