နတ်မျက်စိ၏ မှတ်စုများ – ၁၉

နတ်မျက်စိ၏ မှတ်စုများ – ၁၉
September 21, 2017 Leanne Win
နတ်မျက်စိ၏ မှတ်စုများ – ၁၉

တစ်နေ့ သောအခါ လောက အရေး ကို လောက အတွေးဖြင့်သာ ရှုမြင်ဆင်ခြင်လေ့ ရှိသော လောကပါလနတ်မင်းကြီး တစ်ပါးသည် သူ၏ ကိုယ်ရေးအရာရှိ လည်းဖြစ်၊ ကွင်းဆင်းထောက်လှမ်း ရေးသမား Field – Agent လည်း ဖြစ်သော နတ်မျက်စိ ကို အရေးပေါ် ဆင့်ခေါ် လိုက်လေသည်။တစ်နေ့ သောအခါ လောက အရေး ကို လောက အတွေးဖြင့်သာ ရှုမြင်ဆင်ခြင်လေ့ ရှိသော လောကပါလနတ်မင်းကြီး တစ်ပါးသည် သူ၏ ကိုယ်ရေးအရာရှိ လည်းဖြစ်၊ ကွင်းဆင်းထောက်လှမ်း ရေးသမား Field – Agent လည်း ဖြစ်သော နတ်မျက်စိ ကို အရေးပေါ် ဆင့်ခေါ် လိုက်လေသည်။

“အို… အချင်း ဒိဗ္ဗစက္ခု။ နိုင်ငံတစ်နိုင်ငံကို မည်သို့သော ဝိပ တ္တိ အဖျက်တရားများက ပျက်သုဉ်း ခြင်းသို့ ဆိုက်ရောက်စေနိုင်သနည်း။ တိတိကျကျ ဖြေဆိုလျှောက်ထား လေလော့…” ထိုအခါ နတ်မျက်စိက မဆိုင်း မတွပင်… ” ကပ်ကြီးသုံးပါးဆိုက်ရင် အဲ သည့်နိုင်ငံ အြ<ွကင်းမဲ့ ပျက်သုဉ်းခြင်း သို့ ဆိုက်ရောက် ကြောင်းပါဖျား” ဟု သွက်လက်ပေါ့ပါးစွာ ဖြေလိုက်ရာ နတ်မင်းကြီးက ကျေနပ်အားရဟန် မပြဘဲ မျက်နှာထား သုန်မှုန်တင်းမာ သွား၏။ “ဒါတော့ နင်ပြောမှလား။ မူကြို ကလေးတွေတောင်သိတယ်။ ငါဆိုလို တာက နိုင်ငံတစ်နိုင်ငံဟာ နာတာ ရှည်ရောဂါသည်ကြီးလို တရိရိ တမြည့်မြည့်နဲ့ ယိမ်းယိုင်ချိနဲ့ရာက မဟန်နိုင်တော့ဘဲ ဗုန်းဗုန်းလဲရတဲ့ Field – Agent အခြေအနေကို ပြောတာ။ အဲလိုဖြစ်အောင် ဘယ်အ ရာက ဖန်တီးနိုင်သတုန်း” နတ်မျက်စိသည် အဖြေရှာ မရဘဲ ခေါင်းကုတ်ချင်သော်လည်း မကိုဋ်ကြီးက တင်းထား၍ ခေါင်း ကုတ်ရန် ခက်နေရှာသည်။ နတ်မျက် စိ၏ အကျပ်အတည်းကို နတ်မင်းကြီး က ရိပ်မိသည်။

“ကဲ… ခေါင်းလဲမကုတ်ချင် နဲ့။ ဖင်လည်းမကုတ်ချင်နဲ့တော့။ ငါကိုယ်တိုင် ငါ့မေးခွန်းအတွက် အ ဖြေပေးမယ်။ နိုင်ငံတစ်နိုင်ငံကို ပျက်စီးစေတဲ့ အကြောင်းထဲမှာ နိုင်ငံဝန်ထမ်းတွေ ကြားထဲမယ် အဂ တိလိုက်စားခြင်း၊ အကျင့်ပျက် အကျင့်ဆိုးတွေ ထွန်းကားခြင်းပဲ လကွယ့်။ တိုတိုပြောရရင် ခြများတဲ့ နိုင်ငံဟာ လုံးပါးပါးတော့တာပဲ။ ခြဆိုတာ ကိုယ်မှီတင်းနေထိုင်တဲ့ နေရာကို ကိုယ်ကိုယ်တိုင် ဖဲ့စားဖြစ် တာပဲ မဟုတ်လား။ အဲတော့ လျော့ ပါးဆုတ်ယုတ် ပဲ့ရွဲ့ပျက်စီး သွားတာ ပေါ့လကွယ်။ ဒါကြောင့် ကုလားဖြူလို ဃသမမကစအ လို သုံးကြတာ။ အဓိပ္ပာယ် က သန့်ရှင်းစင်ကြယ်မှုကို ဖျက်စီး ခြင်းတဲ့”

” မင်းကြီးများကလည်း လာဘ် ပေးလာဘ်ယူ လုပ်တယ်ဆိုရင် ပိုပြီး နားလည်ရ လွယ်သပေါ့” ဟု နတ် မျက်စိက အရဲစွန့်၍ စကားထောက် လိုက်သည်။ ” ငါက တရားဝင်ရုံးသုံး စကား နဲ့ ပြောလိုက်ဦးမကွယ့်။ အဂတိ လိုက်စားမှု ကင်းရှင်းရေး မရှိမဖြစ် လိုအပ်နေတဲ့ ငါတို့ရဲ့ အစောင့်အ ရှောက်ခံ မြန်မာနိုင်ငံကို အချင်း နတ်မျက်စိ အဆောတလျင်သွားပြီး ခြစားမှု (အဲလေ ယောင်လို့’ အဂတိ လိုက်စားမှု အကြီးစားများကို စုံထောက် လေ့လာမှတ်သားခဲ့ လော။ ပြီးလျှင်ငါ့အထံသို့ ပြည့်စုံစွာ အစီရင်ခံလော…”

” လက်ဖက်ရည်ဖိုး မပါရင် အလုပ် မဖြစ်” “ဟိတ်… လျှာမရှည်နဲ့။ ငါ ခိုင်းတာ ချက်ချင်းလုပ်တော့” နတ်မင်းကြီးက ဟိန်းဟောက် သဖြင့် ကျွန်ုပ်တို့ နတ်မျက်စိမှာ ရို့ရို့၊ ကုပ်ကုပ်ကလေး ထွက်လာရှာလေ၏။ “အင်း… နတ်မင်းကြီးက တော့ (ငါခိုင်းတာ ချက်ချင်းလုပ်)တဲ့။ ခိုင်းတယ်ဆိုတာ တကယ်တော့ တာ ဝန်ပေးတာပဲ။ တာဝန်ပေးရင် တာ ဝန်ယူရမယ်။ နောက်ပြီး တာဝန်ခံ ရမယ်။ တာဝန်ယူတာ တာဝန်ခံတာ ဆိုတာ လူ့လောကမှာ အလွန်ခေတ် စားတဲ့ စကားပဲ။ ဒီစကားကို ငရို့ နတ်တွေနဲ့လည်း ပတ်သက်လာပြီကိုး” ဟု တွေးကာ နတ်မျက်စိသည် သူသံ ယောဇဉ်ကြီးလှသော ရွှေမြန်မာ နိုင်ငံသို့ ရှုစားစူးစမ်း လိုက်၏။ ” ဟော… ကြည့်လိုက်တာနဲ့ တန်းတွေ့တော့တာပဲ” စီးပွားရေး လုပ်ငန်း အာဏာပိုင်ကြီး တစ်ဦးထံ စီးပွားရေး လုပ်ငန်းရှင်ကလေး တစ် ဦးက ဖောင်းကားနေသော စာအိတ် ကြီး တစ်အိတ်ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးအပ်လိုက်သည်။

“ဂါရဝေါစ နိဝါတောစ ဆိုတဲ့ မင်္ဂလာတရားတော် အတိုင်း ကျွန် တော်ဂါရဝ ပြုတာကလေးကို လက်ခံ ပေးပါ ဆရာ” ဟု လုပ်ငန်းရှင် က လေးက မျက်နှာချိုသွေး၍ ပြောနေ သည်။ အာဏာပိုင်ကြီးက မပြုံးမရယ် ခပ်တည်တည် မျက်နှာထားဖြင့်… ” လက်ခံပေးရတာပ။ လက်ခံ ပေးရတာပ” ဟုပြောသည်။ “ကျွန်တော့် ကိစ္စကလေးလည်း တစ်ဆိတ်လောက်”

“တစ်ဆိတ်တွေ နှစ်ဆိတ်တွေ လုပ်မနေနဲ့။ လက်ဆောင်ပေးရင် တော့ ယူရမှာပဲ ကိုယ့်လူ။ လက် ဆောင်က လက်ဆောင်။ အလုပ်ကိစ္စ က အလုပ်ကိစ္စပဲ။ အလုပ်ကိစ္စက ပရို စီးဂျား အတိုင်းသွားရမှာ။ ကျုပ်ကို လာဘ်ထိုးလို့ မရဘူး။ အလုပ်ကိစ္စ ပြီးစီးစေချင်ရင်တော့ ကျုပ်အထက် လူကြီးကို ကန်တော့ဖို့ လိုသေးတယ်” လုပ်ငန်းရှင်ကလေး နောက် ထပ် စာအိတ်ကြီးတစ်လုံး စားပွဲပေါ် သို့ တင်ပေးလိုက်ပြန်သည်။ “ဆရာ့ အထက်လူကြီး အ တွက်ပါ ခင်ညာ”

” ဟုတ်တော့ ဟုတ်ပြီငါ့လူ။ ဒါနဲ့တော့ မရဘူး။ အထက်လူကြီးရဲ့ အထက်မှာ ဘောဇိရှိသေးတယ်” လုပ်ငန်းရှင်ကလေးက စာအိတ် တစ်လုံး ပေးအပ်ပြန်သည်။ ” ဘောဇိအတွက်ပါ ခင်ည” “မပြီးသေးဘူး။ ဘောဇိရဲ့ အထက်မှာ မာစတာဘောဇိဆိုတာ ရှိသေးသကွ” “ဘာ…”လုပ်ငန်းရှင်ကလေးသည် ထိုင်ရာမှ ဝုန်းခနဲ ထရပ်ကာ စားပွဲပေါ်မှာ သူတင်ထားသမျှ စာအိတ်သုံးအိတ်ကို ဇတ်ခနဲ ကောက်ယူလိုက်သည်။ ပြီးလျှင် စာအိတ်တွေကို ထောင်ပြပြီး..

“.တော်ပြီ။ ဒါ တွေကို မိဘမဲ့ ပရဟိတ ကျောင်းမှာ သွားလှူလိုက် မယ်။ အဲဒီကုသိုလ်ယူရင်း ဒီဘဝမှာ အငတ်ခံမယ်။ နောက်ဘဝကျရင် ကုသိုလ်အကျိုးနဲ့ နတ်ပြည်တက်နေ မယ် ဒါပဲ…” လုပ်ငန်းရှင်ကလေး ဒေါနှင့် မောနှင့် ထွက်သွားသည်ကိုကြည့် ရင်း နတ်မျက်စိသည် မဲ့ပြုံးပြုံးလိုက် ၏။ “တော်တော်ညံ့တဲ့ကောင်ပဲ။ Under Table လုပ်ရမှာကို On The Table သွားလုပ်တာကိုး။ ပေါ် တင်ကြီးလုပ်တော့ ဟိုလူကြီးက  ပညာပေးတော့တာပေါ့” ဟု ရေရွတ် ကာ နတ်မျက်စိသည် မြို့ပြင် တစ် နေရာသို့ ထွက်လာခဲ့သည်။

မြို့ပြင်တိုးချဲ့ ရပ်ကွက်ကလေး အနီးရှိ စည်ပင်သာယာ အဖွဲ့က စီမံ အုပ်ချုပ်သော ဈေးကလေးတစ်ဈေး အနီးတွင် မဖွယ်မရာ မြင်းကွင်း တစ်ခုကို နတ်မျက်စိ တွေ့မြင်လိုက်ရ တော့သည်။ စုတ်စုတ်ပြတ်ပြတ် လူ ကြီးတစ်ယောက်က ၁ဝ နှစ်ရွယ် စုတ်စုတ်ပြတ်ပြတ် ကောင်မလေး တစ်ယောက်ကို လည်ကုပ်မှ ဆွဲမ ထားခြင်းဖြစ်သည်။ ” သေနာ မှင်စာမလေး။ ဒါ.. ငါ့ အပိုင်။ ငါအပိုင်စားရထားတဲ့ နယ်မြေ။ စည်းမရှိ ကမ်းမရှိ ဝင် တောင်းလို့ မရဘူး။ ငါ့ဆီက ပါမစ် ယူရတယ်ဟဲ့။ တစ်နေ့ကို ငါးရာ ပေးရင် ငါက ပါမစ်ပေးတယ်။ နား လည်လား…။ ကိုင်ပေါက်လိုက်လို့ တစ်စစီ ဖြစ်သွားရော့မယ်…” ဟု ကောင်မကလေးက ငယ်သံပါအောင် အော်နေရှာသည်။ နတ်မျက်စိသည် သက်မ ချကာ နတ်မင်းကြီးထံ ပြန်တက်ခဲ့ပြီး အမောတကော လျှောက်တင်လိုက်ပုံ မှာ… “မင်းကြီးဖျား။ လူ့လောကမှာ အဂတိလိုက်စားတာ မရှိပါ။ လာဘ် ပေးလာဘ်ယူလည်း မရှိပါ။Give And Take အပေးအယူ နားလည်မှု အခြေခံကျင့်ဝတ်ကြီးသာ ထွန်းကား နေကြောင်းပါဖျား” ဟူသတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*