ဘာသာ ၂မျိုးနဲ့ ထွက်ရှိမယ့် LUSH Magazine Myanmar မဂ္ဂဇင်း မိတ်ဆက်

ဘာသာ ၂မျိုးနဲ့ ထွက်ရှိမယ့် LUSH Magazine Myanmar မဂ္ဂဇင်း မိတ်ဆက်
September 29, 2017 Leanne Win
ဘာသာ ၂မျိုးနဲ့ ထွက်ရှိမယ့် LUSH Magazine Myanmar မဂ္ဂဇင်း မိတ်ဆက်

မြန်မာနိုင်ငံရှိ High-end Fashion ချစ်သူများနဲ့ ခေတ်မီ အ ဆင့်မြင့် Luxury Living နှင့် Lifestyle တို့ကို စိတ်ဝင်စားသူများ အ တွက် ရည်မှန်းပြီး ဘာသာစကား ၂ မျိုးနဲ့ ပထမဆုံး ထုတ်ဝေမယ့် LUSH Magazine Myanmar မိတ်ဆက်ပွဲ အခမ်းအနားကို စက် တင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီ ကအင်းယားလိတ်ဟိုတယ်မှာ  ကျင်းပခဲ့ပါတယ်။

အဆိုပါ LUSH Magazine မိတ်ဆက်ပွဲ အခမ်းအနားမှာDesigner Kaung Myat  ရဲ့    Exclusive Show အပါအဝင်Singer Jewel နဲ့ Jessica တို့ရဲ့ ဖျော်ဖြေရေး အစီအစဉ် များ၊ Beauty Blogger နေခြည်ဦး ရဲ့မိတ်ဆက် ဗီဒီယိုနဲ့ Dancer များ ရဲ့ကပြ ဖျော်ဖြေမှုများ ပါဝင်တင် ဆက်ခဲ့ကြ ပါတယ်။

အဆိုပါ မိတ်ဆက်ပွဲနဲ့ ပတ် သက်ပြီး LUSH Magazine Myanmar ထုတ်ဝေသူ ဒေါ်နန္ဒာ ကြည်ဦးက…

ရှေ့ဆက်ပြီးတော့ LUSH Magazine Myanmar အနေ နဲ့ Luxury Fashion, Lifestyle နဲ့ ပတ်သက်တဲ့ Valuable Content  တွေကို ကမ္ဘာ့အဆင့်မီ ချပြသွားဖို့ ရည်ရွယ်ထားပါတယ်။LUSH Team က မြန်မာစာဖတ် ပရိသတ် တွေအတွက် အဆင့်မြင့်ပြီး ခမ်းနား ထည်ဝါသော ဝတ်စားဆင်ယင်မှု၊ နိုင်ငံတကာ အဆင့်မီ နေထိုင်မှုနဲ့ လူမှုဆက်ဆံရေးတွေကို ရှု့ထောင့် သစ် အတွေးသစ်တွေနဲ့ Magazine နဲ့ Digital Platform တွေ မှာ စဉ်ဆက်မပြတ် တင်ဆက်သွားမှာပါ” လို့ ပြောပါ တယ်။

ဒီမဂ္ဂဇင်းကို အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေမှာဖြစ်သလို  အခုလ စက်တင်ဘာလမှ စပြီး ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ တစ် အုပ်လျှင် ၃၅ဝဝ ကျပ်နှုန်းဖြင့် ရောင်းချသွား မှာဖြစ်ပြီး အုပ်ရေ ပေါင်း ၁၂ဝဝလောက်ထုတ် ဝေသွား မှာဖြစ်ကြောင်း သိရပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*