ကျောင်းပျော်ကြီး ကျွန်တော် (၃)

ကျောင်းပျော်ကြီး ကျွန်တော် (၃)
September 21, 2017 Leanne Win
ကျောင်းပျော်ကြီး ကျွန်တော် (၃)

အစ်ကို၏ အင်္ဂလိပ်စာသင်တန်းကို၏ အင်္ဂလိပ်စာသင်တန်း ကျွန်တော့်ပညာရးမှာ ပုံမှန် ကျောင်းများအပြ င် အခြားသင်တန်း များလည်း အနည်းအကျဉ်း တက်ဖူး ပါသည်။ သင်တန်းများကိုလည်း ကျောင်းဟုသဘောထား၍ရမည် ထင်ပါသည်။ ကျွန်တော်တို့မိသားစု ရန်ကုန်မှာ အခြေချပြီးနောက် ကျွန်တော်ကျောင်းမနေရသေးပါ။ မျက်စိအားနည်းသည့်အပြင် ကျန်းမာရေးလည်း မကောင်းလှသည့် အတွက် အမေကကျောင်းလွှတ်ရ မည်ကို စိတ်မချပါ။ အိမ်မှာပင် စာဖတ်ရင်း အစ်ကိုကိုတင်ဦး၏ အင်္ဂလိပ်စာသင်တန်းကို တက်ရပါ သည်။  ရွာမှာနေစဉ်ကပင် အစ်ကို့ကို ရန်ကုန်ကအဒေါ်အိမ်ပို့ပြီး ကျောင်းတက်ခိုင်းသည့်အတွက် အစ် ကိုက ရန်ကုန်မှာကျောင်းတက်သည်။ ဗဟန်းကြားတောရလမ်းက အဒေါ် မိသားစု၏အိမ်မှာနေပြီး ‘ဦးစကြာ’ ဟုခေါ်သော ဘုန်းတော်ကြီးဖွင့်လှစ် သည့် လွတ်ပညာသင်ကျောင်း မှာ တက်သည်။ ကျောင်းပိတ်၍ ရွာသို့ပြန်လာချိန်တွင် အစ်ကိုက သူသင်ရသော အင်္ဂလိပ်စာများ ကျွန်တော့်ကိုသင်ပေးသည်။

အင်္ဂလိပ်စာနှင့်ပတ်သက်လျှင် အစ်ကိုကိုတင်ဦးသည် ကျွန်တော်၏ လက်ဦးဆရာဖြစ်သည်။  အစ်ကိုသင်ရသော စာအုပ်များ မှာ’Rapid Readers For Burma’ ဟုခေါင်းတပ်ပြီး Reader one, Reader Two စသည်ဖြင့် အဆင့် လိုက် ပြုစုထားသော ဖတ်စာအုပ် ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ရည် ရွယ်ပြုစုထားခြင်းဖြစ်သည်။ သရုပ် ဖော်ပုံများမှာ အိန္ဒိယလူမျိုးပုံများ ဖြစ်သည့်အတွက် ထူးခြားနေသည်။ A Fat rat. A cat ran. A Fat man စသည့် ပုဒ်ကလေးများကို စဖတ်ရ သည်။ ကဗျာကလေးများလည်း ပါသည်။ ကဗျာတစ်ပုဒ်မှာ

One foot up and One foot up and  one foot down.  That’s the way to  Rangoon town.  Rangoon town  Rangoon town,  one foot up and  one foot down ဟူ၍ဖြစ် သည်။

အစ်ကို့ဆရာ ဘုန်းတော်ကြီးက ထိုကဗျာကို ‘ခြေတစ်ဖက်ကြွလို့ ခြေတစ်ဖက်ချ၊ ရန်ကုန် သွားတဲ့ လမ်းပဲကွ။ ရန်ကုန်သွား ရန်ကုန်သွား၊ ခြေတစ်ဖက်ကြွလို့ ခြေတစ်ဖက် ကိုချ’ဟု မြန်မာကဗျာ ပုံစံဘာသာ ပြန်ထားပါသည်။ သံပြိုင် ဆိုရသည် မှာ ပျော်စရာကောင်းပါသည်။  အစ်ကိုက ဖတ်စာအုပ်မှ အင်္ဂလိပ်စာ အမေးအဖြေလေ့ကျင့် ခန်းများလည်း လုပ်ခိုင်းသည်။ တစ်ခါတွင် ‘Where is the crow?’ ဟူသော မေးခွန်းကို ‘The crow on the tree’ဟု ကျွန်တော်  က ဖြေလိုက်မိသဖြင့် အစ်ကိုက မင်း sentence က verb လည်းမပါဘူး။The crow is on the treeဖြစ် ရမျာပေါ့’ ဟု ဆူသည်ကိုလည်း မှတ်မိ နေပါသည်။ ရန်ကုန်ရောက်တော့ ထရန်စပို့လမ်း (ယခုအာဇာနည် လမ်း)က အစ်မအိမ်မှာ အစ်ကိုက လူငယ်တွေစုပြီး အင်္ဂလိပ်စာ သင်ပေးရာ ထိုသင်တန်းသို့ ကျွန်တော်လည်း သွားတက်ပါသည်။ အင်္ဂလိပ်စာ အရေးအသား အခြေခံ တော်တော်ရသည့်အတွက် အကျိုးရှိ ပါသည်။ သင်တန်းက သိပ်မကြာ လိုက်ပါ။ အစ်ကိုအလုပ်ရသွားသဖြင့် ဆက်မသင်ဖြစ်တော့ပါ။ လက်ရေးတိုသင်တန်း နောက်ထပ်တက်ဖြစ်သော သင်တန်းမှာ လက်ရေးတိုသင်တန်း ဖြစ်သည်။

‘လက်ရေးတို’ဆိုသော ဝေါဟာရကို ယခုခေတ်၏ လူငယ် တော်တော်များများသိမည်မထင်ပါ။ လက်ရေးတိုဆိုသည့်အတိုင်း ပြောနေ သော စကားကို အပြည့်အစုံတစ် ထပ်တည်း လိုက်ပြီးရေးမှတ်နိုင် အောင် အတိုကောက်စာလုံးများ ဖြင့် တီထွင်ထားသော စာရေးနည်းဖြစ် သည်ပါသည်။ ထိုခေတ်က တိတ်ရီ ကော်ဒါတို့၊ ကက်ဆက်တို့ အသုံးမ တွင် ကျယ်သေးပါ။ ထို့ကြောင့် အစည်းအဝေးများတွင် ဆွေးနွေးကျ သော စကားများကိုအပြည့်အစုံ အတိအကျ လိုက်မှတ်နိုင်အောင် လက်ရေးတိုတတ်ကျွမ်းသော ဝန် ထမ်းများကို ရုံးများတွင် ခန့်ထား လေ့ရှိပါသည်။ လက်ရေးတိုနှင့် လက်နှိပ်စက်တတ်လျှင် ရုံးတွေမှာ လက်ရေးတိုစာရေး၊လက်နှိပ် စက်စာ ရေးအလုပ်ရဖို့ လွယ်ကူသည်ဟု ပြောကြပါသည်။ ထိုစဉ်က ရန်ကုန် မှာ လက်နှိပ်စက်သင်တန်း ကျောင်း တွေဖွင့်ပြီး သင်တန်းသားများကို လက်ခံသင်ကြားပေးသည်။ အဖွဲ့အစည်းများကလည်း သင်တန်း များ ဖွင့်လေ့ရှိသည်။ ဗဟန်း၊ကြား တောရလမ်းရှိ ကျွန်တော်တို့အိမ် ရှေ့နားက ဘုန်းတော်ကြီးကျောင်း အောက်ထပ်မှာ ‘လူငယ်များညီ ညွတ်တိုးတက်ရေးအသင်း’ ဟူသော ဆိုင်းဘုတ်တစ်ခုပေါ်လာပြီး ထိုအသင်းက လက်ရေးတို သင်တန်း ဖွင့်မည်ဟု ကြေညာသည့်အတွက် ကျွန်တော်လည်း စာရင်းပေးလိုက် ပါသည်။

အိမ်တစ်အိမ်၏ အောက် ထပ်မှာ သင်တန်းဖွင့်ပြီး အသင်းအမှု ဆောင်လူငယ်များက သင်ကြားပေး သည်။ သင်တန်းသား ၂ဝ လောက် ရှိပါသည်။ ဆရာက ရှေ့ကပြောသွား သော စကားကို လက်ရေးတိုဖြင့် မီအောင်လိုက်ရေးရသည့် လေ့ကျင့် ခန်းများလုပ်ရပါသည်။ သင်တန်းက လပိုင်းလောက်သာ ကြာပါသည်။ သင်တန်း တက်လိုက်ရသည့်အတွက် လက်ရေးတိုကို တီးမိခေါက်မိရှိသွား ပါသည်။ စာနယ်ဇင်း၊ ကြော်ငြာများ တွင် ‘သိန်းတစ်ရာ လက်ရေးတို လက်နှိပ်စက်သင်တန်း’ ကြော်ငြာကို ၁၉၆ဝ ပြည့်နှစ်ကျော်လောက်အထိ တွေ့နေရပါသေးသည်။ ပြည်ထောင်စု စစ်ရဲတပ်ရင်း ၂၊ တပ်တွင်းကျောင်း ကျွန်တော်တို့နှင့် ဆွေမျိုးတော် သော ‘ဘဘကြီးဦးမောင်တင်’ သည် ပြည်ထောင်စုစစ်ရဲတပ်ရင်း ၂ မှာ အရာခံဗိုလ်ရာထူးနှင့် တပ်တွင်းမူလ တန်းကျောင်းအုပ်တာဝန်ယူရသည်။ တပ်တွင်းမိသားစုများ၏ သားသမီး ဆွေမျိုးများကို လက်ခံသင်ကြားသော ကျောင်းဖြစ်သည်။ ကျောင်းအတူ တက်မည့် အဖော်များလည်းရှိသဖြင့် ၁၉၅၂ ခုနှစ်မှာ ထိုကျောင်းကို စတက်ရပါသည်။

ဘဘကြီး ဦးမောင်တင်နှင့် ဆွေ မျိုးနီးစပ်တော်စပ်သော မိသားစုများ  လည်း ကြားတောရလမ်းမှာ နေကြ သည့်အတွက် ကျွန်တော်နှင့် ရွယ်တူ အောင်မောင်းတို့၊ စိုးကြည်တို့ သောင်းအေးတို့၊ သံချောင်းတို့နှင့် အတူ တပျော်တပါး ကျောင်းတက် ကြပါသည်။ ကျောင်းသွားသည့် လမ်းကြောင်းက စိတ်ဝင်စားစရာ ကောင်းသည်။ ရွှေတိဂုံစေတီအရှေ့ မုခ် (ဗဟန်းမုခ်)စောင်းတန်းမှ ဘုရား ရင်ပြင်တော်သို့တက်၊ အနောက်မုခ် (နှစ်ပြားတန်ဆောင်းမုခ်)၊ စောင်း တန်းမှ ပြန်ဆင်း၊ ဦးဝိစာရလမ်းကို ကျော်၊ ဦးဝိစာရကွက်သစ် (ယခု တော်လှန်ရေးပန်းခြံ)ကို ဖြတ်၊ ပြည်လမ်းကိုကူး၊ သစ်ပင်အုပ်တစ် အုပ်ကြားထဲက ဖြတ်လိုက်လျှင်

‘ပြည် ထောင်စု စစ်ရဲတပ်ရင်း ၂’သို့ ရောက်ပါပြီ။ (ပြည်လမ်းနှင့် အလုံ လမ်းထောင့်၊ ယခုပြခန်းတွေ၊ ကုမ္ပဏီရုံးခန်းတွေနှင့် စည်ကားနေ သည့် နေရာဖြစ်မည် ထင်ပါသည်။)တန်းလျားရှည်ပုံ အဆောက်အအုံ တစ်ခုမှာ ဘဘကြီး ဦးမောင်တင်၏ တပ်တွင်းမူလတန်း ကျောင်းဖြစ် ပါသည်။  အလုံလမ်းဘက်ဝင်းထပ်မှာ ပြည်ထောင်စုစစ်ရဲတပ်ရင်း Second Battellion Union Military Police ဟု ရေးထိုးထား သော ဆိုင်းဘုတ်ရှိသည်။ အတို ကောက် UMP (ယူအမ်ပီ)ဟုခေါ်သည်။ ကျောင်းက သိပ်မများ ပါ။

သူငယ်တန်းမှ စတုတ္ထတန်းအထိ  အယောက်တစ်ရာပင်မရှိပါ။ ဆယ်ဂဏန်းလောက်သာရှိသည်။ ဘဘကြီးဦးမောင်တင်ကို ‘ဆရာကြီး’ ဟု ပြောင်း ခေါ်ရသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ တို့သင်ပေးသည် ကို မှတ်မိနေသည်။ တပ်ကြပ်ကြီး အဆင့်ရှိသော ဦးဖေချစ်ခေါ် ဆရာတစ်ယောက်လည်း ရှိသည်။  ဖတ်စာသင်ရသည်။ သင်္ချာအတွက် အချက်များလည်း သင်ရသည်။ သင်တန်းသူ၊ မိန်းကလေးအနည်း အကျဉ်းသာရှိသည်။ နေ့လယ် ကျောင်းဆင်းချိန်မှာ တစ်နာရီက စားခွင့်ရသည်။ ဘောလုံးကို ဘတ် တံနှင့် ရိုက်ပြီး ကွင်းပတ်ပြေးရသည့် ကစားနည်းကို တပျော်တပါး ကစား ကြသည်။  ညနေကျတော့ လာလမ်းအ တိုင်းပင် ရွှေတိဂုံစေတီတော် အနောက်မုခ်က ပြန်တက်ပြီး အရှေ့ မုခ်က ပြန်ဆင်းလျှင် အိမ်ပြန်ရောက် ပါပြီ။ ကျွန်တော့်မှာ စတုတ္ထတန်း မအောင်မြင်သေးသည့်အတွက် စတုတÄတန်းပင် ပြန်တက်ရသည်။ အင်းကန်ရွာနှင့် စတုတ္ထတန်းစာမေး ပွဲဖြေဆိုခဲ့သော်လည်း ရဲဘော်ဖြူ ခေတ် ဖြစ်သည့်အပြင် အောင်လက် မှတ်တွေဘာတွေလည်း မရှိသဖြင့် စတုတ္ထတန်းပြန်တက် ရခြင်းဖြစ် သည်။

ထိုနှစ်အတွင်းမှာပင် တပ်ရင်း က မြောင်းမြသို့ ပြောင်းရသည့် အတွက် ကျောင်းပါလိုက် ပြောင်းရ သည်။ ကျွန်တော့်ကို ဆရာကြီး ဦးမောင်တင်၏ လက်မှတ်ဖြင့် စတုတ္ထတန်းအောင် မြင်သည်။ (Passed the 4th Standard))ဟူ၍ ရေးသားထားသော စာပါသည်။ ကျောင်းပြောင်း လက်မှတ်တစ်စောင် ပေးခဲ့ပါသည်။  ထိုစဉ်က စတုတ္ထတန်းမှာ အတူ တက်ခဲ့သည့်သူငယ်ချင်းအချို့၏ နာမည်တွေကို မှတ်မိနေသည်။ အောင်မောင်း၊ ငွေထွန်း၊ ကြင်မောင်၊ စံသိန်းတို့ဖြစ်သည်။ အခြားသူငယ် ချင်းများကို ပြန်မတွေ့ရတော့ သော် လည်း မောင်စံသိန်းနှင့် အသက်ကြီးမှ ပြန်ဆုံရသည်။ ကျောင်းမှာတုန်းက စစ်လွယ်အိတ် ခပ်ကြမ်းကြမ်းတစ်လုံး ထဲမှာ စာအုပ်တွေ ထည့်၍ ပခုံးမှာ လွယ်ပြီး ကျောင်းလာလေ့ရှိ သော သူ့ပုံကို မြင် ယောင်နေသည်။ ပြန်ဆုံ တော့ ပြည်တွင်းပြည်ပအတွေ့ အကြုံတော်တော်များသူ တစ် ယောက် ဖြစ်နေပါပြီ။ ဝတ္ထုတို ကလေးများ၊ ဆောင်းပါးများကို မောင်စံသိန်း(စိတ်ပညာ)၊ ကလောင် အမည်ဖြင့် ရေးကြောင်းသိရသည်။ သူ့ဝတ္ထု တိုပေါင်းချုပ် တစ်အုပ်ကိုပင် ကျွန်တော်အမှာစာ ရေးပေးလိုက် သေးသည်။

မကြာခဏ ဖုန်းဆက်၍ စကားပြောကြသည်။ ကျွန်တော့်အိမ် ကို သူနှစ်ခါ၊ သုံးခါရောက်သည်။ သူ့အိမ်ကို သွားလည်မည် စိတ်ကူးပြီး မလည်ဖြစ်သေးမီမှာပင် သူ့နာရေး ကြော်ငြာကို သတင်းစာမှာ တွေ့ရ သည့်အတွက် များစွာ စိတ်မကောင်း ဖြစ်ရသည်။  ထိုအချိန်က ကျွန်တော့်ပညာ ရေးလမ်းကြောင်းမှာ အဖုအထစ် ကလေးများရှိပါသည်။ ယူအမ်ပီ တပ်တွင်းကျောင်းမှ ကျောင်းပြောင်း လက်မှတ်ရသော ၁၉၅၂ ခုနှစ်မှာပင် ကျွန်တော်တို့ရပ်ကွက်မှာ ‘ဗဟန်း အစိုးရအလယ်တန်းကျောင်း’ စဖွင့် သည်။ သို့သော် ကျွန်တော်မသိလိုက် ပါ။ သိလျှင်တစ်ဆက်တည်း ကျောင်း ဆက်တက်ရန်သာ ရှိပါသည်။ မသိ လိုက်၍ ထိုကျောင်းတက်ရမလို၊ သည်ကျောင်းတက်ရမလို ဖြစ်နေ ချိန်တွင် ကျွန်တော်ကျောင်းပြောင်း လက်မှတ်ကို အစ်ကိုက ဖျောက်ပစ် လိုက်သည့်အတွက် ကျောင်းနှင့်ပို၍ အလှမ်းဝေးသွားပါသည်။ အိမ်ရှေ့က ဗလစခ (ဗမာနိုင်ငံ လူငယ်များ အစည်းအရုံးခွဲ)မှာ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ သွားဖတ်လိုက်၊ သူငယ် ချင်းတွေနှင့် ကစားလိုက်လုပ်နေစဉ် ကစားဖော်သူငယ်ချင်း မောင်စိန် ညွှန့်က ‘ကန်တော်ကြီး မြူနီစီပယ် ကျောင်း’ ခေါ် သူတို့ကျောင်းမှာ ဆက်တက်ဖို့ အကြံပေးသည့်အတိုင်း ဆက်တက်ရာမှ ကျွန်တော်၏ ပညာ ရေးလမ်းကြောင်း ပြန်ဆက်မိသွား ပါသည်။

 မောင်ခင်မင် (ဓနုဖြူ)  

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*