ဂီတသံတွေ မြည်ဟည်း လာမယ့် ကမ်းလက်လှမ်းဆက် ဂီတမျိုးဆက်

ဂီတသံတွေ မြည်ဟည်း လာမယ့် ကမ်းလက်လှမ်းဆက် ဂီတမျိုးဆက်
September 6, 2017 Asian Fame
ဂီတသံတွေ မြည်ဟည်း လာမယ့် ကမ်းလက်လှမ်းဆက် ဂီတမျိုးဆက်

Phu-Phu-Thitမြစ်တွေ၊ ချောင်းတွေသာ တိမ်ကောရိုး ရှိတယ်။ မျိုးရိုးကတော့ မတိမ်ကော ဘူးဆိုတဲ့ စကား ရှိပါတယ်။ လူသား တစ်ဦးမှာ ပင်ကိုဗီဇ အပြင် မိဘတွေ ရဲ့ ဗီဇတွေဟာလည်း ပါလာတတ်ပါ တယ်။ တချို့ကလည်း အနုပညာ မိသားစုမှပေါက်ဖွားလာခဲ့ပြီးလူရယ် လို့သိ တတ်စကတည်းက အနုပညာ အပေါ်နီးစပ်စွာ ထိတွေ့ရင်ခုန်ခဲ့ ကြရာက ဗီဇစိတ်ရဲ့ စေ့ဆော်မှုအား ရော၊ အနုပညာ ပါရမီ ဓာတ်ခံအားကို ပေါင်းစပ်ရင်း အနုပညာကြယ်ပွင့် သစ်တွေ အဖြစ် မြင်လာရပါတယ်။ လက်ရှိမြန်မာ့ဂီတ အခင်းအကျင်း မှာလည်း သူ့ခေတ် ကိုယ့်ခေတ် ကိုယ် စီအနုပညာမှတ်တိုင် စိုက်ထူကာ အောင်မြင်မှု ရရှိခဲ့ကြပြီး ဖြစ်တဲ့ ဂီတ အနုပညာရှင် တို့ရဲ့ ရင်သွေးမျိုး ဆက်သစ်တွေဟာ ဂီတလောကကို ပုံသဏ္ဌာန် အသီးသီးနဲ့ဝင်ရောက် လာကြပြီ ဖြစ်ပါတယ်။ ချစ်စမ်း မောင်ရဲ့သမီးဖြစ်တဲ့ ငဲငယ်လေး၊ အငဲသမီး ဖြစ်တဲ့ လမင်းခ၊ အဲလက်စ် သမီးဖြစ်တဲ့ ဒိုရာအဲလက်စ်၊ ဂရေ ဟမ်ရဲ့ သမီးဖြစ်တဲ့ ပန်းရောင်ခြယ်၊ ဖိုးကာရဲ့ သမီးဖြစ်တဲ့ ဖူးဖူးသစ် စသူ တို့အပြင် အခြားမျိုးဆက်သစ်တွေ လည်းများစွာရှိပါတယ်။ အနုပညာ မျိုးရိုးကပဲ ဆင်းသက်လာတာ ကြောင့် အနုပညာအားထုတ် လေ့ လာမှုအရ အားသာချက်တွေ လည်း ရှိနေပြီး ဂီတသမားတွေ ဖြစ် ကြတဲ့ မိဘတွေ ဆီက အမွေတွေရကြ ပါတယ်။ ဒီအကြောင်းကို အဆိုတော် ဖိုးကာရဲ့ သမီးလည်း ဖြစ်၊ Logo ဆိုတဲ့ တစ်ကိုယ်တော် စီးရီးကိုလည်း ထွက်ရှိထားနိုင်တဲ့ ဖူးဖူးသစ် က

“အနုပညာမျိုးရိုးက ဆင်းသက် လာတဲ့အတွက်ကြောင့် အားသာ ချက်တွေတော့ ရှိပါတယ်။ အခု ဆို ညီမရဲ့  Logo ဆိုတဲ့ စီးရီး လေးမှာ ဆိုရင်လည်းဖေဖေက သေသေချာချာ လုပ်ပေးတဲ့ အတွက် အခက်အခဲတွေ အများ ကြီးမရှိခဲ့ဘူး။ အဲဒီလိုအားကိုးရ တဲ့အဖေ တစ်ယောက်လုံးရှိတဲ့ အတွက် အားသာချက် တွေကတော့ အများကြီးပါ။ ညီမနဲ့ဖေဖေကငယ် ငယ်ကတည်းက အကြိုက်တူတာ တွေအများကြီးပါ။ ဖေဖေက သီချင်း တွေဖွင့်ပြီဆို ညီမက နားထောင်ပြီး သားပဲ။ ဖေဖေ့သီချင်းတွေ ဆိုလည်း အကုန်ကြိုက်တယ်။ ညီမကကျောင်း မပြီးသေးဘူး ။ National Management College မှာ တတိယနှစ် (Journalism) တက်နေပါ တယ်။ ညီမက အဆိုဘက်ကို အဓိက လမ်းကြောင်း အနေနဲ့ သွားမှာ ဆိုတော့ ဒီဘက်ကို အဓိက လုပ်သွားမှာပါ။ ပညာရေး ကိုလည်း မလွတ်စေရပါဘူး” လို့ သူမကပြောပါတယ်။

ဒါ့အပြင် တေးရေး၊ တေးဆို တစ်ဦး ဖြစ်တဲ့ အဲလက်စ်ရဲ့သမီး ဖြစ်တဲ့ ဒိုရာအဲလက်စ်ဟာ ဆိုရင် လည်း ကိုယ်တိုင်သီချင်းတွေ ရေး သားနိုင်သူဖြစ်ပြီး လတ်တလော အချိန်မှာ Mini Album တစ်ချပ် ထွက်နိုင်ဖို့ ပြင်ဆင်နေသူလည်း ဖြစ် ပါတယ်။ သူမကတော့ ငယ်စဉ်က တည်းက ဂီတကို ဝါသနာ ပါခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘဲ ခုချိန်မှာတော့ ကိုယ့် ခံစားချက်တွေကို ပုံဖော်လို့ရတယ် လို့ ခံစားလာရတဲ့ အတွက်  အနုပ ညာအလုပ်တွေ လုပ်နေပြီ ဖြစ်ပါ တယ်။

“ညီမအနေနဲ့ ဂီတကို ငယ်ငယ် ကတည်းက ဝါသနာပါပါတယ်။ ဒါပေမဲ့ ဝါသနာ တစ်ခုအနေ နဲ့ပဲ။ ငယ်ငယ်တုန်းက ဝါသနာလို့ သတ် မှတ်ခဲ့ပေမယ့် အခုကျတော့ ကိုယ့် ရဲ့အနုပညာ ခံစားချက် တစ်ခု အဖြစ် ကိုယ့်ခံစားချက် ကိုပုံဖော်လို့ ရတယ် လို့ ခံစားလာရ တယ်။ ဒီအနု ပညာလောကထဲ ဝင်ရောက်ဖို့ဆိုရင် ဒီ အလုပ်ကတအား အချိန်ပေးရတဲ့ အလုပ်လို့ထင်တယ်။ အဲဒီအတွက် ကျောင်းပြီးမှပဲလုပ် ဖြစ်မယ် ထင်ပါ တယ်။ ညီမအနေ နဲ့ သီချင်းတွေတော့ ရေးဖြစ်တယ်။ တစ်ခွေစာလောက် တောင်ရှိပါပြီ။ အချိန်ပေးနိုင်တဲ့နေ့  တွေမှာတော့ တစ်ပုဒ်နှစ်ပုဒ်လောက် အသံသွင်းထားတာ ရှိပါတယ်။ Mini Album  ထုတ်ဖြစ်လိမ့်မယ် ထင်ပါ တယ်။သီချင်း အားလုံးက ညီမပဲရေး တာပါ။ အဖေကတော့ ညီမဒီလို အနု ပညာ လုပ်တဲ့ အပေါ် သူမြင်တာလေး တွေပြောပါတယ်။ ဘာမှတော့ ထပ်ပြီး မသင်ပေးချင်ဘူးတဲ့ ။ သူ့  ပုံစံဖြစ်သွားမှာ စိုးပြီး ညီမပုံစံ မထွက်မှာ စိုးလို့တဲ့။ သီချင်းဆိုတဲ့ ဟန်၊သီချင်း ရေးတဲ့ ဟန်တွေ သူ့ပုံစံ အတိုင်း ထွက် လာမှာစိုးလို့ ညီမပုံစံ အတိုင်း ပဲထားတယ်”လို့ အဲလက်စ် ရဲ့သမီးဖြစ်သူ ဒိုရာအဲလက်စ်က ပြော ပါတယ်။

အနုပညာရှင်တို့မှ တစ်ဆင့် မွေးဖွားလာတဲ့ သူတို့ရဲ့မျိုး ဆက်တွေ ဟာလည်း ဒီအနုပညာ အပေါ် မှာပဲ တိမ်းညွှတ်ခြင်းဟာ မြန်မာ့အနုပ ညာလောက အတွက် အားတစ်ခု လည်း ဖြစ်စေလာ မှာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*