တစ်ကိုယ်တော် စီးရီးခွေ ထွက်ရှိဖို့  ကြန့်ကြာနေတဲ့ ယုဇန ဘာလုပ်နေလဲ

တစ်ကိုယ်တော် စီးရီးခွေ ထွက်ရှိဖို့  ကြန့်ကြာနေတဲ့ ယုဇန ဘာလုပ်နေလဲ
September 18, 2017 Leanne Win
တစ်ကိုယ်တော် စီးရီးခွေ ထွက်ရှိဖို့  ကြန့်ကြာနေတဲ့ ယုဇန ဘာလုပ်နေလဲ

‘သီတင်းကျွတ် ညလေးတစ်ည’ ဆိုတဲ့ သီချင်းသံကို ကြားဆင်မိတာနဲ့ အဆို တော်ယုဇနကို ပြေးမြင်မိမယ် ထင်ပါတယ်။ သူမကတော့ လက်ရှိအချိန် မှာတော့ သူမက အိမ်ထောင်ရှင်တစ်ဦးလည်း ဖြစ်နေပြီဖြစ်ပြီး သူမရဲ့တစ် ကိုယ်တော် စီးရီးခွေကိုလည်း အချိန်ယူပြင်ဆင်နေပြီ ဖြစ်ပါတယ်။ သီတင်း ကျွတ်ချိန်ခါလည်း နီးကပ်လာပြီဖြစ်တာကြောင့် သီတင်းကျွတ်ကာလနဲ့ ပတ် သက်တဲ့ သီချင်းမျိုးရော ထပ်သီဆိုထားတာရှိသေးလားလို့ ယုဇနကိုမေးတော့……..

‘သီတင်းကျွတ် ညလေးတစ်ည’ဆိုတဲ့ သီချင်းသံကို ကြားဆင်မိတာနဲ့ အဆို တော်ယုဇနကို ပြေးမြင်မိမယ် ထင်ပါတယ်။ သူမကတော့ လက်ရှိအချိန် မှာတော့ သူမက အိမ်ထောင်ရှင်တစ်ဦးလည်း ဖြစ်နေပြီဖြစ်ပြီး သူမရဲ့တစ် ကိုယ်တော် စီးရီးခွေကိုလည်း အချိန်ယူပြင်ဆင်နေပြီ ဖြစ်ပါတယ်။ သီတင်း ကျွတ်ချိန်ခါလည်း နီးကပ်လာပြီဖြစ်တာကြောင့် သီတင်းကျွတ်ကာလနဲ့ ပတ် သက်တဲ့ သီချင်းမျိုးရော ထပ်သီဆိုထားတာရှိသေးလားလို့ ယုဇနကိုမေးတော “သီတင်းကျွတ်ညလေးတစ်ညဆိုတာလည်း ချစ်ငယ်ရဲ့ သီချင်းဟောင်း လေးကို ယုဇနက ပြန်သီဆိုခဲ့တာပေါ့။ သီတင်းကျွတ်ပွဲတွေဆိုရင် အဲဒီ သီချင်းလေး အမြဲဆိုဖြစ်တယ်။ ဒါကလည်း ရာသီနဲ့အချိန်အခါနဲ့သီချင်း လေးဖြစ်တဲ့အတွက် သီတင်းကျွတ်ပွဲတွေမှာပဲ သီဆိုဖြစ်တယ်။ အခြားပွဲတွေ မှာတော့ မဆိုဖြစ်ဘူး။ နောက်ထပ်ပြီးတော့ သီတင်းကျွတ်နဲ့ပတ်သက်တဲ့သီချင်း စီစဉ်ထားတာမရှိပါဘူး”ဆိုတဲ့ ယုဇနက သူမစီစဉ်နေတဲ့ တစ်ကိုယ်တော် စီးရီးခွေကိုလည်း သီချင်း ၈ပုဒ်လောက်အပြီးမှာ မအားလပ်တဲ့ကိစ္စတွေ ကြောင့်ခေတ္တရပ်ထားတယ်လို့ ပြောပါတယ်။

ယုဇနရဲ့ခင်ပွန်းဖြစ်တဲ့ ကိုသိန်း ထိုက်အောင်ကလည်း Immortal Band က ကီးဘုတ်သမား ဂီတသမားတစ်ဦးပဲ ဖြစ်ပါတယ်။ ယုဇန ရဲ့စီးရီးခွေ အတွက် အနီးကပ်ဖြစ်တဲ့ ခင်ပွန်းကကော ဘယ်လိုပံ့ပိုးမှုတွေ ပေးသလဲဆိုတော့ ယုဇနက “သူက သီချင်းရွေးချယ်မှု အပိုင်းကအစ အားလုံးလိုက်လုပ် ပေးပါ တယ်။ တကယ်ကသူနဲ့အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ သီချင်းတွေ ပိုလုပ်ဖြစ်ပြီး အခွေမြန်မြန် ထွက်လာနိုင်မယ် ထင်စရာရှိတယ်။ ဒါပေမယ့် သူကအခု အစ်မထက် အလုပ်များတယ်။ အစ်မက နောက်ပိုင်းမှာ ပွဲတွေလည်း သိပ်မဆိုဖြစ်သလို သီချင်းသစ်တွေလည်း မရှိသေး တော့ မဆိုဖြစ်သေးဘူး။တချို့ ပွဲတွေဆို အစ်မငြင်းတယ်။ သီချင်း အဟောင်း တွေချည်းပဲ ပရိသတ်တွေကို ဆိုပြရတာ အားနာလာတာကြောင့်ပါ။ သီချင်းသစ်ထွက်နိုင်မှပဲ ဆိုပြဖို့စဉ်းစား ထားတယ်။ အစ်ကိုအားတဲ့အချိန်မှာတော့ အစ်မအတွက် သီချင်းနဲ့ပတ် သက်တဲ့ ကိစ္စတွေလိုက် လုပ်ပေးပါတယ်။အစ်မ အနေနဲ့လည်း အိမ်ထောင့် တာဝန် လည်း ကျေချင်တဲ့အတွက် အိမ် ထောင့်တာဝန် လည်း မလစ်ဟင်း အောင် ဂရုစိုက်ရတာပါပဲ။ ဒါကြောင့် ပရိသတ်အတွက် သီချင်းခွေတစ်ခွေတော့ အမြန် ဆုံးထွက်ရှိနိုင်အောင် အား လပ်တဲ့အချိန်တိုင်း ဖန်တီး နေပါတယ်။ ဒီ၂ဝ၁၇ ခုနှစ်အတွင်းမှာ မမီ ရင် တောင်၂ဝ၁၈ ခုနှစ်ထဲမှာတော့ ထွက်ရှိလာနိုင် ဖို့ စီစဉ်နေပါ တယ်”လို့ ယုဇ နက ပြောပြ ခဲ့ပါတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*