မွေးနေ့ အမှတ်တရ ထွက်ခဲ့တဲ့ တေးစီးရီး ရောင်းရငွေတွေကို မိဘမဲ့ကျောင်းမှာ လှူဒါန်းခဲ့သူ ပိုင်တံခွန်

မွေးနေ့ အမှတ်တရ ထွက်ခဲ့တဲ့ တေးစီးရီး ရောင်းရငွေတွေကို မိဘမဲ့ကျောင်းမှာ လှူဒါန်းခဲ့သူ ပိုင်တံခွန်
September 19, 2017 Asian Fame
မွေးနေ့ အမှတ်တရ ထွက်ခဲ့တဲ့ တေးစီးရီး ရောင်းရငွေတွေကို မိဘမဲ့ကျောင်းမှာ လှူဒါန်းခဲ့သူ ပိုင်တံခွန်

မော်ဒယ် သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ ပိုင်တံခွန်ရဲ့ “ချစ်သူ” လို့ အမည်ပေးထားတဲ့ Mini Album  မိတ်ဆက်ပွဲကို စက်တင်လာလ ၁၃ ရက်နေ့က Orchid Hotel  မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ Mini Album  ကတော့သူရဲ့ အသက်၂၁ နှစ်မြောက် မွေးနေ့ အမှတ် တရ အဖြစ် ပရိသတ် အတွက် ထုတ်ပေးတာဖြစ်ကြောင်း လည်းသိရပါတယ်။ ဒီတေးစီးရီး နဲ့ပတ်သက်ပြီး မော်ဒယ်သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ ပိုင်တံခွန်ရဲ့ “ချစ်သူ” လို့ အမည်ပေးထားတဲ့ Mini Album  မိတ်ဆက်ပွဲကို စက်တင်လာလ ၁၃ ရက်နေ့က Orchid Hotel  မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ Mini Album  ကတော့သူရဲ့ အသက်၂၁ နှစ်မြောက် မွေးနေ့ အမှတ် တရအဖြစ် ပရိသတ်အတွက် ထုတ်ပေးတာဖြစ်ကြောင်း လည်းသိရပါတယ်။ ဒီတေးစီးရီး နဲ့ပတ်သက်ပြီး  “ဒီ  Mini Album လေးကတော့ နယ်ပယ် အသီးသီးက မိန်းကလေးတွေရဲ့ အလှကို ရေးဖွဲထားတဲ့ သီချင်းတွေ ဖြစ်တဲ့ အတွက် “ချစ်သူ” လို့ နာမည်ပေးထားပါ တယ်။ သီချင်းတွေ အကုန်လုံးက ဆရာမ တို့၊ တောသူတို့၊ တက္ကသိုလ်ကျောင်း စတဲ့ သူတွေအကြောင်း ရေးဖွဲထားတာပါ။ ဘယ်သူ ရည်ရွယ်တယ်လိုတော့ မရှိ ပါဘူး။ မိန်ကလေး အာလုံးကို ရည် ရွယ်ပြီး တော့ဆိုထားတာပါ။ ဒီခွေထဲ မှာ သီချင်းအားလုံး ငါးပုဒ်ပါတယ်။ သီချင်းတွေ အားလုံးကတော့ pop  ဆန်ဆန်လေးတွေပါဘဲ။ အချစ် သီချင်းတွေနဲ့ အလွမ်းအဆွေး သီချင်း လေးတွေပါ” လို့ ပြောခဲ့ပါတယ်။
ဒီ “ချစ်သူ” သီချင်း ဗူဘကာ ကို စက်တင်ဘာလ ၁၆ ရက်နေ့ လှည်း တန်းစင်တာမှာ အနုပညာ မောင်နှမ များနဲ့အတူ လက်မှတ်ရေးထိုး ရောင်း ချခဲ့ပြီး ရောင်းရငွေများကို စက်တင် ဘာလ၁၇ ရက် သူ့မွေးနေ့မှာ မိဘမဲ့ ကလေးများကို လှူဒါန်းသွားမှာ ဖြစ် ကြောင်းသိရပါတယ်။
ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*