တေးဂီတနှင့် အသက်ရှည်သူ

တေးဂီတနှင့် အသက်ရှည်သူ
September 8, 2017 Leanne Win
တေးဂီတနှင့် အသက်ရှည်သူ

music

မ ကြာသေးမီက အစိုးရ ကြေ ညာချက်တစ်ခုကြားသိရ လိုက်သည်။ အသက်ကိုးဆယ် ကျော်သူများအား ထောက်ပံ့ ကြေး ပေးမည်ဟု ဆိုသည်။ မကြာမီ ကျပ် ငွေတစ် သောင်းစီ ထောက်ပံ့သည်ဟု ဖတ်လိုက်ရသည်။

တကယ်တော့ အသက်ကိုးဆယ် ကျော်အထိ အသက်ရှည်သူဟူသည် အလွန်ရှားပါ၏။ ထိုသို့သော ရှားပါး ပုဂ္ဂိုလ်ဖိုးသက်ရှည်တွေထဲမှာ သာမန်ဖိုးသက်ရှည်မဟုတ်၊ ‘အနုပ ညာစွယ်စုံရပညာရှင် ပုဂ္ဂိုလ်’အဖြစ် တစ်ယောက်တည်းသာ တွေ့မိသည်။

ဗိုလ်ကလေးတင့်အောင်။
အသက် ၉၆ နှစ်ထဲ ရောက်နေ ပြီ

အသက်အရွယ်အလိုက် ကျန်း မာသည်ဟု ဆိုရမည်။ အိပ်ရာထဲ သွားလှဲမနေ။ ရောဂါတွေကြောင့် အိမ်ထဲမှာငြိမ်သက်စွာ နားနေရန် မလို။ အနုပညာပွဲတွေ တက်နိုင်သေး သည်။ ဂီတ၊ ရုပ်ရှင် စာပေ သက်ကြီး ပညာရှင်ကန်တော့ပွဲများ ပုံမှန် တက်သည်။

တေးသီချင်းတွေ များစွာများစွာ ရေးခဲ့သည်။ ရုပ်ရှင်ဒါရိုက်တာ လုပ် ခဲ့သည်။ ပြဇာတ်ပေါင်းများစွာ ဒါရိုက်တာလုပ်ခဲ့သည်။ အနုပညာ ဆိုင်ရာ ဆောင်းပါးစာပေတွေ ရေးခဲ့ သည်။ အသက်ကိုးဆယ်အရွယ်အထိ စာပေဟောပြောပွဲတွေ သွားခဲ့၊ ဟောပြောခဲ့သည်။ ယခုထက်တိုင် ရုပ်မြင်သံကြားအစီအစဉ်များက လာရောက်တွေ့ဆုံမေးမြန်းသမျှ ရှင်း လင်း ပြောပြမှတ်တမ်းတင်လျက် ရှိသည်။

အချိန်မှန်အိပ်သည်။ အချိန်မှန် စားသည်။ ယနေ့ထိ နေ့စဉ်ဝတ် မပျက် ဘုရားဝတ်ပြုသကဲ့သို့ မပျက် မကွက်သော အလုပ်တစ်ခုရှိသေး သည်။ နံနက်အိပ်ရာမှထပြီး နံနက် စာကိုစောစောစားသည်။ ပြီးလျှင် နေ့စဉ် မှတ်တမ်းရေးသော အကျင့် ရှိသည်။

ဗိုလ်ကလေးတင့်အောင်ထံ ကျွန်တော်မကြာခဏရောက်သည်။ တွေ့ဆုံကြတိုင်း သူပြောသမျှ မှတ် သားစရာများအဖြစ် တန်ဖိုးထား ရ သည်။ ယနေ့ရောက်သောအခါမှာ မိုးက ရွာနေသည်။ ထုံးစံအတိုင်း စကားတွေ ပြောဖြစ်ကြသည်။ ရာသီ ဥတုက ပြောင်းလဲမှု မြန်ဆန်လှ ကြောင်း ပြောဖြစ်ကြသည်နှင့် စိတ် မြန်သော ဆရာကြီးက ရုတ်တရက်  ထိုင်ရာမှထပြီး အခန်းထဲဝင်သွား သည်။

ပြန်ထွက်လာသောအခါမှာ နေ့စဉ်မှတ်စုစာအုပ်ထူကြီး လက်ထဲ မှာ ကိုင်လာသည်။ သပ်ရပ်ညီညာ သော လက်ရေးနှင့် ရေးမှတ်ထား သော နေ့စဉ်မှတ်တမ်းတစ်ရွက်ကို လှန်၍ပြသည်။  August 2017, 17 ဟုတွေ့ရသည်။

(တစ်နေ့တစ်နေ့ တရွေ့ရွေ့ အချိန်ကုန်ပြီဟူသောတေးကလေးကို သတိရနေသည်။ မိုးမင်းလွန်ကဲဘဝ မှ တဖြည်းဖြည်း အပူပိုင်းသို့ ကူးလာ နေပြီ။ ရာသီဥတုပြောင်းလဲမှုကို  လူသားတို့ဂရုမစိုက်ကြ။ ဂရုတစိုက် ရှိရမည်။ အလိုလို ကျော်လွှားသွား လိမ့်မည်ဟုထင်နေကြသည်။ မဟုတ် ပါ။ ပြောင်းလဲသွားပုံကို ဂရု တစိုက် အလိုက်သင့်ကလေးနေ သွားတတ် ရန်လိုသည်။ ရာသီဥတုသည် လူ သားကိုသွားလာနေထိုင်မှု၊ စား သောက်မှုတို့ကို လမ်းညွှန်၏။ လူ သည်စားရသည်၊ သွားလာအိပ် စက် နားနေရသည်။ သို့သော် ရာသီ ဥတု ကြောင့် မစားချင်၊ မအိပ်ချင် မသွား ချင်ဖြစ်သွားတတ်သည်။ ဤသည်ကို မတိုက်ခိုက်၊ မတွန်းလှန် ပါနှင့်။ ဖြစ် အောင်ကြိုးစားပါ။

နေထိုင်ပါ။ ၁ဝနာရီအိပ်သည်။) အစ်ကိုလေး (ဗိုလ်ကလေးတင့် အောင်)ရဲ့ နေ့စဉ်မှတ်တမ်းကို တယ်လီဖုန်းနှင့် ဓာတ်ပုံရိုက်ယူ လိုက် သည်။ အသက်ဆယ်နှစ်သားလောက် ကစ၍ ဂီတပညာကို လိုက်စားခဲ့ပြီး ပြဇာတ်တီးဝိုင်းမှာ ဂီတာတီးခြင်း၊ ပြဇာတ်တေးသီချင်းများ ရေးသား ရင်းမှ တစ်စတစ်စ ကြိုးစား၍ ဒါရိုက်တာဖြစ်လာရသော ဗိုလ်က လေးတင့်အောင်က ကိုးဆယ့် ခြောက်နှစ်အရွယ်မှာ အိပ်ရာမှနိုးထ လာပြီး တေးသီချင်းဆိုခါ သားလေး ကို သတိရလာသည်။ နေ့စဉ် မှတ်တမ်းမှာ ရေးလိုက်သည်။ တေး ဂီတသည် သူ့ဘဝ၊ သူ့ဘဝသည် တေးဂီတဟု မပြောဘဲသိသာသည်။

“အစ်ကိုလေး ငယ်စဉ်ကရော အခုလိုအချိန်မှန်အိပ်၊ အချိန်မှန် စားတာလား”ဟု မေးမိသည်။

“ဘယ်ဟုတ်မလဲဗျာ။ ပြဇာတ် ကတာက ညဆယ်နာရီခွဲမှပြီးတာ။ အိမ်ပြန်ရောက်တော့ ညဆယ့်နှစ်နာ ရီလောက်ရှိပြီ။ ဒီကြားထဲ ပြဇာတ် ပြီးမှ စားကြသောက်ကြတဲ့အခါ လည်း  သန်းခေါင်ကျော်သွားတာပေါ့”

“အသက်ကြီးလာတော့ ရာသီ ဥတုနဲ့လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပြီး နေရတာပေါ့”

“တစ်ခုတော့ ရှိတယ်ဗျာ”

“လူဆိုတာ ရောဂါဖြစ်ရင် ကိုယ်က အရင်သိတာပဲ။ ကိုယ်က ခံစားရတဲ့ရောဂါကို ပြောပြမှ ဆရာဝန်က သိရတာမဟုတ်လား”

“ခင်ဗျားကို ပြောဖူးသားပဲ။ လျှာပွတ်ဆေးနဲ့ အုန်းဆီကို အမြဲ ဆောင်ထားတယ်လေဗျာ”

ဟုတ်ပါရဲ့။ ပြောဖူးပါရဲ့။ ပြော ဖူးရုံမက တွေ့ဖူးလို့။ သူ့အပြောက ရှင်းသည်။ အအေးမိလို့၊ နှာချေလျင် ငယ်ထိပ်ကို အုန်းဆီဖြင့် နာနာပွတ် လိုက်သည်။ ချောင်းဆိုးလာလျှင် လျှာပွတ်ဆေးငုံလိုက်သည်။ ဤဆေး နှစ်လက် အမြဲလက်ကိုင်ထားကြောင်း မကြာခဏပြောဖူးသည်။

တစ်နေ့သောအခါမှာ    အလုံ ရပ်ရှိပင်ဒါဟိုတယ်တွင်ပိုင်ရှင် ကိုစောဝေက ညစာနှင့် ဧည့်ခံသည်။ စားရင်းသောက်ရင်း မြန်မာတေး သီချင်းများ အလှည့်ကျ ဆိုကြ သည်။ ကိုမင်းနောင်၊ ကိုမောင် ကြီး တို့ သီချင်းဆိုသမျှ နားစိုက်နား ထောင် နေဆဲမှာအစ်ကိုလေးက နှာ ခေါင်း ကိုပွတ်သည်။ နှာချေသည်။

ကျွန်တော်က အမှတ်တမဲ့နေမိ သည်။ သီချင်းသံမှာ အာရုံစိုက်နေ သည်။ စားပွဲထိုးကလေးကို အစ်ကို လေးက ခေါ်သည်။ တီးတိုးပြော သည်။ ခဏအကြာမှာ အုန်းဆီပု လင်းသေးလေး လာပေးသည်။ ထမင်းစားပွဲမှာပင် အစ်ကိုလေးက သူ့ဦးခေါင်းငယ်ထိပ်ကို အုန်းဆီနှင့် ပွတ်လိမ်းနေသည်။ သူ့ဘေးမှ ကပ်ထိုင်နေသော ကျွန်တော်က ငေးကြည့်နေမိသည်။ ငါးမိနစ်မကြာ လိုက်ပါ။

“ကောင်းသွားပြီဗျ။ အအေးမိ ချင်သလိုဖြစ်လာလို့ ကုလိုက်တာ။ အခုတော့ အိုကေပဲ”ဟုဆိုသည်။

သည်လို ကိုယ့်ကိုယ်ကိုယ် ဂရု စိုက်သော အနုပညာရှင်ကြီး စည်သူ ဗိုလ်ကလေးတင့်အောင်သည် ယခု အသက် ကိုးဆယ့်ခြောက်နှစ်အထိ ကျန်းမာရေး ကောင်းနေဆဲဖြစ်သည်။ အသက်သုံးဆယ်လေးဆယ်က အအိပ်အစား မမှန်ခဲ့သော်လည်း အသက်ကြီးလာသောအခါ အစား အသောက်၊ အနေအထိုင် ဆင်ခြင် လာသည်။ အချိန်မှန်စား၊ အချိန်မှန် နားသည်။ အိပ်ရာမှနိုးထသည်နှင့် တေးသီချင်းကလေး သတိရစွာ မှတ်တမ်းမှာရေးသည်။

တေးသီချင်းစာသာလေးနှင့် စတင်ရေးမှတ်၍ (ရာသီဥတုကြောင့် မစားချင်၊ မအိပ်ချင်ဖြစ်လာတတ် သည်။ ဤသည်ကို မတိုက်ခိုက်၊ မတွန်းလှန်ပါနှင့်။ ဖြစ်အောင်ကြိုး စားပါ။ နေထိုင်ပါ)ဟု မှတ်တမ်း အဆုံးသတ်ထားသည်။

အစ်ကိုလေးထက် ဆယ့်လေး နှစ်ငယ်သော ကျွန်တော်က သူ့မှတ် တမ်းလေး ဓာတ်ပုံရိုက်ယူလာသည်။ အတုယူ နေထိုင်ရပါတော့သည်။

ကျွန်တော့်ထက်ငယ်သူတွေ များစွာများစွာတို့ကိုလည်း သက် တော်ရှည် အနုပညာစွယ်စုံ ပညာရှင် ကြီး မှတ်တမ်းလေးကို မျှဝေလိုက်ချင် ပါသည်။ မျှဝေလိုက်သောအသိကို သတိ ပြုမိကြပါလျှင် ကျွန်တော်တာဝန် ကျေပါပြီ။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*