မြန်မာ့ဇာတ်ပွဲများ

မြန်မာ့ဇာတ်ပွဲများ
September 27, 2017 Leanne Win
မြန်မာ့ဇာတ်ပွဲများ

အဆို အကဟူသည်ကား လူ တို့သည် မိမိတို့စိတ် အတွင်း၌ ဖြစ်ပေါ်လာသော စိတ်၏အခြေအနေကို ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ ဖော်ပြခြင်းတစ်မျိုး ဖြစ်ပေရာ ကမ္ဘာ ပေါ်၌လူ သားဟူ၍ စတင်ပေါ်လာ ကတည်းပင် အဆိုနှင့်အကဖြစ်ပေါ် လာသည်ဟု ဆိုရပေမည်။အကဟူသည်ကား လူ တို့သည် မိမိတို့စိတ် အတွင်း၌ ဖြစ်ပေါ်လာသောစိတ်၏အခြေအနေကို ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ ဖော်ပြခြင်းတစ်မျိုး ဖြစ်ပေရာ ကမ္ဘာ ပေါ်၌လူ သားဟူ၍ စတင်ပေါ်လာ ကတည်းပင် အဆိုနှင့်အကဖြစ်ပေါ် လာသည်ဟု ဆိုရပေမည်။ လောကဓမ္မတာအားဖြင့် သား သည်မိခင်တို့သည် မိမိတို့၏ ရင် သွေးလေးအား အိုအိုအေအေဟူ၍ နှစ်သိမ့်စေမူပင်လျင် သီဆိုခြင်း တစ် မျိုးဖြစ်သည်။ ယဉ်ကျေးခြင်း အောက်ဆုံးတန်းတွင် တည်ရှိနေကြ သော လူရိုင်းတို့ပင်လျှင် ပျော်ပွဲ၊ ရွှင် ပွဲ ပြုလုပ်ရာ၌ ဝန်းဝိုင်း၍ ကခုန်ကြ သောအလေ့ရှိခဲ့ကြ၏။

သို့ကြောင့် မြန်မာအက ငှက်ပျောပွဲနှင့် ဗြောထဲ အက”ဟု ဆိုစေကာမူကပြမှုတို့မှာ နတ်ပွဲများမပေါ်မီ ဗြောစသည်တို့ မပေါ်မီ ကပင် ရှိသည်ဟုဆိုရပေမည်။ လူလောကကိုမဆိုထားဘိ။ တိရစ္ဆာန်လောကကိုကြည့်လျှင် အဆို နှင့် အကအားဖြင့် စိတ်ကြည်ရွှင်မှု တို့ကို ဖော်ပြချက်များအဖြစ် တွေ့နိုင် ပေမည်။ ငှက်တို့သည် မိတ်နှံရှာရာ၌ ငှက်မ၏မေတ္တာကို ရယူရန်ဆို၍ ကပြခြင်း၊ က၍ပြခြင်းတို့ဖြင့်လေးတင်ပွဲခံကြလေသည်။ ဥဒေါင်းကသည် ကြက်ဆင်ကသည်ဟူသော အသုံးတို့ မှာ တင်စား၍ပြောဆိုသော စကား မဟုတ်။ တကယ်ပင် ကခြင်းများ ဖြစ်လေသည်။ ယဉ်ကျေးခြင်း နည်း ပါးသေးသောလူတို့၏အဆိုအက တူရိယာတို့သည် အောက်တန်းကျ၏။ ယဉ်ကျေးခြင်း တိုးတက်လာသည် အလိုက် အဆိုအကနှင့်တူရိယာတို့  လည်း အဆင့်အတန်းတိုးတက် လာ၏။ လူမျိုးတစ်မျိုး၏အဆို အကတူရိယာတို့သည် ပတ်ဝန်းကျင် ရှိအခြားလူမျိုးများသို့ ကူးစက်ပြန့် ပွားတတ်၏။ ပတ်ဝန်းကျင်မှ အရှိန်တို့သည်လည်း လူမျိုးတစ်မျိုး ပေါ်သို့  သက်ရောက်တတ် သည်။

မြန်မာ လူမျိုးတို့၏အကသည်ကား ယဉ်ကျေးခြင်း တိုးတက်သည်အ လျောက် တူရိယာဂီတတို့ တိုးတက် လာသည့်အတိုင်း တိုးတက်ခဲ့သည်။သို့သော် ဇာတ်သဘင်အဖြစ်နှင့် ကပြမှုတို့ ပေါ်ပေါက်လာသည်မှာ ကား မကြာသေးဟုဆိုရပေမည်။ ရှေးခေတ်ကိုလှမ်းကြည့်လျင် အလှူအတန်း၌ဗြောများ တီးသော အခါ အလှူအစ်မနှင့်တကွအလှူ ထမြောက်ခြင်းကို ဝမ်းသာသူတို့သည် ထိုဝမ်းသာသော စိတ်အဖြစ်ကို ထ၍ကခြင်းဖြင့်ဖော်ပြ၏။ ဤမှ ဗြောအကဖြစ်လာ၏။ နတ်များပူဇော် ပသရာမှ ‘နတ်အက’ဟူ၍ဖြစ်ပေါ် လာခဲ့သည်။အိုးစည်ပေါ်လာသော အခါ  ‘အိုးစည်အက’ ပေါ်လာရသည်။ ဒိုး ပတ်ပေါ်လာသောအခါ ‘ဒိုးပတ် အက’ရှိလာသည်။ ဗုံရှည်ကြီးများပေါ် လာ   သောအခါ =ဗုံရှည်အက’ ပေါ်လာ ရသည်။ ထိုမှတစ်ဖန် ဇာတ် ကွက်ဇာတ်လမ်းမပါ ‘ဗလာအက’ တို့ ဖြစ်ခဲ့၏။ထိုအကတို့ကို ထပ်မံချဲ့ ထွင်ခြင်း အားဖြင့် ဗုံရှည်အကတွင် မင်းသား၊ မင်းသမီး အချေအတင်ဗုံ ကြီးသံဖြင့်ကပြခဲ့ကြ၏။

ဤသို့နှစ် ပါးသွားဗုံ ကြီးသံများနှင့် ကပြခြင်း တို့မှတစ်ဆင့်တက်၍ ဗုံကြီးဇာတ် ထုပ်များ တီထွင်ကာ ကကြသည်။ ရုပ်သေးအကပေါ်ခဲ့ပြီးနောက်     ဇာတ်ကွက် ဇာတ်လမ်းအစုံနှင့်ကပြ သော မြန်မာမြေဝိုင်းဇာတ်များပေါ်လာခဲ့ရ၏။ထိုမြေဝိုင်းဇာတ်များ ခေတ်၌ မင်းသားသည် ကသည်ဟူ ၍မရှိ။လက်ပိုက်ဟန်၊ ခြေလှမ်းဟန် လက်ညှိုးညွှန်ဟန်တို့မျှသာပါရှိ၏။ထိုမင်းသား၏ ဟန်များကား အဓိပ္ပာယ် တစ်ခုခုပါရှိသောဟန် များဖြစ်၍ ထိုဟန်များကို ယခု မင်းသားများ၏အကတို့နှင့် နှိုင်း စာလျင် အကဟုခေါ်ဆိုကြမည် မဟုတ်သော်လည်း အမှန်မှာ ထိုဟန် တို့သည် အနုပညာပါ ဟန်များဖြစ်၏။အဘယ်ကြောင့်ဆိုသော် အဓိပ္ပာယ် ပါရှိသောကြောင့် ဖြစ်သည်။မပြော ဘဲက ဟန်ဖြင့်မြင့် သူတို့အား နား လည်စေလေသည်။မြေဝိုင်းဇာတ် ၌မင်းသမီးသာလျင်က၏။ သို့သော် လည်း ထိုမင်းသမီး၏အက၌အနု ပညာကနည်းပါး၏။ ဟန်၏ အဓိပ္ပာယ်များစွာမ ပါချေ။

ထိုမြေ ဝိုင်းဇာတ်များသည် ရုပ်သေးနှင့် နန်းတွင်းဇာတ်အတူ ယူခြင်းမှဖြစ် ပေါ်လာခဲ့ကြပေသည်။ နန်းတွင်း ဇာတ်တို့တွင်လည်း ရာမဇာတ်တော် ကြီးမှာ အထင်ရှားဆုံး ဖြစ်ရာ မြေ ဝိုင်းဇာတ်ကပြရာ၌ ရှေးမင်းသား တို့သည် မဆီမဆိုင် လေးကြီးကို ကိုင်၍ ထွက်ခြင်းဖြင့် နန်းတွင်း ဇာတ်များကို တုခြင်းမှာ ထင်ရှား သည်။ထို့နောက်လူက အရုပ်၏ဟန် ကိုယူ၍ ကြိုးကများဟုပေါ်လာ သည်။ မြန်မာဇာတ်သဘင်တို့ကား ကုန်းဘောင်ခေတ်၌သာ ထင်ရှားခဲ့ လေသည်။အလောင်းမင်းတရား၏ သားတော် ဆင်ဖြူရှင်လက်ထက် ယိုး ဒယားကို အောင်နိုင်သောအခါ ယိုးဒယားနန်းတွင်းဇာတ်ကို ပညာ သည် အားလုံးနှင့်တကွ သိမ်းလာ ခဲ့၍ မြန်မာတို့ နန်းတွင်း၌ ကပြ စေလေသည်။ ဇာတ်တော်ကြီးဟူ သောအမည်မှာ နန်းတွင်း၌ ကပြရ သော ရာမဇာတ်ကြီးကိုပင် ခေါ် သောအမည်ဖြစ်လေသည်။ ရာမ ဇာတ်တော်ကြီးမှာ မျက်နှာဖုံးများ၊ ခေါင်းဆောင်းများဖြင့် ကပြရသော ဇာတ်ဖြစ်၍ယခုကာလတွင် ကပြ လျက်ရှိကြသော ရာမပွဲများကဲ့သို့ ကပြသူတို့ကိုယ်တိုင် စကားပြောကြ သည်မဟုတ်ဘဲ နန်းတွင်း ဇာတ် တော်ကြီးများမှ ကပြသူတို့၏စကား များကို ၄င်းတို့ကိုယ်စားစာတော် ဖတ်များက ပုရပိုက်ဖြူများမှ ရွတ် ဖတ်ရွတ်ရ သည်။

ကပြသူတို့၏ဟန်မူဟန်ထားတို့သည်လည်း ကောင်း၊ အကတို့သည်လည်း ကောင်းအဓိပ္ပာယ်ရှိကြလေသည်။ ယခုတိုင်ပင်ဘီးလူးအက၌ ဘီးလူး ပန်း စိုက်ဟန်အကစသော အကတို့ သည်  လည်းကောင်း၊ မျောက်အက၌ မျောက် ခြင်ချောင်းဟန်အက၊ ခြင် ဖမ်းဟန်အက စသည်တို့သည် လည်းကောင်းရှိ လေသည်။ မြန်မာ နန်းတွင်း၌ကပြသည့် ရာမဇာတ် တော်ကြီးမှာ ယိုဒယားမှ သိမ်းပိုက်ယူ ဆောင်လာခဲ့သော ဇာတ်တော်ကြီး ဖြစ်ရာ ယိုးဒယား ဇာတ်တော်သားများ ကိုယ်တိုင် ကပြခဲ့ကြရသည်။ အီနောင်နန်း တွင်းဇာတ်သည်လည်း ယိုးဒယားမှ ယူဆောင်လာခဲ့သော ဇာတ်ကြီးဖြစ် ရာဘိုးတော်မင်းတရား လက်ထက်တွင်ဝန်ထောက် ဦးမှို ကလေးတို့ ယိုးဒယားဘာသာမှ မြန်မာဘာသို့ ပြန်ဆို၍ ပြဇာတ် ရေးသား ရလေသည်။

ရာမဇာတ်နှင့် ကွာသောအချက်တို့မှာကား ကပြသူ ကိုယ်တိုင်ဇာတ်သီချင်းများကို သီ ဆိုခြင်း စကားပြောခြင်းတို့ ပြုလေ သည်။ ဤဇာတ်မှာ ဣန္ဒာဝုဓသိ ကြားလက်နက်ဟူသော အမည်ကို ယိုးဒယားလူမျိုးတို့က မိမိတို့ဘာသာ ဖြင့် အခေါ်အဝေါ်ပေါ်စေလျက် ဣန္ဒာဝုဟုခေါ်ဆိုလေသည်။မြန်မာ တို့နားတွင် အီနောင်ဟု ကြားသဖြင့် အီနောင်နှင့်ပွတ်စပါး ဟုခေါ်ဆို သုံးနှုန်းလာကြလေသည်။ ပွတ်စပါးဟူသောအမည် ပင် လျင် ပန်းဟော ပုပ္ဖမှပွတ်သျပ ဖြစ် လျက် ထိုမှပွတ်စပါးဖြစ်လာလေ သည်။ ထိုအီနောင်ဇာတ်ကြီးကို ဘာသာ ပြန်၍ ပြဇာတ်ရေးရာ၌ ဇာတ်သီချင်းများ ဝါဇာတ်ကွက် ဇာတ်လမ်းဆိုင်ရာ သီချင်းများကို နောင်သောအခါ မြဝတီမင်းကြီး ဦးစရေးခဲ့လေသည်။  ထိုမှတစ်ပါး သင်္ခပတ္တသမုဒ္ဒ ဃောသ ကောသာသီရီအစရှိသော နန်းတွင်းဇာတ်များအများအပြား ရှိပေသေးသည်။

အိန္ဒိယပြည်နှင့် မာလာယုခေါ်သော မလေးရှားကျွန်းဆွယ် သုဝဏ္ဏဘုမ္မိခေါ်သော ဆူ မတ္တရာ ဂျာဗာအစရှိသော ကျွန်း တို့မှာ ရှေးပဝေသဏီကပင် ကုန်စည် ကူးသန်းခြင်းရှိခဲ့ပေသည်။ဟိန္ဒူယဉ် ကျေးမူတို့နှင့်တကွ ရာမ ဇာတ် တော်စသည်တို့မှာ ထိုကျွန်းများသို့ ပြန်သွားပြီးနောက် ထိုမှတစ်ဆင့် ယိုး ဒယား၊ ကမ္ဗောဇ၊ ဇင်းမယ်စသည်တို့ သို့ ရောက်ရှိသည်။ မြန်မာတို့ အမွေ ဆက်ခံလိုက်သော နန်းတွင်းဇာတ် တို့မှာ အိန္ဒိယမှတိုက် ရိုက်မဟုတ်ဘဲ ယိုးဒယားဇင်းမယ်တို့မှ တစ်ဆင့်ယူ ခြင်းဖြစ်သဖြင့် မြန်မာအကနှင့် အိန္ဒိယအကတို့မှာ ကွာခြားနေလေ တော့သည်။ ယခုတိုင် ဂျာဗာကျွန်း၊ ဗာလီ ကျွန်း စသည်တို့၌နန်းတွင်း သို့ မဟုတ် ဟော်တွင်း၌ မင်းသမီးများ ကိုယ်တိုင်ကပွဲများ ကျင်းပလေသည်။ ဤသို့ ကပြသူကိုယ်တိုင် စကားမပြောသော ရာမဇာတ်တော် ကြီးမှတစ်ဆင့်တက်၍ ကပြသူတို့ ကိုယ်တိုင်စကားပြောသော၊ တေးဆို သောနန်းတွင်း ဇာတ်များသို့  ရောက် ခဲ့၏။

ထိုမှမြန်မာဇာတ်သဘင်သို့ ဆင်းသက်လာခဲ့ပေရာ မြေဝိုင်း၊ ယိုဒယားဇာတ်တော်ကြီးများလို ခက်ခဲလှသော ယိုးဒယားအက ယိုးဒ ယား ဟန်ပြောတို့ကို မစွမ်းဆောင် နိုင်ကြသဖြင့်မဟာဝင်ရာဇဝင် နိပါတ်ထိုးဇာတ်စသည်တို့ကိုသာ ပြကြလေသည်။ သို့ပင်ဖြစ်စေကာမူ စာပေအရသာ ကိုးကားထိုဇာတ် သဘင်တို့၏တန်ဖိုးတစ်ရပ်အဖြစ် ထားသောကြောင့် ပြောဆိုသော လင်္ကာပါဌ်တန်းနှင့် ယဉ်ကျေးမူသော အသုံးအနှုန်းတို့သည် ဇာတ်အကဲ ဖြတ်ရာ၌ပါဝင်သော အကြောင်းခံ များဖြစ်လေသည်။ ထို့နောက်ဇာတ်ရုံဖြင့် ကပြရုံ မျှမကသေး။ ဇာတ်စင်ပေါ်၌ပင် တော ကားတောင်ကားစသော သရုပ်တူ ဖန်တီးပြနိုင်သည့် ဖာရစီ ဇာတ် ကြီးများမြန်မာပြည်သို့  စတင် ရောက် ရှိလာသောအခါ မြန်မာ မြေဝိုင်း ဇာတ်များလည်း မြေဝိုင်း ဘဝမှ ဇာတ်စင်ပေါ်သို့ ရောက် ကြ၍ပြည်ဖုံးကား ထီးကား၊ နန်းကား၊ တောကားစသည့် တို့ကိုထွင်ခဲ့ကြ လေသည်။

ဤသို့  ထွင်ခဲ့ရာ၌ ဖာရစီ ဇာတ်အဆင့် အတန်းကို မီအောင် အဘယ်ခါမျှမ ကြိုးစားခဲ့ကြခြင်းမှာ မြန်မာဇာတ်တို့၏အစသည့်နန်းတွင်း ဇာတ်များကို အခြေခံခဲ့သောကြောင့် ဖြစ်လေသည်။ နန်းတွင်းဇာတ်၌ ကားမျှပင်မရှိခဲ့ချေ။ ဇာတ်ကြောင်း နှင့်တကွ ပြောဆိုသောစာ အရသာ ပါရှိသည့်စကားများ၊ တေးသီးချင်း များ ကဟန်များ၌သာလျင် တန်ဖိုး ထားခဲ့ကြလေသည်။ ဤကားထူးခြား ချက်ဖြစ်၏။ မြန်မာယဉ်ကျေးမှု အနုပညာမည်မျှပါရှိသနည်းဟူသော စံချိန်ဖြင့် မြန်မာဇာတ်ပွဲတို့၏တန်ဖိုး ကို ရှေးကဆုံးဖြတ်ခဲ့ကြသတည်း။ ယနေ့ခေတ်လူငယ်လူရွယ်များ၏ ရင်ထဲတွင် မြန်မာဇာတ်သဘင်သုခမ အနုပညာသည် မြန်မာ့ယဉ်ကျေးမှုကို ဖော် ထုတ်၍ မြန်မာ့ယဉ်ကျေးမှုနှင့် ကမ္ဘာကို ပိုမိုလွှမ်းမိုး ဂုဏ်ထင်နိုင် အောင် ကြိုးစားကြရပေမည် ဖြစ် တော့သတည်း။

မိုးသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*