နာမည်ကျော် သရုပ်ဆောင်တွေ ဝင်ရောက် အရွေးချယ်ခံသည့် ရုပ်ရှင် အမှုဆောင်သစ် ရွေးချယ်ပွဲ စက်တင်ဘာလဆန်း တွင် ပြုလုပ်မည်

နာမည်ကျော် သရုပ်ဆောင်တွေ ဝင်ရောက် အရွေးချယ်ခံသည့် ရုပ်ရှင် အမှုဆောင်သစ် ရွေးချယ်ပွဲ စက်တင်ဘာလဆန်း တွင် ပြုလုပ်မည်
September 4, 2017 Asian Fame
နာမည်ကျော် သရုပ်ဆောင်တွေ ဝင်ရောက် အရွေးချယ်ခံသည့် ရုပ်ရှင် အမှုဆောင်သစ် ရွေးချယ်ပွဲ စက်တင်ဘာလဆန်း တွင် ပြုလုပ်မည်

 မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး ၂ဝ၁၈ ခုနှစ် အတွက် အလုပ် အမှုဆောင်များ ရွေးချယ်ပွဲကို စက် တင်ဘာလဆန်းမှာ ကျင်းပပြုလုပ် နိုင်တော့မယ် လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယကတစ်ဦး လည်းဖြစ်သလို ရွေးကောက်ပွဲ ကော်မရှင် ရဲ့အတွင်း ရေးမှူး တစ်ယောက် လည်းဖြစ်တဲ့ ဦးနှင်းမိုးက ပြောပါတယ်။

“အခုကတော့ အဆိုပြုလွှာ တင်တဲ့ သူတွေရဲ့စာရင်းကို စိစစ်ပြီးတော့ အဲဒီအထဲကမှ အရွေးချယ်ခံခွင့် ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့စာရင်းကို ကြေညာချက် ကပ်ထားပြီးပြီ။ စက်တင်ဘာလ ၆ရက်နေ့ နောက်ဆုံး ထားပြီးတော့ ကိုယ့်အမည် မပါလို့ မကျေနပ်ရင် သော် လည်းကောင်း ၊ တခြားလူ တစ်ယောက်ကို မကျေနပ်ရင်သော် လည်းကောင်း ၆ရက်နေ့ နောက်ဆုံးထားပြီးတော့ ကန့်ကွက်လွှာ တင်သွင်းနိုင် တယ် ဆိုပြီးတော့လည်း ကြေညာ ထားပြီးသား”လို့ ဦးနှင်းမိုးထံမှ သိရပါတယ်။ ၂ဝ၁၈ခုနှစ် အဓိကအလွှာမှ အဆိုပြုလွှာ တင်သွင်း သူများ စာရင်းမှာ နာမည်ကျော် သရုပ်ဆောင်များ ဖြစ်ကြတဲ့ လှမျိုးသဉ္ဇာနွယ်၊ နေထက်လင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ခန့်စည်သူ၊ ဇင်ဝိုင်းတို့ ပါဝင်ကြတာ တွေ့ရပါတယ်။ “မနှစ်က ထက်စာရင်တော့ ဒီနှစ် တော်တော်များများက စိတ်ပါဝင်စားစွာနဲ့ ပူးပေါင်း တာ ကိုတော့ တွေ့ရတယ်။ မနှစ်ကဆိုရင် အရွေး ချယ်ခံရတဲ့သူ ဆိုရင်လည်းနည်းတယ်။ သိပ်စိတ်မ ဝင်စား ဘူး။ မဲပေးချင်တဲ့ သူတွေကလည်း သိပ်စိတ် မဝင်စားဘူး။ ဒါပေမဲ့ ဒီနှစ်မှာတော့ မနှစ်ကထက် ပိုပြီးတော့ စိတ်ဝင်စား လာတယ်လို့ပြောလို့ရပါ တယ်” လို့ ဦးနှင်းမိုးကပြောပါတယ်။ ဆက်လက်ပြီး ဦးနှင်းမိုးက ရုပ်ရှင်လောကသားတွေ ရွေးကောက် တင်မြှောက်လို့ အသစ်ဖြစ်လာမယ့် အမှုဆောင်တွေ အပေါ်ကို အကြံပြု စကားအနေနဲ့…

“တို့ရွေးကောက်ပွဲ ကော်မရှင်အနေ နဲ့ရော၊ ရုပ်ရှင် အစည်းအရုံးရဲ့ နာယက တစ်ယောက် အနေ နဲ့ရော ပြောရမယ် ဆိုရင် နာယက အားလုံးရဲ့ ဆန္ဒ ကတော့ အရွေးချယ်ခံတဲ့ ပုဂ္ဂိုလ်တွေ၊ ရုပ်ရှင် အစည်းအရုံးမှာ ဝင်ပြီးတော့ အနုပညာရှင် တွေရဲ့ ကိုယ်စားရှေ့ဆောင် လမ်းပြလုပ်မယ့် ပုဂ္ဂိုလ်တွေ အနေ နဲ့ကတော့ ဘာပဲပြောပြော ကိုယ်ကျိုးစီးပွား ရှာတာမျိုး မဖြစ်စေချင်ဘူး။ စိတ်ပါဝင်စားစွာ လုပ် စေချင်တယ်။ နောက်တစ်ချက်က ဒီမှာ တကယ် ဝင်လုပ်ပြီဆိုလို့ ရှိရင် စိတ်ရောကိုယ်ပါ နှစ်ပြီ ဆိုကတည်းက ကိုယ့်ရဲ့လုပ်ငန်းနဲ့ ကိုယ့်စီးပွားရေး ကို တော့ ထိခိုက်မှာပဲ။ အဲဒီလို ထိခိုက်တာကို လျစ်လျူ ရှုပြီးတော့ အနုပညာ လောကသားတွေ ရဲ့ ကောင်း ကျိုးကို ငါဦးဆောင်မယ် ဆိုတဲ့ စိတ်နဲ့ဝင်ရောက် လာရင်တော့ ဒါတွေကို စွန့်လွှတ်ရမှာပဲ။ နာယက တွေအားလုံး ကလည်း တကယ့်တကယ်လုပ် နိုင် မယ့် ပုဂ္ဂိုလ်တွေ၊ ဦးစီး ဦးဆောင်နိုင်မယ့် ပုဂ္ဂိုလ်တွေ၊ မှန်မှန်ကန်ကန် နဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေ များများပါစေ ချင်တယ်။ အဲဒီလို လူမျိုးကိုပဲတို့က ဦးဆောင်စေချင် ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*