အနုပညာအမွေ ဆက်ခံကြတဲ့ မျိုးဆက်သစ်တို့ အနုပညာ အိပ်မက်မျှော်လင့်ချက်

အနုပညာအမွေ ဆက်ခံကြတဲ့ မျိုးဆက်သစ်တို့ အနုပညာ အိပ်မက်မျှော်လင့်ချက်
September 6, 2017 Asian Fame
အနုပညာအမွေ ဆက်ခံကြတဲ့ မျိုးဆက်သစ်တို့ အနုပညာ အိပ်မက်မျှော်လင့်ချက်

CeleKidsအနုပညာဗီဇ ဆိုတာ မွေးဖွား လာစဉ်ကတည်းက သန္ဓေတည်ပါ ရှိလာတဲ့ ပါရမီဓာတ်ခံ စိတ်လို့ဆိုရ မှာဖြစ်ပါတယ်။ ဒီနေရာမှာ အနုပညာရှင် တိုင်းရဲ့ သားသမီးတိုင်း ဟာ အနုပညာရှင် ပြန်မဖြစ်ကြသလို ပဲ သွေးက စကားပြောသည့်ပမာ အနုပညာ မျိုးဆက် အမွေဆက်ခံသူ အဖြစ် အနုပညာရှင် ပြန်ဖြစ်သူတ ချို့လည်း ရှိကြပါတယ်။ ‘ဆယ်လီ’ ရုပ်ရှင် ဇာတ်ကားကြီးထဲမှာ လူသိထင်ရှား အနုပညာရှင်တို့ရဲ့ သားသမီးများ ပါဝင်သရုပ်ဆောင် ထားကြတာမို့ အနုပညာ ချစ်စိတ်နဲ့ အနုပညာ အပေါ် ရူးသွပ်မှုတို့က မိမိတို့ မိဘများအပေါ် အခြေပြုဖြစ် တည်ခဲ့တာလား၊ မွေးရာပါ အနုပညာ ဗီဇစိတ် အခြေခံကြောင့်လား အပါ အဝင် အနုပညာရှင်မိဘတို့ နည်းတူ အနုပညာ ခရီးလမ်းမှာ အောင်မြင်မှုရရှိအောင် ဘယ်လို ဆက်ပြီး လက်ဆင့် ကမ်း သယ်ဆောင် ကြိုးစား သွားကြမယ် ဆိုတာ အနုပညာ အမွေဆက်ခံသူ အနုပညာ ရှင်တို့ ရင်သွေးသားသမီးငယ် အနုပညာ ကြယ်ပွင့်သစ် တို့ရဲ့ အနု ပညာ ရင်ခုန်သံစကားများနဲ့  အနုပညာအိပ်မက်မျှော်လင့်ချက် စကားသံများ စုစည်းဖော်ပြလိုက်ရပါ တယ်။

ပြည့်စုံဟိန်း
(ဟိန်းမင်းရဲ့သား)

ကျွန်တော် သရုပ်ဆောင်တစ် ယောက်ဖြစ်လာတာက အဖေ့ကြောင့် ပါပဲ။ အဖေ့ကြောင့် အများကြီး တွန်း အားတွေ၊ ပညာတွေ ရခဲ့ပါတယ်။ ဒီ အလုပ်ထဲ ဝင်ကတည်းက အဖေက ဆုံးမသလို၊ အခုချိန် အထိလည်း ဆုံးမပါတယ်။ အနုပညာဆိုတာက လေ့လာလေ၊ ရှာဖွေလေ၊ တွေ့ရှိ လေဖြစ်တယ်။ ဘယ်တော့မှ ဆုံး သွားတာမျိုး မရှိတဲ့အတွက် ကျွန်တော်တို့လို အသစ်တွေ အတွက် က လေ့လာဆဲ၊ သင်ယူဆဲပါပဲ။ “ဆယ်လီ”လို ဇာတ်ကားမျိုးကလည်း ပညာပေးဇာတ်လမ်းမျိုး ဖြစ်တဲ့အ တွက် အနုပညာရှင် သားသမီးတွေ ပါဝင်ပြီး အားလုံးက ငွေကုန်ကြေးကျ ညီညီညွတ်ညွတ် လုပ်ဆောင်ကြတဲ့ အတွက်လည်း ကျွန်တော် ပါဝင်ရတာ အားရပါတယ်။ အဖေ့ဆီက လည်း သင်ယူမှုတွေ လုပ်နေတုန်းပဲ။ အဖေ့ ခြေရာမီဖို့ ဆိုတာတော့ ကျွန်တော့် အတွက် မဖြစ်နိုင်သေးပါဘူး။

မင်းမြတ်
(မင်းမော်ကွန်းရဲ့သား)

ဆယ်လီ ဇာတ်ကား ကတော့ ကျွန်တော့်အတွက် ပထမဆုံးရုံတင် ဇာတ်ကားပါပဲ။ ကလေး သရုပ်ဆောင် အနေနဲ့ကတော့ အရင် ကတစ်ကား၊ နှစ်ကား ရိုက်ဖူးပါတယ်။ ဒီဇာတ် ကားထဲမှာ လုပ်ရမယ့် အိုက်တင်တွေ၊ ဘာတွေကိုလည်း အဖေက ပြောပြ တာများတယ်။ အဘိုးက လည်း ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဘေးက အကူအညီ ပေးတာမျိုးတွေ ရှိပါ တယ်။ ငယ်ငယ်ကလည်း အဖေက မင်းသား တစ်ယောက် ဆိုတော့ အပြင်တွေ ဘာတွေ သွားရင် လူတွေ ကြည့်ကြတယ်။ ဆယ်လီရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီး သွားတော့ ကျွန်တော့် ကို အပြင်မှာ လူတွေ သိလာတာလည်း ရှိပါတယ်။ သရုပ်ဆောင်ပိုင်း အတွက် ကတော့အဖေက ကျွန်တော်ရှုတင် သွားရင်အနောက် ကလိုက်ပြီး အကြံ ပေးတယ်။ ကျွန်တော် ကိုယ်တိုင်လည်း သရုပ်ဆောင်ပိုင်းကို ဝါသနာပါတယ်။ ကျွန်တော့်ရဲ့အဘိုးနဲ့ အဖေတို့ရဲ့ ခြေ လှမ်းမျိုးလိုက်ပြီးတော့ လျှောက် လှမ်း ချင်တာလည်း ပါပါတယ်။ ကျွန်တော် အခုတော့ ဂီတနဲ့ပန်းချီသင်တန်း တက်နေတယ်။ ဂီတဘက်မှာလည်း Pop တို့ Rock တို့ကို ကြိုက်ပါတယ်။

စံထိပ်ထားဦး
(သရုပ်ဆောင် ခိုင်သင်းကြည်၏ သမီး)

ညီမက အဆိုကို ဝါသနာပါတယ်။ ပြီးတော့ Instrument တွေထဲမှာ ဆိုရင်ပီယာနိုကို အသက် ၇ နှစ်က တည်းက စတီးခဲ့တယ်။ အခုတော့ ဂစ်တာသင်ဖို့ လုပ်နေတယ်။ ညီမ ကအဆိုဘက်ကို တအားရူးသွပ်တယ်။ ဂီတကို နားထောင်နေ ရတာကိုပဲ စိတ်ကို Relax ဖြစ်စေတယ်။ အဲဒါကြောင့် ညီမဆို အမြဲတမ်းနားကို နားကျပ် တစ်ဖက်တပ်ပြီး သီချင်း အော်ဆိုတယ်။ ဖေဖေနဲ့ မေမေ က တောင် မျက်စိနောက်ရတယ်။ ညီမက အဆိုဘက်ကို ဝါသနာပါ တာကြောင့် ကျောင်းပြီးရင် စီးရီး ခွေလေး လုပ်မယ်။ မေမေကလည်း သမီး ဝါသနာပါတာ၊ သမီးကြိုက်တာကို လုပ်ခွင့်ပေးပါတယ်။ ညီမက အဆို ဘက်ကို နည်းနည်း အားသာတယ်။ သရုပ်ဆောင်ဘက် ကလည်း သိပ်ပြီး သရုပ် မဆောင်တတ်တော့ မေမေ့ လိုမျိုးလည်း သမီးတအားသရုပ် ဆောင်ကောင်းမယ်လို့ မထင်ပါဘူး။ မေမေ့ခြေရာကို နင်းနိုင် မယ်လို့ မထင်ပါဘူး။ တခါတလေတော့ သရုပ်ဆောင် လုပ်ဖြစ်ပါလိမ့်မယ်။ အဆိုကတော့ ဝါသနာပါတဲ့ အတွက် ကြောင့်မို့ အမြဲတမ်း ဆိုဖြစ်နေပါ လိမ့်မယ်။ ညီမက အဆိုတော် တစ် ယောက်ဖြစ်ချင်တဲ့အတွက် အဆို ဘက်ကိုပိုပြီး ကြိုးစားသွားမယ်။ ညီမ တအားအားကျတဲ့ အဆိုတော် တွေအများကြီးရှိပါတယ်။ ဦးဖိုးကာ၊ မနီနီခင်ဇော်၊ မဝိုင်းစုခိုင်သိန်းတို့ တွေကို တအားကြိုက်တယ်။

မြအိန္ဒြာလွင်
(ဟိန်းမင်းရဲ့သမီး)

ညီမအဖေကတော့ ဦးဟိန်းမင်း ပါ။ ဆယ်လီ ဇာတ်ကားထဲမှာ ညီမ ပထမဆုံး ပါဝင် သရုပ်ဆောင်ထား ပါတယ်။ ဒီဇာတ်ကား ထဲမှာ ပါဝင်ဖို့ အဖေရော၊ ဒါရိုက်တတွေရော သင် ပြပေးပါတယ်။ ပြောပြကြပါတယ်။ ဇာတ်ကား ပထမဆုံး ရိုက်ကူးရတော့ ကင်မရာ ကိုမြင်ရင် ကြောက်ပါတယ်။ အဖေက ဘယ်လို သရုပ်ဆောင်ရ မယ်။ ဘယ်လိုနေရာမှာ ဘယ်လိုနေ ရမယ် ဆိုတာတွေ သင်ပေးတယ်။ နောက်ထပ်လည်း ဇာတ်ကားတွေ ရိုက်ကူးခွင့်ရမယ် ဆိုရင် ဒီအဖွဲ့နဲ့ပဲ ရိုက်ကူးချင်ပါသေးတယ်။ ရုပ်ရှင် ရိုက်ကူးရတော့ ရင်ထဲမှာ ရင်ခုန်ပြီး စိတ်လှုပ်ရှားပါတယ်။

စန္ဒြာရွှေရည်
(သရုပ်ဆောင်တင်ဝင်းမြင့် ၏သမီး)

သမီးက “ဆယ်လီ” ရုပ်ရှင်ဇာတ် ကားကြီးမှာ သရုပ်ဆောင် ထားပါ တယ်။ သမီး အမေ ကလည်း သမီးကို အကောင်းဆုံး သရုပ်ဆောင်နိုင် အောင် ပံ့ပိုးပေးထားတယ်။ သမီး ကိုယ်တိုင်ကလည်း သရုပ်ဆောင် ပီ ပြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ချင် တယ်။ သမီးက အခု နဝမ တန်းတက်နေတယ်။ ကိုယ်က အနု ပညာရှင် တစ်ယောက်ရဲ့ သားသမီး လည်းဖြစ်တယ်၊ ကိုယ်တိုင်ကလည်း အနုပညာရှင် ဆိုတော့ ကျောင်းစာကို သေချာ အာရုံစိုက်ပြီး လေ့လာရ တယ်။ နောက်ထပ် အခွင့်အရေးရရင် သရုပ်ဆောင် ချင်သေး တယ်။ သမီး ကတော့ အနုပညာ အလုပ်ကို ဆက် လုပ်သွားမှာပါ။

မြင့်မြတ်သော်တာ
(သရုပ်ဆောင်မျိုးမျိုးခိုင်၏သမီး)

ညီမရဲ့ ပထမဆုံး အနုပညာ အလုပ်အနေနဲ့ “ဆယ်လီ” ရုပ်ရှင်ကြီး မှာ ပါဝင် သရုပ်ဆောင် ထားပါတယ်။ မေမေ ကတော့ စကားပြောပုံ၊ ပြီး တော့ အိုက်တင်တွေ ဘယ်လိုလုပ် ဆိုပြီး သင်ပေးတယ်။ သဘာဝကျ အောင် သရုပ်ဆောင်ဖို့ ပံ့ပိုးပေး တယ်။ ညီမက တက္ကသိုလ် ဒုတိယ နှစ်ရောက်နေပါပြီ။ အနုပညာ အလုပ် ကိုလည်း အေးဆေး လုပ်လို့ရပြီ။ အနုပညာရှင်တစ်ယောက် သားသမီး ဖြစ်လို့ သူများတွေ ကဲ့ရဲ့မှာစိုးလို့ စာကိုလည်း သေချာလေ့လာခဲ့ပါ တယ်။ အနုပညာအလုပ်ကိုလည်း အခွင့်အရေးရရင် လုပ်ချင်ပါတယ်။

ပေါ်ပြူလာအဖွဲ့
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*