နတ်မျက်စိ၏ မှတ်စုများ -၁၇

နတ်မျက်စိ၏ မှတ်စုများ -၁၇
September 6, 2017 Leanne Win
နတ်မျက်စိ၏ မှတ်စုများ -၁၇

 

n

တစ်နေ့သ၌… လောက ပါလ နတ်မင်းကြီး တစ်ပါးသည် နတ်မျက်စိကို အရေးပေါ်ခေါ်ယူပြီး အရေးပေါ် တာဝန်တစ်ရပ်ကို ပေးအပ်ရင်း အောက်ပါအတိုင်း မှာကြားသည်။

“အချင်း… မောင်စက္ခု။ အချင်းဟာ ပျော်စရာအစုံစုံ မြို့ရွှေဂုံ တစ်ဝိုက်မှာသာ လှည့်လည် ကျက် စားတာ များနေသကွယ့်…။ မြန် မာပဒေသရာဇ်တို့ရဲ့ နောက်ပိတ်ဆုံး ရာဇဌာနီဖြစ်ခဲ့တဲ့ မန္တလာရွှေမြို့ တော် ဆီကိုတော့ အချင်းဟာယောင် လို့တောင်မှ ခြေဦးမလှည့်ခဲ့ဘူး။ မြန်မာ့ ယဉ်ကျေးမှု မြို့တော်ကြီးကို ကျောခိုင်းထားခြင်းဟာ မျိုးချစ်စိတ် ရှင်သန်ထက်မြက်မှု ကင်းမဲ့တဲ့လက္ခ ဏာပဲ။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်သူ တော်စင်အပေါင်းတို့ ရှင်သန်နေ ထိုင်ကြရာ ပြည်ထောင်စု ဖက်ဒရယ် (အဲအဲ မှားလို့) ပြည်တောင်စု မြန်မာ နိုင်ငံတော်ကြီးရဲ့ ယဉ်ကျေးမှုဗဟို အချက်အချာ ရတနာပုံ မန္တလေးကို အချင်းဂရုဓမ္မပြု တယုတယ ကြည့်ရှု စောင့်ရှောက်သင့်တယ် မဟုတ်ပါ လားကွယ့်…”

လောကပါလ နတ်မင်းကြီး၏ မိန့်မှာ စကားတွေကို နားထောင်ရင်း ရင်ထဲမှာ “ကျလိကျလိ”  ဖြစ်လာ သော နတ်မျက်စိသည် မအောင့်နိုင်၊ မအည်းနိုင်၊ သည်းမခံနိုင်တော့ဘဲ. ..

“မန်းလေးဟာ ခေတ်ရှေ့ကို အရမ်းပြေးပြီး ယခုအခါမှာ စိန လူ မျိုးတွေ တစ်မိုးလုံး ဖျောက်ဆိပ်ဖြစ် နေလို့ တချို့က ဒုတိယ “ကူမင်း” မြို့တော်လို့ ခေါ်နေကြသဖျ။ တချို့ ဘူးယိုဘိုရူးတွေကတော့  Little China လို့တောင် သမုတ်နေကြသ ဖျ…”

အိမ်း… ဖြစ်ပြန်ပျက်ပြန်။ အစဉ်ထာဝရ မဟုတ်တဲ့ သင်္ခါရ ဇာတ်ထုပ်တွေပါမောင် စက္ခုရယ်။ ကမ္ဘာလောကြီးမှာ အနိစ္စတရား ဖြစ်စဉ်ကလွဲလို့ ဘာများရှိလို့တုံး. ..။

အချင်းမောင်စက္ခု … သမိုင်းကို ရှုစားလော့။ ပျူနိုင်ငံတော်ကြီးဆိုတာ အခုရှိသေးရဲ့လား…။ ဘေဘီလုံ နိုင်ငံကြီးဆိုတာကော အခုရှိသေးရဲ့ လား…။ မာယာနိုင်ငံတော်ကြီးဆို တာကော အခုဘယ်မတုံး။ အတ္တ လန္တိတ် ရွှေမြို့တော်ကြီး ဆိုတာကော အခု တွေ့ရမြင်ရသေးရဲ့လား။ ဥရော ပတိုက်မှာ တစ်ချိန်က ဟစ်တလာဆို တဲ့ ရူးနှမ်းနှမ်း လူမိုက်ကလေးက (အ နှစ်တစ်ထောင် သက်တမ်းရှည်စေရ မဟေ့) လို့ ကြွေးကြော်ခဲ့တဲ့ တတိယ မြောက် “ရိုက်ခ်” The Third Reich င်ငံတော်ကြီး ဆိုတာကော အခု ရှိနေနိုင်သေးသလား”ဟု နတ်မင်းကြီးက သမိုင်းသံဝေဂတရား ရှည်လျှားစွာ ဟောနေသည်ကို နားညည်းလှပါသော်လည်း နတ်မျက် စိ ကျိတ်မှိတ် နာခံနေရ၏။

“ရတနာပုံ မန္တလေး၊ အသင်တို့ အကျွန်ုပ်တို့ရဲ့ ရွှေမန္တလေးလို့ ယဉ်ကျေးပျူငှာတဲ့ မန်းသူမန်းသား တွေ ရွတ်ဆိုလေ့ရှိကြတဲ့ မန္တလေးကို အချင်း မရောက်ရောက်အောင်သွား ပြီး မျက်မြင်အခြေအနေတွေကို ပြန် လည်အစီရင်ခံရမကွယ့်”

 “မှန်လှပါဖျ… မှန်လှပါ..”

“မန္တလေးမှာ ကူညီကယ်တင်ရ မယ့် ဒုက္ခိတသတ္တဝါ တစ်ယောက်တ လေ တွေ့ရင်လည်း ကူညီကယ်တင် လှည့်ပါကွယ့်”

“အမိန့်တော် မြတ်အတိုင်း ပါဖျ…”

ဤသို့ဖြင့်… ကျွန်ုပ်တို့၏ အထူးလေးစားအပ်သော နတ်မျက်စိ သည် ” ဖာတစ်တန် အထုပ်တစ်ဖက် ထမ်းပါလို့…အညှာပြန် အသုတ် ကရက်လှမ်း” ဟူသော အမျိုးသား စာဆိုတော်ကြီး ဆရာမှိုင်း၏ လေးချိုးကြီး အဖွဲ့အနွဲ့နှင့် အညီ အညာသားအဖြစ် အသွင်ယူကာ မန္တလာသို့ ရောက်သွားသတည်း။

သို့ပါသော်လည်း နတ်မျက်စိ သည် မန္တလေးသို့ ရောက်ပါလျက် မန္တလေးကို ရှာမတွေ့ဘဲ ဖြစ်နေ သည်။ သူသည် အသားဖြူဖြူနှင့် လမ်းသွားလမ်းလာ တစ်ယောက်ထံ ချင်းကပ်ပြီး…

“မိတ်ဆွေ… ကျုပ်အခု ရောက်နေတာ မန္တလေးရဲ့ ဘယ်နေ ရာလဲ။ ဘယ်မြို့နယ်လဲ” ဟု မေး လိုက်၏။

အသားဖြူဖြူ ဘောင်းဘီတိုနှင့် စပို့ရှပ် ဝတ်ထားသူက…

“ဟင်” ဟုတစ်ခွန်းသာ ဆို သည်။ နားများလေးသလား မသိဘူး ဟုထင်ကာ နတ်မျက်စိက အသံမြှင့် ပြီး…

” ဒါ… ဘာရပ်ကွက်တုံး” ဟု မေးလိုက်ပြန်၏။

“ဟင်…” ဟုသာ အသား ဖြူဖြူလူစိမ်းက မြည်သည်။

ထိုစဉ်… ဘောင်းဘီရှည်၊ စပို့ရှပ်လက်ရှည်နှင့် နောက်ထပ် အသားဖြူတစ်ဦး ရောက်လာပြီး နတ်မျက်စိ နားမလည်သော (အိစံ ကွားလားအိုကွားလား) ဘာသာ စကားဖြင့် မူလအသားဖြူကို ပြောဆို နေသည်။ ပထမ အသားဖြူကလည်း ကွိကွီကွကွ ဘာသာစကားဖြင့် ပြန် ပြောသည်။ ထို့နောက် အသားဖြူ နှစ်ယောက် နတ်မျက်စိကို ပေစောင်း ပေစောင်း ကြည့်ကာ ထွက်သွားကြ တော့၏။

“အို ဗုဒ္ဓေါ၊ ဗမာစကား မတတ် တဲ့ ဖော်ရိန်နာတွေကိုး…”

ထို့နောက်… နတ်မျက်စိ သည် ဘူးသီးငါးပေါင်းကြော် စာလုံး များသာ ရေးထားသည့် ဆိုင်းဘုတ်ကို မကြည့်ဘဲ ဆိုင်းဘုတ်အောက်မှ စတိုးဆိုင်ထဲ ဝင်သွားသည်။ စကတ် တွေ၊ အင်္ကျီလက်မောင်းပြတ် တွေ  ဝတ်ထားကြသော အသားဖြူဖြူ ဆံတိုအရောင်းစာရေးမတွေက ရှေး ခေတ် ဆီသည် အညာသား ဒီဇိုင်းနှင့် ဆိုင်ထဲဝင်သော နတ်မျက်စိကို မြင်ကြသော် ဝူးဝူးဝါးဝါး ဝိုင်း အော်ကြသည်။ လက်ဟန်ခြေဟန် ဖြင့် မောင်းထုတ် ကြသည်။

” ဟေ့ ဟေ့ နေကြဦး။ ဒီရပ် ကွက်က ဘာရပ်ကွက်လဲဆိုတာ ငါသိ ချင်လို့… ပြောစမ်းပါ ဒါဘာ ရပ်ကွက်လဲ..”

နတ်မျက်စိ၏ မေးခွန်းကို ကောင်မလေး တစ်ယောက်က အသံ ဝဲတဲဝဲတဲဖြင့်..

“တိဘူး။ ဝတို့တိဘူး” ဟု အော် ပြောသည်။ နတ်မျက်စိ စိတ်ညစ် သွားပါ၏။ “အင်း… ငါ့စကား လည်း သူတို့မသိ။ သူတို့စကားလည်း ငါမ သိ…ဒုက္ခပါပဲ” ဟု နတ်မျက်စိ အသံထွက်၍ ညည်းညူရင်း လမ်း လျှောက်လာရာ သူနံဘေးကလျှောက် သွားသူ တစ်ယောက်က နတ်မျက်စိ စကားကို ကြားသွားပုံရသည်။ ထိုသူ က နတ်မျက်စိထံ ပြန်လျှောက်လာ သည်။

“ဘရာသာက ဘယ် သွားမလို့တုံး” ဟု အရပ် ရှည်ရှည် ဆံပင်ရှည် ရှည် မျက်မှန်ထူထူနှင့် လူကအသံသြကြီးဖြင့် မေးသည်။ နတ်မျက်စိက ထိုလူကိုကြည့်ပြီး “အင်း ဒီငနဲကတော့ မန္တလေးသား အစစ်ဖြစ်လောက်ပါရဲ့” ဟု တွေးမိ သည်။ “ဘရာသာလို့ သုံးတာကိုက မန္တလေး ပိုဆန်နေပြီ” ဟုလည်း ဆက်တွေးမိသည်။

“ကျုပ်က ပြည်တွင်းတိုးရစ် တစ်ယောက်ပါဗျာ။ မြနန်းစံကျော် နန်းတော်ကြီးကို တွေ့ဖူးမြင်ဖူးချင်လို့ အလည်လာတာပါ။ ဒီကျတော့ အသားဖြူတဲ့ မန္တလေးသူတွေချည်း တွေ့နေရတော့ ကျုပ်လည်း မူးနောက် နောက်ဖြစ်ပြီး မျက်စိလည်သွားးတာ။ အဆိုတော် သန်းထွန်းလေးရဲ့သီချင်း ထဲမှာတော့ မန္တလေးသူတွေကို (ရွှေ ညာသူ ညိုပြာချောတို့) လို့ဆိုထား ခဲ့တာကိုး။ အခုတော့ ဘယ့်နှယ်ဖြစ် တာတုံး။ မန္တလေးသူတွေ အသားဖြူ ကုန်ကြပြီ။  ထဘီ မဝတ်ကြတော့ဘူး။ စကတ်တွေ ဘောင်းဘီတိုတွေနဲ့ ဖြစ်ကုန်ပြီ..”

အရပ်ရှည်ရှည် မန္တလေးသား ကြီးက ပင့်သက်ရှူကာ…

“ဒါတွေ မေ့လိုက်ပါဗျာ။ ကျွန် တော်မန္တလေးသား စစ်စစ်ပါ။ ပြီး တော့ မန္တလေး စာပေလောကမှာ နေတစ်ဆူလတစ်ဆူလို ထင်ရှားတဲ့ ကဗျာ ဆရာကြီးပါ။ ကဗျာဆရာ တာရာနွေမှိုင်းဆိုရင် မန္တလေးမှာ မသိသူမရှိဘူး။ မန္တလေးမြို့လယ်က စီးပွားရေးသမား တရုတ်တွေကြားမှာ ကဗျာဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လက်မ ထောင်ပြီး နေရဲတာ ကျွန်တော်တစ် ယောက်ပဲရှိတယ်။ တရုတ်တွေကို အပေါ်စီးက ငုံ့ကြည့်နိုင်တာလည်း ကျွန်တော်တစ်ယောက်ပဲ ရှိတယ်ဆို တာ မှတ်ပါဗျ…” ဟု အသံသြကြီး ဖြင့် စွာကျယ် စွာကျယ် ပြောနေလေ သည်။

ထိုအချိန်တွင် နတ်မျက်စိက … (အင်း… မန္တလေးစကား ဆိုတဲ့ ဓလေ့အတိုင်း ကဗျာဆရာပီပီ အတော်စကားများမယ့် လူပဲ) ဟု တွေးမိကာ ကြောက်အားလန့် အား ကိုယ်ရောင်ဖျောက်လိုက် လေသတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*