မျက်နှာနုအောင် ဘန်ကောက်မှာ သွားပြင်ဦးမယ့် မိတ်ကပ် ပညာရှင် ညီညီမောင် ( စမ်းချောင်း)

မျက်နှာနုအောင် ဘန်ကောက်မှာ သွားပြင်ဦးမယ့် မိတ်ကပ် ပညာရှင် ညီညီမောင် ( စမ်းချောင်း)
September 26, 2017 Leanne Win
မျက်နှာနုအောင် ဘန်ကောက်မှာ သွားပြင်ဦးမယ့် မိတ်ကပ် ပညာရှင် ညီညီမောင် ( စမ်းချောင်း)

မိတ်ကပ်ပညာရှင် ညီညီမောင် ( စမ်းချောင်း)က မကြာသေးခင်က အမျိုးသမီးလိင်အင်္ဂါ ပြောင်းဖို့ အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို သွားရောက် ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေး အခြေနေကြောင့် သူ့ဆန္ဒတွေ အကောင်အထည် မဖော်ဖြစ်ခဲ့ဘူးလို့ သိ ရပါတယ်။ လိင်အင်္ဂါ မခွဲစိတ်ဖြစ်ပေမယ့်လည်း သူ့ရဲ့ မေးစေ့ကိုတော့ ဆီလီကွန်ထည့်ပြီး V Shapeအဖြစ် ပုံဖော်ခဲ့တယ်လို့သိရပါတယ်။ လိင်ခွဲစိတ် ပြောင်းလဲ ဖို့ကိုတော့ မိတ်ကပ်ညီညီမောင် ( စမ်းချောင်း) က……

“အမှန်ကတော့ ဒီနှစ်အော်ပရေးရှင်းက အမျိုးသမီး အင်္ဂါပြောင်းဖို့ပါပဲ။ ဒါပေမဲ့ ကိုယ့်မှာက နှလုံး ရောဂါလည်း ရှိတယ်။ ရင်ကျပ်ရောဂါလည်းရှိတဲ့ အတွက်ကော ပြီးတော့ အလုပ်တွေကလည်း များနေ တာကောမို့လို့ မလုပ်ဖြစ်ဘူး။ ဒီနှစ်က မင်္ဂလာဆောင် Wedding  တွေလည်းပြင်ရတာများနေတော့ ဒီနှစ် တော့ မလုပ်ဖြစ်ဘူးပေါ့နော်။ လုပ်ပြီးရင်လည်း တစ်လကျော် ၂လလောက်က နားရမှာဆိုတော့ ကိုယ့်ရဲ့ မိတ်ကပ်ချစ်တဲ့ပရိသတ်နဲ့လည်း အဆက် သွယ်ပျက်သွားမှာ ကြောက်တယ်။ စဉ်းစားထားတာ ကတော့ သင်္ကြန် ဖြစ်ရင်ဖြစ် မဖြစ်ရင် ရှေ့နှစ်မိုးတွင်း ပေါ့နော်။ အဲချိန် မှပဲ ရမှာပေါ့လေ။ မိတ်ကပ်ပြင်ဖို့လည်း ရှိသေးလို့ လေ။ နှလုံးကို ခံနိုင်ရည်ရှိအောင်ဆေးတွေ ပြန်တိုက်တယ်။ ခွဲ စိတ်နေတဲ့ အချိန်မှာ ရင်ကျပ်တာတို့ နှလုံးတို့ ဘာတို့ လုံးဝ Perfect ဖြစ်မှပဲ သူတို့က ခွဲစိတ် ပေးမှာပေါ့နော်။ အခု ခွဲစိတ်ပြုပြင်မှုလုပ်တဲ့ ဆေးရုံက လည်း ဘန်ကောက် မှာဆို နာမည်ကြီးဆုံးပဲလေ။ သူတို့က Save မဖြစ်ပဲနဲ့တော့ လုပ်မပေးဘူးပေါ့။ အဲဒီတော့ သူတို့ ပြောတဲ့စကားကို မလွန်ဆန်ရဲဘူး။ တစ်ဘဝလုံးစာသွားရ မှာဆိုတော့ သူတို့ ပြောတဲ့စကားကို မလွန်ဆန်ရဲဘူး။ အင်္ဂါပြောင်းမယ်ဆိုရင်တော့ လောလောဆယ်ဘတ် ၄ သိန်းဆိုတော့ မြန်မာငွေကျပ် သိန်း ၁၆ဝ ပေါ့နော်” လို့ ပြောပြပါတယ်။

 အခုလို သူ့အနေနဲ့ မိန်းမအင်္ဂါအဖြစ် ပြောင်းလဲ ရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း မိတ်ကပ် ညီညီမောင် (စမ်းချောင်း)က အခုလိုပြောပြလာပါတယ်။ “အဓိကတော့ မိန်းမဖြစ်ချင်း မဖြစ်ချင်းထက်ပေါ့နော်။ ငယ်ငယ်လေးကတည်းက  ကိုယ်တွေက မိန်းကလေးလိုပဲ နေချင်တယ်။ ဒါပေမဲ့ မြန်မာပြည်သိန်းတန် ပြောသလိုပဲ ပေါ့။ ငယ်ငယ်တုန်းက ပိုက်ဆံမှမရှိတာ။ ပိုက်ဆံမရှိဘူး ဆိုတာက မိဘငွေကျဘယ်သူက ကျပ်သိန်း ၁၆ဝ သုံးလေး ရာကို ဘယ်သူက ထုတ်ပေးမှာလဲ။ ကိုယ်ပိုက်ဆံရှာနိုင် တဲ့အချိန်မှာ ကိုယ့်ဘဝကို ကိုယ်ထုဆစ်ရတာပေါ့”လို့ ပြော ပြတာက အခုလောလောဆယ်မှာတော့ မိတ်ကပ် ညီညီ မောင် (စမ်းချောင်း)က ရင်သားခွဲစိတ်ပြုပြင်ခြင်း၊ နှုတ် ခမ်းခွဲ စိတ်ပြုပြင်ခြင်း၊ မေးစေ့ခွဲစိတ်ပြုပြင်ခြင်းများ ပြုလုပ်ထားခဲ့ပြီး ဒီနှစ်ဝါမကျွတ်ခင်လောက်မှာ မျက်နှာကို ဆဲလ် အသစ်မွေးပြီး မျက်နှာနုပျိုအောင်  ငယ်အောင်လုပ်တဲ့ ကုသနည်းလုပ်သွားဖို့ရှိပါတယ်လို့ သိရပါတယ်။ အခုလို ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကိုယ့် ကိုယ် အရင်ထက် ယုံကြည်မှုတွေရှိလာကြောင်းကို ညီညီ မောင် ( စမ်းချောင်း)က …

“အရင်တုန်းကဆိုရင် လှလိုက်တာဆိုတဲ့ စကားကို တစ်ရာမှာ တစ်ယောက် ပြောခဲတယ်။ ဝလိုက်တာ လျော့ပါ ဦး အရင်ကနဲ့ မတူဘူး ။ ခုကျတော့ လှလိုက်တာ။ ခန္ဓာ ကိုယ် ဆိုလို့ရှိရင်လည်း နည်းနည်းကျလာတယ်။ အဲဒီလို မျိုးလေးတွေဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း ပိုယုံကြည်မှု ရှိလာတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ – မင်းမင်ထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*