အနုပညာ အလုပ်တွေ ပြန်လုပ်ဖို့ အစီအစဉ် ရှိပါတယ် Nကိုင်ရာ

အနုပညာ အလုပ်တွေ ပြန်လုပ်ဖို့ အစီအစဉ် ရှိပါတယ် Nကိုင်ရာ
September 25, 2017 Asian Fame
အနုပညာ အလုပ်တွေ ပြန်လုပ်ဖို့ အစီအစဉ် ရှိပါတယ် Nကိုင်ရာ

အိမ်ထောင် ပြုလိုက်ပြီးနောက် ပိုင်းမှာ ပရိသတ် တွေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တဲ့ အဆိုတော် Nကိုင်ရာ က အခုဆိုရင် သားတစ်ယောက် သမီးတစ် ယောက် ရဲ့ မိခင်ဖြစ်နေပြီး ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင် ထားပါတယ်။ အိမ်ထောင် ပြုလိုက်ပြီးနောက် ပိုင်းမှာ ပရိသတ် တွေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တဲ့ အဆိုတော် Nကိုင်ရာ က အခုဆိုရင် သားတစ်ယောက် သမီးတစ် ယောက် ရဲ့ မိခင်ဖြစ်နေပြီး ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင် ထားပါတယ်။
အခုအချိန်မှာတော့ သားနဲ့ သမီးတို့က အရွယ်ငယ် သေးတဲ့ အတွက် သူတို့ အတွက်ပဲ အချိန်ပြည့် ပေးဖြစ်နေ တာကြောင့် အနုပညာ အလုပ်တွေ နဲ့ ဝေးကွာနေရတာ ဖြစ်ကြောင်း ပြောပါတယ်။ အနုပညာ အလုပ်တွေ ပြန် လုပ်ဖို့ အစီအစဉ်ရှိ ပါတယ်လို့ ဆိုတဲ့ Nကိုင်ရာက… “အနုပညာရှင် တုန်းကလည်း အနုပညာရှင် ဘဝလိုပဲ၊ အခုမိသားစု နဲ့ ဖြစ်သွားတော့လည်း အိမ်ထောင် ရှင်မဖြစ်သွားတာပေါ့။ အနုပညာ အလုပ်တွေ ပြန်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ကိုယ်ကလည်း ဝါသနာကြီး တယ်။ အနုပညာကို မစွန့်လွှတ်နိုင်ဘူး။ အခု ကလေးတွေက ဒီ အရွယ်က အမေက အဓိကပဲလေ။ အမေ နဲ့ အနီးကပ်ပဲ။ အမေ လုပ်တာပဲ စိတ်ချတယ်။ တခြားလူ လုပ်တာ စိတ်မချ ဘူး။ ကိုင်ကိုယ်တိုင်ပဲ ကလေးတွေ ကြည့်ပေးတယ်။ အမေနဲ့ အနီးကပ် ဆုံးက ပိုပြီး သေချာတယ်လေ။ အခု တော့ သူတို့ကိုပဲ အနီးကပ် ပြုစုနေ တယ်။ သူတို့နည်းနည်း အရွယ်ကြီး လာရင် အနုပညာ အလုပ်တွေ ပြန် လုပ်မှာပါ” လို့ ပြောပါတယ်။

မိမိသားသမီးတွေ ပြုစုစောင့်ရှောက်ပေးလျက် ရှိနေပြီး မိခင်တစ်ဦး ဖြစ်တဲ့အတိုင်း သားသမီးလေးတွေကို အကောင်းဆုံး ဘဝဖြစ်စေချင်ကာ အားပေးနေကြတဲ့ ပရိသတ်များကိုလည်း ကျေးဇူးတင်ကြောင်း Nကိုင် ရာက…  “သူတို့ကို အစစ အရာရာ စောင့်ရှောက်ပေးနေ ပါတယ်။ သူတို့ အတွက် အဓိကကျန်းမာရေးပဲ။ ကျန်း ကျန်းမာမာနဲ့ ကြီးထွားဖို့ပဲ။ သူတို့ နေမကောင်းရင် သူတို့အစား ကိုယ်ပဲ ဖြစ်လိုက်ချင်တယ်။ သူတို့ကို လည်း တအား သနားတယ်။ သူတို့က ဘာမှ လည်း မပြောတတ် သေးတော့ သူတို့ ခံစားနေရတာကို မကြည့်ရက်ဘူး။ စားတာ သောက်တာကအစ  ကျန်း မာရေး အတွက် သေချာဂရုစိုက် ဖြစ်ပါတယ်။ မိဘတိုင်း ကတော့ သား သမီးကို အကောင်းဆုံး ဖြစ်စေချင်တာပဲလေ။ ကိုင်ရာ ကတော့ သူတို့ ဖြစ်စေချင်တာပဲ ပံ့ပိုးပေးသွားမှာပါ။ အခု အချိန်ထိ သတိရပေးနေတဲ့ ပရိသတ် တွေကိုလည်း ကျေးဇူးတင်မိပြီး သူ့အ နေနဲ့လည်း ပရိသတ်တွေ ကို သတိရသလို ကလေးတွေနဲ့ သွားလို့လာလို့ အဆင်ပြေ တဲ့ပွဲတွေ ရှိရင်တော့သွား ဆိုဖြစ်မှာပါလို့” ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*