ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ့် ညီထွဋ်ခေါင်

ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ့် ညီထွဋ်ခေါင်
September 19, 2017 Leanne Win
ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ့် ညီထွဋ်ခေါင်

ဇာတ်ပို့သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ အနုပညာလောကကို ရောက်ရှိလာတဲ့ ညီထွဋ် ခေါင်ကတော့ အခုနောက်ပိုင်း ရုပ်ရှင် ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲများမှာပါ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ် ဆောင်နေပြီ ဖြစ်ပါတယ်။ သူကတော့ အခု လက်ရှိ ညြအလ မှာ ထုတ် လွှင့်ပြသလျက်ရှိတဲ့ ‘ဂျော်နီငပိနှင့် တော်ကီချက်ကြီး’ ရုပ်သံ ဇာတ်လမ်းတွဲမှာ ‘ဂျော်နီငပိ’ နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ် လမ်းတွဲက လူငယ်ပရိသတ်တွေကြား ရေပန်းစားနေတာကြောင့် ပီတိဖြစ်ရပါ တယ်ဆိုတဲ့ ညီထွဋ်ခေါင်က…

ဇာတ်ပို့သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ အနုပညာလောကကို ရောက်ရှိလာတဲ့ ညီထွဋ် ခေါင်ကတော့ အခုနောက်ပိုင်း ရုပ်ရှင် ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲများမှာပါ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ် ဆောင်နေပြီ ဖြစ်ပါတယ်။ သူကတော့ အခု လက်ရှိ Mntv မှာ ထုတ် လွှင့်ပြသလျက်ရှိတဲ့ ‘ဂျော်နီငပိနှင့် တော်ကီချက်ကြီး’ ရုပ်သံ ဇာတ်လမ်းတွဲမှာ ‘ဂျော်နီငပိ’ နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ် လမ်းတွဲက လူငယ်ပရိသတ်တွေကြား ရေပန်းစားနေတာကြောင့် ပီတိဖြစ်ရပါ တယ်ဆိုတဲ့ ညီထွဋ်ခေါင်က…

“ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်က ‘ဂျော်နီငပိ’ဆိုတော့ ကာရိုက်တာကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားတယ်။ ကျွန်တော့်ပုံစံဒီတိုင်းပဲဖြစ်နေတာများ တယ်။ အဲတော့ ကိုယ်လုပ်ချင်တဲ့ ပုံစံကို ဒါရိုက်တာကိုပြောပြီး ဆံပင်ချည်တယ်၊ အင်္ကျီဖြတ်ဝတ်လိုက်တယ်။  နည်းနည်းလေး Change လုပ်လိုက် တယ်။ ကလေးတွေရော လူကြီးတွေ ရော အားလုံးကြိုက်ကြတာတွေ့လို့ ဝမ်းသာပါတယ်။ နယ်ရောက်တော့လည်း ‘ဂျော်နီငပိ’ဆိုပြီး ပြောကြတဲ့ အတွက် ပီတိဖြစ်မိပါတယ်။ တချို့ကလေးတွေဆိုရင် ဆံပင်ချည်ပြီး အင်္ကျီဖြတ်ဝတ်ကြတယ်။ ‘ဂျော်နီငပိ’ လို လိုက်လုပ်ကြတာတော့ အဲ Feeling က ဘာနဲ့မှ မတူပါဘူး။ အရမ်းပီတိ ဖြစ်မိပါတယ်” လို့ ပြောခဲ့ပါတယ်။   ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့တဲ့သူက အခုနောက်ပိုင်း ရုပ်သံဇာတ်လမ်းတွဲ တွေများမှာ ပါဝင်သရုပ်ဆောင်ရ တာနဲ့ ကွာခြားသွား တာ ရှိလားလို့ မေးမြန်းခဲ့ရာ….

“ကွာခြားသွားတာကတော့ ပြင်ဆင်မှု အပိုင်းပါဘဲ။ နောက်ပြီး ပေးရတဲ့ အချိန်ပေါ့။ ဗီဒီယိုဇာတ် ကားဆိုတစ်ပတ်၊ ရုပ်ရှင်ဇာတ် ကားဆို ၁၅ ရက် အဲလောက်ပဲ ရိုက်ကြတယ်။ ဇာတ်လမ်းတွဲက တော့ တစ်လ (သို့မဟုတ်)တစ် လခွဲလောက် ရိုက်ကူးရတာ တွေရှိပါတယ်” လို့ ပြောခဲ့ပါ တယ်။ သူကတော့ အခုလတ်တ လော ဂျပန်နိုင်ငံသွားရောက် လည်ပတ်ဖို့ စီစဉ်ထားပြီး ပြန် ရောက်ရင်လည်း Video ဇာတ် ကားတွေ ဆက်တိုက် ရိုက်ကူး သွားဖို့ရှိကြောင်း သိရပါတယ်။

 ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*