ကလေးထိန်း ရှိပေမယ့် ကလေးကို ကိုယ်တိုင်ပဲ အနီးကပ် ပြုစု စောင့်ရှောက်တယ် မျိုးစန္ဒီကျော်

ကလေးထိန်း ရှိပေမယ့် ကလေးကို ကိုယ်တိုင်ပဲ အနီးကပ် ပြုစု စောင့်ရှောက်တယ် မျိုးစန္ဒီကျော်
September 20, 2017 Asian Fame
ကလေးထိန်း ရှိပေမယ့် ကလေးကို ကိုယ်တိုင်ပဲ အနီးကပ် ပြုစု စောင့်ရှောက်တယ် မျိုးစန္ဒီကျော်

သရုပ်ဆောင် မျိုးစန္ဒီကျော်က သမီးလေး Jowel  ကို အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ဂရုစိုက် စောင့်ရှောက် နေတယ်လို့ သိရပါတယ်။ သမီးလေး Jowel  ကို ကိုယ်တိုင် ပြုစုစောင့်ရှောက် ပျိုး ထောင်နေတဲ့ မျိုးစန္ဒီကျော်က သမီး လေးအပေါ် ထားတဲ့ မျှော်လင့်ချက်တွေ ကိုတော့ အခုလို ပြောပြခဲ့ပါ တယ်။သရုပ်ဆောင် မျိုးစန္ဒီကျော်က သမီးလေး Jowel  ကို အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ဂရုစိုက် စောင့်ရှောက် နေတယ်လို့ သိရပါတယ်။ သမီးလေး Jowel  ကို ကိုယ်တိုင် ပြုစုစောင့်ရှောက် ပျိုး ထောင်နေတဲ့ မျိုးစန္ဒီကျော်က သမီး လေးအပေါ် ထားတဲ့ မျှော်လင့်ချက်တွေ ကိုတော့ အခုလို ပြောပြခဲ့ပါ တယ်။

“အခု သမီးအရွယ်က အရမ်း သတိထားရတယ်။ မွေးစကနေ သုံးလေးနှစ် အရွယ်က ဦးနှောက်ဖွံ့ဖြိုး တဲ့ အရွယ် ဆိုတော့ အရမ်း ဂရုစိုက် ရတယ်။ အစ်မကတော့ သမီးလေးကို အစ်မ ကိုယ်တိုင်ပဲ ဂရုစိုက်တယ်။ အစ်မအိမ်မှာ ကလေးထိန်း ကောင်မလေး ရှိတယ်။ ဒါပေမဲ့ အစ်မ ကိုယ်တိုင်က ကလေးကို ထိန်းတယ်။ သူတို့ကို အရန်လောက်ပဲ ထားတယ်။ ကလေး ရေချိုးပေးတာက အစ အစ်မကိုယ်တိုင် လုပ်ပေးတယ်။ အဲဒါ ကြောင့် အစ်မ ဘာအလုပ်မှ မလုပ်ဘဲ ကလေးအနားမှာ ပဲနေဖြစ်တယ်။ အစ်မသမီးက ငယ်ငယ် ကတည်းက ဘာမဆို သူဟာသူ လုပ်ချင်တယ်။ အစ်မက ထမင်းတွေ ဘာတွေကျွေးရင်လည်း သူများတွေ ကပြောတယ်။ ထမင်းကို သူ့ဘာသာသူ စားတတ်အောင် ကျင့်ပေးရတယ် လို့ပြော တယ်။ ကိုယ်က ကျင့်ပေးစရာတောင် မလိုဘူး စားတတ်တယ်။ ဘာမဆို မီးမီးလုပ်မယ် ဆိုပြီး အမြဲ သူ့ဘာ သာသူ ဦးဆောင်တယ်။ အစ်မအဖေ ကတော့ သူ့မြေးကြီးလာရင် ဘယ်နေရာမဆို ဆရာမကြီး ဖြစ်မှာတဲ့။ အဲလိုပြောတယ်။ ဘယ်မိဘ မဆို ကိုယ့်သား သမီးကို အကောင်းဆုံး ဖြစ်ချင်တယ်။  သမီးကိုလည်း ပညာတတ်ကြီး တစ်ယောက် ဖြစ်ချင်တယ်။ ဘာလို့လဲဆို တော့ ပညာတတ်မှ အရာရာကို ခွဲခြားနိုင်မှာပါ” လို့ ပြောပါတယ်။

ကိုယ်တစ်ယောက်တည်း အနုပညာ အလုပ်ကို မလုပ်ဖြစ်တော့ဘဲ သမီးလေး  Jowel  နဲ့အတူ ကြော်ငြာတွေ တွဲရိုက်ကူးဖြစ်နေတဲ့ အကြောင်း ကိုတော့ မျိုးစန္ဒီကျော်က… “သမီးက အခုကတည်းက အနုပညာပိုး ပါတယ်။ အိုင်တင်လုပ် ဆိုလည်း လုပ်တယ်။ ကြော်ငြာတွေ ရိုက်ကူးရင်လည်း အရမ်းကြီး ခိုင်းစရာ မလိုဘူး။ အခုလတ်တလောမှာ အစ်မက အနုပညာ အလုပ်တွေ သိပ်မလုပ်ဖြစ်ဘူး။ ကလေးနဲ့ ပတ်သက်တဲ့ ကြော်ငြာ မျိုးတွေပဲ ရိုက်ကူးဖြစ်တယ်။ သမီးလေး အခု 2018 Calendar ရိုက်ကူးထားတယ်။  နောက်ပြီးကြော်ငြာတွေ ရိုက်ကူးဖို့ ရှိသေးတယ်။ စက်တင်ဘာလကုန်ရင် လည်း သမီးနဲ့ တွဲပြီးတော့ ဖက်ရှင်ရှိုးလျှောက်ဖို့ ရှိတယ်။ အဲဒါပါပဲ။ ကိုယ့်ဘာသာ ကိုယ်တစ်ယောက် တည်းတော့ မလုပ်ဖြစ်ဘူး။ ဒီကြော်ငြာလေးတွေက သမီးလေးလည်း အရမ်းမပင်ပန်းဘူး။ သမီးလေး အတွက် အမှတ်တရ ဖြစ်အောင်လို့ ရိုက်ကူးဖြစ်တာ” လို့ ဆိုပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*