အတ္တ၏ အနားသတ်

အတ္တ၏ အနားသတ်
September 21, 2017 Asian Fame
အတ္တ၏ အနားသတ်

အရှေ့ဘက်မှထွက်ပေါ် လာသောမိုးသောက် ရောင်ခြည်က ကမ္ဘာ မြေကိုမျက်စပစ်ချိန်၊ အမှောင်ရိပ်က တဖြည်းဖြည်း မျက်လုံးပိတ် အိပ်စက် ရန် ကြိုးစားနေသည်။ လင်း ကြက် တွန်သံနှင့်အတူ အရုဏ်ဦးသည် လောကကြီးပေါ် ခြေချလာသည်။ ကျေးငှက်သာရကာတို့ အစာရှာ ထွက်ရန် အချင်းချင်းလက် တို့သတိ ပေးသံများက နားဝင်ချို စရာတေး သီချင်းတစ်ပုဒ်လို။ တစ်ခါတစ်ရံ လေပြေညင်းက ငွေနှင်းတို့နှင့်အတူ ချမ်းအေးမှုကို သယ်ဆောင်လာ သည်။ တစ်ဖောက်ဖောက်ကျနေ သော ငွေနှင်းပေါက်တို့က ငှက် ကလေးများ တေးသီသံကို စည်းဝါး လိုက်ပေးသည့်အလား။အရှေ့ဘက်မှထွက်ပေါ် လာသောမိုးသောက် ရောင်ခြည်က ကမ္ဘာ မြေကိုမျက်စပစ်ချိန်၊ အမှောင်ရိပ်က တဖြည်းဖြည်း မျက်လုံးပိတ် အိပ်စက် ရန် ကြိုးစားနေသည်။ လင်း ကြက် တွန်သံနှင့်အတူ အရုဏ်ဦးသည် လောကကြီးပေါ် ခြေချလာသည်။ ကျေးငှက်သာရကာတို့ အစာရှာ ထွက်ရန် အချင်းချင်းလက် တို့သတိ ပေးသံများက နားဝင်ချို စရာတေး သီချင်းတစ်ပုဒ်လို။ တစ်ခါတစ်ရံ လေပြေညင်းက ငွေနှင်းတို့နှင့်အတူ ချမ်းအေးမှုကို သယ်ဆောင်လာ သည်။ တစ်ဖောက်ဖောက်ကျနေ သော ငွေနှင်းပေါက်တို့က ငှက် ကလေးများ တေးသီသံကို စည်းဝါး လိုက်ပေးသည့်အလား။ နှစ်ခြိုက်စွာအိပ်မောကျနေ သော ရပ်ကွက်လေးသည် အသက် ဝင်နိုးထလာပြီး တစ်နေ့တာ ကန့်လန့် ကာကို ဆွဲဖွင့်လိုက်သည်။ အိမ် ပြတင်းပေါက်တစ်ချပ် ပွင့်ဟလာ ဆင် လေပြေညင်းတစ်ချို့ ဇွတ်တိုးဝင် သွားသည်။ မကြာမီရပ်ကွက် လမ်းမ ပေါ် ပုရွက်ဆိတ်အုံတုတ်နှင့် ထိုး လိုက်သလို လူများထွက်လာကြ သည်။ သူတို့အားလုံး ကိုယ့်ရည်မှန်း ချက်နှင့် ကိုယ်လိုရာ ခရီးသွားလာ နေကြခြင်းပင်။  “အမလေး၊ င့ါအပင်တွေ ကုန်ပါပြီ။ မိုးတောင်မလင်းသေးဘူး။ ငါ့အိမ်ထဲလာပြီး ယက်နေကြတယ်” ဒေါ်မြမေ၏ စူးစူးဝါးဝါးအော် သံကြောင့် ရပ်ကွက်ထဲက မီးလန့်သံ ချောင်း ခေါက်လိုက်သလို။ လမ်းသွား လမ်းလာ တချို့အသံလာရာဆီသို့ လှမ်းကြည့်ကြသည်။ သူတို့မျက်လုံး ထဲတွင် ဘာဖြစ်တာလဲဟူသော စူးစမ်းချင်စိတ်အရိပ်အငွေ့တို့ လွှမ်း မိုးလျက်။ “ကြက်ပိုင်ရှင်တွေ၊ ကိုယ့်ကြက် ကိုယ်နိုင်အောင် ထိန်းကြပါဦး။ မထိန်းနိုင်ဘူးဆိုရင်လည်း ကြိုကြို တင်တင် ပြော။ ဟင်းအိုးထဲထည့်ပြီး ထိန်းပေး မယ်” နောက်ဆက်တွဲစကားသံ ကြောင့် လူတချို့ သဘောပေါက်ပြီး ကိုယ့်လမ်းကိုယ် ဆက်သွားကြသည်။ လူတချို့သာ စိုးရိမ်စိတ်နှင့် မသိမ သာ အကဲခတ်ကျန်ရစ်ကြသည်။ ဒေါ်မြမေပါးစပ်က တတွတ်တွတ် ပြောသလို၊ လက်ကလည်းတုတ် တစ်ချောင်းနှင့် ကြက်များကို ခြံပြင် ရောက်အောင် မောင်းထုတ်နေသည်။ ထိုအချိန် ဒေါ်မြမေခြံနှင့် ကပ်လျက် ခြံမှ လူတစ်ဦးထွက်လာသည်။  “ဘာပြောတယ်။ ဟင်းအိုးထဲ ထည့်ရဲထည့်ကြည့်။ အကြောင်း သိမယ်” “အေး၊ ပြောမရရင်တော့ ထည့် သင့်ထည့်ရမှာပဲ။ ဘယ့်နှယ်တော်၊  ကိုယ့်ကြက်ကိုယ်နိုင်အောင် မထိန်းဘဲ။ နေ့တိုင်းနေ့တိုင်း ပင်ပင် ပန်းပန်း စိုက်ထားတဲ့ပန်းပင်တွေကို မှ လာယက်နေတာ မမြင်ဘူးလား” “တိရစ္ဆာန်ပဲဗျာ။ လူလိုဘယ်သိ ပါ့မလဲ” “အေး၊ အဲဒါကြောင့် လူလိုသိတဲ့ သူတွေကို ပြောနေတာပဲ” “ခင်ဗျားစကားပြောတာ လွန် လာပြီ” “ငါတို့က မှန်တာပြောတာ။ အပိုတစ်ခုမှ မပြောဘူး” ဒေါ်မြမေစကားသံက မြဦးနား ထဲ မိုးကြိုးပစ် လိုက်သလို။ တစ်ကိုယ် လုံး အသား တစ်ဆတ်ဆတ်တုန်လာ ပြီး ဒေါသနှင့် အပြန်အလှန် ပြောကြ ဆိုကြသည်။ တစ်ဖက်နှင့်တစ်ဖက် အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နှင့် ယှဉ်ပြိုင်လိုက်ရာ နောက်ဆုံး ရပ်ကွက် ရုံးသို့ ရောက်သွားသည်။        ‘    ‘    ‘ “ကျွီ” “ဝုန်း ချလွမ်း” “ဟာ တိုက်မိပြီ” လမ်းမပေါ်၌ အသံပေါင်းစုံ ထွက်ပေါ်လာပြီး၊ လူများပြည့်နှက် သွားသည်။ လမ်းမအလယ်၌ ဆိုင်ကယ်တစ်စီးနှင့် လူတစ်ယောက် လဲနေသည်။ ဆိုင်ကယ်မှာ စက်မ သတ်ရသေးသဖြင့် နောက်ဘီးက လေထဲလည်နေသည်။ သူနှင့်နှစ်လံ ခန့်အကွာတွင် လူတစ်ယောက် မှောက်လျက်လဲနေသည်။ အနီးအ နားမှ မနေနိုင်သူတချို့က ဆိုင်ကယ် သမားနှင့် လဲနေသောသူကို ထူပေး သည်။ ဆိုင်ကယ်သမားလက်မောင်း နှင့် ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာ ရသွားပြီး လဲနေသူမှာ ခေါင်းပေါက် သွားသည်။  “ဆိုင်ကယ်သမားက တအား မောင်းတော့ တိုက်မိတာပေါ့” “သူ့လမ်းသူ မောင်းတာပဲ။ သူ မှားတာမဟုတ်ဘူး။ လမ်းဖြတ်ကူးသူ မှားတာ” “ဘာပဲဖြစ်ဖြစ် ခြေကျင် လျှောက် သူကို ဦးစားပေးရမှာ မဟုတ်လား” “လူတွေကလည်း ဆိုင်ကယ် ပေါ်ရောက်တာနဲ့ လေယာဉ်ပေါ်မှတ် သလားမသိဘူး။ မောင်းလိုက်ကြတာ ဝူးခနဲ ဝူးခနဲ။ ကျုပ်တောင်ဟိုနေ့က ကံကောင်းလို့ အတိုက်မခံရတာ” “ဟေ့ ယာဉ်ထိန်းရဲမလာခင် ပြီးအောင်အမြန်ရှင်းကြ။ တော်ကြာ ပြဿနာတွေ ပိုရှုပ်လိမ့်မယ်” ဆိုင်ကယ်အတိုက်ခံရသူက ခေါင်းကိုလက်နှင်အုပ်ပြီး တကျွတ် ကျွတ်အော်ညည်းလျက် လမ်းဘေး ပလက်ဖောင်းပေါ် ထိုင်ချလိုက် သည်။ ဆိုင်ကယ်သမားက ဆိုင်ကယ် ကို လမ်းဘေးသို့ တွန်းရင်း ဒေါသတ ကြီး အော်ဟစ်ပြောဆိုနေသည်။ ပတ်ဝန်းကျင်မှ လူအုပ်ကြီးကား တစ်ယောက်တစ်ပေါက်ပြောရင်း ပွဲကြီးပွဲကောင်းအလား ဝိုင်းကြည့်နေ သည်။  “ခင်ဗျားကဘာဖြစ်လို့ မကြည့် ဘဲ လမ်းဖြတ်ကူးတာလဲ” “ခင်ဗျားကရော ဘာဖြစ်လို့ ဆိုင်ကယ်ကို အရမ်းမောင်းလာတာ လဲ” “ဟ ငါ့လမ်းငါမောင်းတာ။ ဘယ်လိုမောင်းမောင်းပေါ့” “ဒီနေရာကလမ်းဆုံနေရာ။ ဆိုင်ကယ်အရှိန်လျှော့ရမယ် ဆိုတာ မသိဘူးလား။ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း နားမလည်ဘူးလား”  “ဟာ ခင်ဗျား” “ဟေ့ ဘဦး၊ ဘာဖြစ်နေတာလဲ” “မြင်တဲ့အတိုင်းပဲ အစ်ကိုရာ။ စည်းမရှိ၊ ကမ်းမရှိလမ်းဖြတ်ကူး တော့ တိုက်မိတာပေါ့” “ကဲ ဖြစ်ပြီးမှတော့ အပြစ်ပြော မနေနဲ့။ အဆင်ပြေအောင်သာ လုပ် ပေးလိုက်။ တော်ကြာ ရုံးရောက်၊ ဂတ်ရောက်နဲ့ အလုပ်တွေရှုပ် တယ်”  “အေးဗျာ၊ အကုသိုလ် ဝင်ချင်တော့လည်း ဒီအတိုင်း ပဲ”   လူအုပ်ကြီးထဲက တစ် ယောက်ထွက်လာပြီး ဘဦးအား ဖျောင်းဖျ ပြော ဆိုသည်။ ထိုလူစကား ကြောင့် ဘဦးလည်း ဘာမှ ပြန်မပြော တော့ဘဲ ဆိုင်ကယ် အတိုက်ခံရသူကို တင်ပြီး ဆေးခန်း သို့ခေါ်သွားသည်။ ဆေးခန်းပြပြီး သောအခါ ဘေးလွယ်အိတ် ထဲက တစ်ထောင်တန် တစ်ထပ်ထုတ်ယူ လိုက်ပြီး ကျေအေးလိုက်သည်။

‘    ”ဟိုင်းကြီးတွင်နေထိုင်သော အစ်ကိုဖြစ်သူ နေမကောင်းဖြစ် ကြောင်း လူကြုံ သတင်းရရှိသည်။ သတင်းကြားကြားချင်း အချိန်မဆိုင်း ဘဲ ခရီးထွက်ရန် ပြင်ဆင်ရသည်။ ဟိုင်းကြီးသို့ မနက်စောကြီးထွက် သော သင်္ဘောနှင့် လိုက်နိုင်ရန် စီစဉ် သည်။  ကိုမောင်တွင် အရင်းနှီးဆုံး မိသားစု ဟူ၍ အစ်ကိုတစ်ယောက် သာ ကျန်ရှိသည်။ မိဘများမှာ ကို မောင်ငယ်စဉ်ကပင် ဆုံးပါးသွား၍ အစ်ကိုဖြစ်သူက လူလားမြောက် သည်အထိ ကျွေးမွေးပြုစု စောင့် ရှောက်ခဲ့သည်။  ကိုမောင်သည် ပုသိမ်သို့ ကျောင်း လာတက်ရင်း အိမ်ထောင်ကျပြီး ပုသိမ်သားဖြစ်နေသည်။ အစ်ကိုမှာ ဟိုင်းကြီး၌ မိဘလက်ငုပ်လက် ရင်း လယ်ယာ လုပ်ငန်းလုပ်ကာ ကျန်ရစ်ခဲ့ သည်။ အစ်ကို အသည်း အသန်ဖြစ် နေသည်မို့ လစ်လျူရှု၍ မဖြစ်နိုင်။ အားလုံးပြင်ဆင်ပြီးသည်နှင့် အိပ် ရာစောစောဝင်ပြီး နံနက် အစောကြီး ထလိုက်သည်။  “မိန်းမရေ၊ အစ်ကိုသင်္ဘော ဆိပ်ဆင်းတော့မယ်။ မင်းတို့သားအမိ တွေ စိတ်ချမယ်နော်” “စိတ်ချပါ အစ်ကိုရယ်။ ကျွန်မ တို့ သားအမိ အတွက် ဘာမှပူနဲ့။ အစ်ကိုသာ ခေါင်းကအနာမကျက် သေးပဲ” “င့ါခေါင်းကအနာက မသေ လောက်ပါဘူး။ ဟိုမှာအစ်ကို သေ ကောင်ပေါင်းလဲဖြစ်နေတာ။ မင်း လည်း အသိသားပဲ” “ကျွန်မကလည်း မသွားနဲ့လို့ မတားပါဘူး။ ခေါင်းကအနာကို လည်း ဂရုစိုက်ဖို့ ပြောတာပါ” “အေးပါကွာ၊ ငါသွားပြီ” ဇနီးသည်အား နှုတ်ဆက်ပြီး ခရီးဆောင်အိတ် ဆွဲကာ သင်္ဘောဆိပ် သို့ တစ်ယောက်တည်း ဆင်းလာ သည်။ နံနက် ၃ နာရီခန့်ဖြစ်၍ လမ်း ပေါ်တွင် လူသွားလူလာမရှိ။ ဝါကျင့် ကျင့်လမ်းမီးရောင်များက ညဥ့် အမှောင်ကို အစွမ်းကုန် တွန်းလှန် နေသလို။ ကိုမောင်လည်း ကိုယ့် အတွေးနှင့်ကိုယ် ခေါင်းငိုက်စိုက်ချ ကာ လှမ်းလာခဲ့သည်။ ထိုစဉ် မျက် လုံးထဲ၌ အရိပ်တစ်ခု ဖြတ်ပြေးသွား သည်ကို မြင်လိုက်ရသည်။ ပတ်ဝန်း ကျင်ကြည့်လိုက်သော တစ်ယောက်မျှ မရှိ။ တစ်ယောက် တည်းမို့ စိတ်ထဲမှာ ချောက်ချားပြီး ဆက်လျှောက်လာ သည်။ ဘေးနားက ချွတ်ချွတ်ကြား၍ လှမ်းကြည့်လိုက်မှ ခွေးတစ်ကောင် မှန်းသိပြီး အကြောက်ပြေသွားသည်။

ကမ်းနားလမ်းအတိုင်း ဆက် လျှောက်ရင်း သင်္ဘောဆိပ်မှ မီး ရောင်များကို လှမ်းမြင်လိုက်ရ၍ ဝမ်း သာသွားသည်။ ဝမ်းထဲ၌ ဟာတာရှိ သော်လည်း နေရာ မရမည် စိုးသဖြင့် သင်္ဘောထဲ တိုက်ရိုက် ဆင်းလိုက် သည်။ သဘောင်္စက်ခန်းဘေး ကွက် လပ်၌ နေရာချပြီး ခေါင်းရွက် ဈေး သည်ထံက ကောက်ညှင်းပေါင်း တစ် ထုပ် ဝယ်စားလိုက်သည်။ ဗိုက်ပြည့် သွားသဖြင့် ဆိပ်ခံတံတားပေါ်က ဈေးသည်များဘဝကို ကြည့်ရှုခံစား ရင်း သင်္ဘောထွက်မည့်အချိန်ကို စောင့်နေမိသည်။ ”ပုသိမ်ဟိုင်းကြီးထွက်သော သင်္ဘောလေးသည် ရေလွှာပြင်ပေါ် ရှပ်တိုက်ပြေးတိုင်း ရေလှိုင်းလေးများ ဘေးနှစ်ဖက်သို့ ဖြာထွက်သွားသည်။ အအေးဓာတ် နှင့် ပြေးဝင်လာသည့် လေညင်း တချို့က သင်္ဘောပေါ်မှ လူအများကို ကျီစားနေသလို။ သင်္ဘောပေါ်တွင် တချို့သည် စကား ဝိုင်းဖွဲ့ပြောလျက်။ တချို့သည် အိပ် ရေးပျက်၍ အိပ်လျက်။ တချို့သည် အသင့် ယူလာသော အစားအသောက် များစားလျက်။ တချို့သည် ရေပြင်ကို ငေးကြည့်ရင်း အတွေး နယ်ချဲ့လျက်။  “ဂျိမ်း ဝုန်း ဒရုန်း” “ဘာဖြစ်တာလဲဟေ့” “ရေလယ်က စီဘီကို သင်္ဘော ဝင်တိုက်မိပြီ” “ဟာ ဒုက္ခပါပဲ။ လုပ်ကြပါဦး” “သင်္ဘော တိုက်တယ်၊ ဟုတ်လား၊ လုပ်ကြပါဦး”

ကြောက်မက်ဖွယ် အသံကြီးနှင့် အတူ သင်္ဘောတစ်စီးလုံး တုန်ခါ သွားသည်။ တိတ်ဆိတ် ငြိမ်သက်မှုကို ဖြိုခွဲလိုက်သော ငိုသံ၊ အော်သံများ သာ သင်္ဘော တစ်စီးလုံး ဖုံးလွှမ်းနေ သည်။ တရုန်းရုန်း၊ တဝုန်းဝုန်းနှင့် ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်။ မကြာမီ သင်္ဘောကြီး နစ်မြှပ်တော့ မည်ကို ကြိုတင်ရိပ်မိပြီး သွေးရူး သွေးတန်း ပြေးလွှားနေသည်။ သည် အချိန်တွင် သူများအတွက်ထက် ကိုယ့် အသက် မသေရေးအတွက်သာ လူ တိုင်းရင်ထဲရှိသည်။

ကိုမောင်လည်း ခရီးဆောင် အိတ် အပေါ် မြတ်နိုး တွယ်တာနိုင်ခြင်း မရှိ။ အရေးကြီး ပစ္စည်း တချို့ကို ရင်ဘတ်ထဲ ထည့်ပြီး အနီးရှိဘော ကွင်း ယူကာ ရေထဲခုန်ဆင်းလိုက် သည်။ ခန္ဓာကိုယ်နှင့် ရေပြင်ထိ တွေ့လိုက်၍ စိမ့်ခနဲ ဖြစ်သွားသော် လည်း အလွမ်း မသယ်နိုင်။ အသက် ဘေးမှ လွတ်မြောက်ရေးသာ ခေါင်း ထဲရှိသည်။ အရုဏ်လာ နေသော် လည်း ညဥ့်အမှောင်ကို လုံးဝပယ် ဖျောက်နိုင်ခြင်း မရှိသေး။ ပတ်ဝန်း ကျင် တစ်ခုလုံး ရေသံ၊ လှိုင်းသံ၊ အော်သံ များနှင့်သာ ဆူညံနေသည်။

ထိုအချိန် ကိုမောင်ကိုင်ထား သော ဘောကွင်းအား လက်တစ်ဖက် ကမ်းလာသည်။ ကမ်းလာသည့်လက် ကို ကာကွယ်ရန် ပြင်ဆင်လိုက်သော် လည်း ဒုက္ခသည် အချင်းချင်းစာနာ စိတ်ဖြင့် မလုပ်ရက်။ နှစ်ယောက် အလေးချိန်ကြောင့် ဘောကွင်းလေး မှာ ရေထဲပိုနစ်သွားသည်။ နောက် ထပ် လက်တစ်ဖက်က လှမ်းလာပြန် သည်။ သည်တစ်ခါ သည်းမခံနိုင် တော့ပါ။ ဘောကွင်း တစ်ကွင်းတည်း လူသုံးယောက် ဆိုလျှင် အသက်ရှင်ရန် လမ်းမမြင်။ ထို့ကြောင့် တိုင်ပင်မထား ဘဲ နှစ်ယောက်သား လွတ်ရာသို့ ယက်ရှောင် လိုက်သည်။ သို့သော် လက်တစ်ဖက်က ဘောကွင်းကို တင်း တင်းကြပ်ကြပ် ဆုပ်ကိုင်မိသွားသည်။

ဘောကွင်းတစ်ခုတည်း လူသုံး ယောက် အိပဲ့အိပဲ့နှင့် ရေစီးအတိုင်း မျောပါနေသည်။ ရေအေးဒဏ် ကြောင့် တုန်နေသော ကိုမောင်မှာ ဘာစကားမှ မပြောနိုင်ရှာ။ ကျန်နှစ် ယောက်လည်း ဘာတစ်ခွန်း မှ မပြောဘဲ ကိုယ့်အတွေးနှင့်ကိုယ် တွေးနေကြသည်။ ထိုစဉ်ဘယ်အရပ် မှ မသိသော အလင်းရောင် ဖျတ်ခနဲ ဘောပေါ်ဖြတ်သွားသည်။ ထိုအလင်း ရောင်ဖြင့် တစ်ယောက် မျက်နှာ တစ် ယောက် သဲသဲကွဲကွဲ မြင်လိုက်ရသည်။  “ဟင် ဘဦးမဟုတ်လား” “ဟုတ်တယ်။ ခင်ဗျားနဲ့ ရပ် ကွက်ရုံး ရောက်ခဲ့တဲ့ ဘဦးပဲ” “ဟင် ခင်ဗျား၊ ကျွန်တော့်ကို ဆိုင်ကယ်နဲ့ တိုက်ခဲ့သူပဲ” “အား ခင်ဗျားက ဘယ်လိုလုပ်” “ကျွန်တော့်အစ်ကို နေမကောင်း လို့ သွားကြည့်ရင်း ခုလို ကြုံရတာပဲ” “ငါလည်းသမီးလေးက အလည် လာပါဦး ပြောလို့ ထွက်လာတာ။ အခုတော့” “ကျွန်တော်က ရစရာအကြွေး လေးတွေ သွားတောင်းမလို့။ ခင်ဗျား ခေါင်းကဒဏ်ရာလည်း မပျောက် သေးဘဲနဲ့” “ဟုတ်တယ်၊ မပျောက်သေး ဘူး။ ကျွန်တော်တို့ချိန်းထားရင် တောင် ဒီလိုအတူတူ လာဆုံမှာ မဟုတ်ဘူး” “ဟုတ်ပါ့ဗျား” ကိုမောင်က ဆန်းကြယ်သော ကံတရား အပေါ် အံ့သြနေသည်။ ဘောတစ်ခုတည်း လူသုံးယောက် ခိုထားသည့် အပြင် ဒေါ်မြမေလည် ပင်း၌ ဆွဲထားသောအိတ်ကြီးက လူတစ်ယောက်စာ ပိုလေးနေသည်။ သင်္ဘောမြုပ်ရာ အရပ်နှင့် ဝေးကွာစွာ စီးသွားသော်လည်း ကမ်းသို့ ကပ်နိုင် ခြင်းမရှိ။ အလင်းရောင်လည်း ကောင်းစွာ မပေါ်သေး။ “ဒေါ်မြမေ၊ ခင်ဗျားလည်ပင်းက အိတ်ကြီး ဖြုတ်ချလိုက်ပါ။ အခုချိန် မှာ အသက်ရှင်ဖို့ပဲ အဓိကပဲ” “ဟုတ်တယ်၊ ပစ္စည်းဆိုတာ အသက်ရှင်နေသေးသရွေ့ ဘယ်အ ချိန်ရှာ ရှာရတယ်။ အဲဒီအိတ်ကြီးက လူတစ်ယောက်စာလေးနေတယ်” “အမလေး၊ ဒီအိတ်ကြီးဖြုတ်ချ လို့ မဖြစ်ပါဘူး။ ကျုပ်တစ်သက်လုံး မစားရက်၊ မသောက်ရက် စုဆောင်း လာတာ” “ခင်ဗျားတစ်ယောက်တည်း အတွက် အားလုံးဒုက္ခရောက်အောင် မလုပ်ပါနဲ့၊ ဖြုတ်ချလိုက်ပါ” “မဖြုတ်ဘူး၊ မဖြုတ်ဘူး၊ ဘယ် တော့မှ မဖြုတ်ဘူး” ဒေါ်မြမေက လည်ပင်းကအိတ် ကြီးဖြုတ်ချရန် အပြင်းအထန် ငြင်း ဆန်နေသည်။ ထိုအိတ်ကြီးမှာ အချိန် ကြာလာသည်နှင့် ပိုမိုလေးလံလာပြီး သုံးယောက်လုံး နစ်မြှပ်သွားမည်ကို ဘဦးနှင့်ကိုမောင်တို့ စိုးရိမ်သည်။ နှာခေါင်းလေးပေါ်ရုံ အသက်ရှူနေရ သော ဘဦးနှင့်ကိုမောင် ဘာလုပ်ရ မည်ကို နားလည်သွားဟန်ရှိသည်။ ဘဦးက ကိုမောင်နားအနီး တိုးတိုး လေးကပ်ပြောလိုက်သည့်အတိုင်း လုပ်ရန်ဆုံးဖြတ်လိုက်သည်။  “ဘုန်း” “အမလေး၊ ဝါး” ဘဦးနှင့်ကိုမောင်တို့နှစ်ယောက် ဒေါ်မြမေလက်ကို အားကုန် ရိုက်လိုက် သည့်အပြင် ခြေထောက်နှင့်လည်း ကန်ကျောက်လိုက်သည်။ အားခနဲ ဝူးဝူးဝါးဝါး အော်သံနှင့်အတူ ဘော ကွင်းမှ ဒေါ်မြမေ လွတ်သွားသည်။ အိတ်ကြီး လွယ်လျက် ရေထဲယက်ကန် ယက်ကန် အော်ဟစ်ရင်း စုံးစုံးမြုပ် သွားသည်။ ဘဦးတို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ပြုံးလိုက်ကြသည်။
ဘဦးစိတ်ထဲ အလင်းရောင် လာတာနှေးသည်ဟု ထင်မိသည်။ အလင်းကောင်းစွာရ၍ ရေထဲမျော နေသော သူတို့အား တစ်စုံတစ်ဦး တွေ့မြင်သွားလျှင် အသက်ဘေးမှ လွတ်မြောက်နိုင်ကြောင်း ကောင်း ကောင်းသိသည်။ ရေထဲကြာရှည်စွာ နေရသဖြင့် တစ်ကိုယ်လုံးချမ်းတုန် နေသော်လည်း ရွေးချယ်စရာမရှိ။ အောင့်အည်းသည်းခံနေရသည်။
ကိုမောင်ကို လှမ်းကြည့်ရင်း တစ်ယောက်တည်းဘော၌ရှိနေလျက် အသက် မသေနိုင်ဘူးဆိုပြီး စဉ်းစားမိ ပြန်သည်။ ကိုမောင်ကလည်း ကိုဘဦး ကို မြင်လိုက်သည်နှင့် ဆိုင်ကယ်တိုက် သော အဖြစ်အပျက် ခေါင်းထဲရောက် လာသည်။ ထိုအချိန်က ရင့်ရင့်သီးသီး ပြောဆိုခဲ့သော စကားများကို ကြား ယောင်ပြီး ကလဲ့စားချေလိုစိတ်များ တဖွားဖွားပေါ်လာသည်။  “ဝုန်း” “အောင်မလေး” “အား” အကြံဦးသော ကိုမောင်ကြောင့် ဘောကွင်းကိုင်ထားသည့် ဘဦး လက်အစုံလွှတ်သွားသည်။ မျက်နှာ ကြီးရှုမဲ့ ညည်းတွားရင်း ရေထဲမြုပ် ချည်ပေါ်ချည်နှင့်။ ထိုအဖြစ် အပျက် ကို ကြည့်ပြီး ဝမ်းသာနေသူက ကိုမောင်။ ရင်ထဲက အကျိတ်ကို ဖြေ လိုက်ရသဖြင့် ကျေနပ်စွာ ပြုံးနေ သည်။ ဘဦး အကြံ အကောင်အထည် မဖော်မီ ကိုမောင်က သူ့အကြံအတိုင်း ဘဦးပေါင်ကြားကို အားကုန် ကန်ရင်း မျက်နှာကို လက်ပြန်ရိုက် လိုက်ခြင်း ဖြစ်သည်။
ဘဦးတစ်ယောက်ရေပေါ်သို့ နှစ်ကြိမ်ခန့်ပြန်ပေါ်လာပြီး၊ ပြန်မြုပ် သွားသည်။ အောင်ပွဲရသော စစ်သူ ကြီးပမာ ပြုံးနေသော ကိုမောင် မျက်နှာတစ်ချက် ပျက်သွားသည်။ သူ့ခြေထောက်အား ရေအောက်မှ တစ်စုံတစ်ရာ ဖမ်းဆွဲထားသလို ခံစား ရသည်။ ကြောက်အား လန့်အားနှင့် ခြေထောက်ကိုလှုပ်ရမ်းသော်လည်း ထိုအရာက ဖယ်မသွား။ ဘောကွင်း ကို ကိုင်ထားသော ခန္ဓာကိုယ်မှာ ရေ အောက်သို့ တဖြည်းဖြည်း ဆွဲခေါ် သွားခြင်း ခံရသည်။ သူ့ခေါင်းထဲတွင် သူ့ခြေထောက်အား ကြောက်အား၊ လန့် အား လှမ်းဆွဲထားသော ဘဦး၏ မျက်နှာမြင်ယောင်လာသည်။ သို့သော် သူ့အတွက် နောင်တရခွင့် မရှိအောင် အသိနောက်ကျခဲ့သည်။

မိုးစင်စင်လင်း၍ မြစ်ကြောင်း တစ်လျှောက် လင်းထိန်သွားသည်။ မြစ်ထဲ၌ တရွေ့ရွေ့ မျောပါနေသော ဒိုက်သရောများနှင့်အတူ ဘောကွင်း လေးတစ်ခု။ အပူအပင်ကင်းစွာ မျော ပါနေတော့သည်။

သက်ဝေမှူး (မြဝတီ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*