ပုံရိပ်ယောင်ကို သင်းကွတ်မယ့်ည

ပုံရိပ်ယောင်ကို သင်းကွတ်မယ့်ည
September 8, 2017 Leanne Win
ပုံရိပ်ယောင်ကို သင်းကွတ်မယ့်ည

y

မြောက်ဘက်သို့
မုတ်သုန်လေတိုက်ခတ်တော့
ဘဝအပိုင်းအစတချို့
လွင့်ကျလာတယ်
အရှေ့ဘက်မှာ
တစ်စွန်းတစ်စပြန့်ကြဲ
အနောက်ဘက်ဆီလွှမ်းခြုံ
တောင်ဘက်စည်းရိုးဖောက်ခံလိုက်နဲ့
ပုံရိပ်စစ်တွေ
အဖာတစ်ရာထူထပ်
စုပ်ယူမှုအားကောင်းတဲ့ခေတ်
စနစ်ဆိုးရဲ့လက်ကျန်သားကောင်အဖြစ်
ပုံရိပ်စစ်တွေထိုးကျွေးခံခဲ့ရ
အဲဒီကာလမှာ
ညဟာ  ပိုလို့မည်းမှောင်
စိတ်ခြေရာလိုက်ကောက်ကြည့်တော့
အမှောင်ခေတ်ရဲ့
လက္က်န္ခမနောခပ္ပါးပါး
လိမ်းကျံထား
အညှီအဟောက်ပြင်းပြင်း
ပုံရိပ်စစ်တွေ
နှစ်ပရိစ္ဆေဒများစွာ ဘောင်ခတ်ခံရ
ငရဲခန်းညများစွာ စတေးခံခဲ့ရ။

ဒါဟာ  စိတ်ဝိညာဉ်ထဲ
မေ့ပစ်လို့မရတဲ့ဘဝစစ်
နှစ်သစ်မှာပြန်လည်တူးဖော်ရမယ့်
လောက အမှန်တရား
ခြားနားမှုတွေ  သင်းကွပ်
ပုံရိပ်ယောင်တွေနိဂုံးချုပ်မယ့်ည။

ရာမညမင်းငြိမ်းချမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*