ကိုယ့်လောကသားတွေကို ကူညီပေးချင်လို့ အစည်းအရုံး ရွေးကောက်ပွဲမှာ ဝင်လျှောက်ဖြစ်တာပါ လှမျိုးသဉ္ဇာနွယ်

ကိုယ့်လောကသားတွေကို ကူညီပေးချင်လို့ အစည်းအရုံး ရွေးကောက်ပွဲမှာ ဝင်လျှောက်ဖြစ်တာပါ လှမျိုးသဉ္ဇာနွယ်
September 4, 2017 Asian Fame
ကိုယ့်လောကသားတွေကို ကူညီပေးချင်လို့ အစည်းအရုံး ရွေးကောက်ပွဲမှာ ဝင်လျှောက်ဖြစ်တာပါ လှမျိုးသဉ္ဇာနွယ်

Hla-Myo-Thinzar-Ngweမြန်မာရုပ်ရှင် အစည်းအရုံး ၂ဝ၁၈ခုနှစ်အတွက် အလုပ်အမှုဆောင်သစ်များ ရွေးချယ်ပွဲမှာ သရုပ်ဆောင် အလွှာကနေ ဝင်ရောက် ရွေးချယ် ခံသွားမယ့် သရုပ် ဆောင် လှမျိုးသဉ္ဇာနွယ်က ကိုယ့်လောကသားတွေ အတွက် ကူညီပေးချင်တဲ့ အတွက် ဝင်လျှောက်ဖြစ်တာ ပါလို့ဆိုပါတယ်။

“အစ်မက သရုပ်ဆောင် အလွှာကနေ အမှုဆောင် အနေနဲ့ ဝင်လျှောက်တာပါ။ အစတုန်းက စီးပွားရေး လုပ်နေတော့ ဘာမှ မလုပ်ဖြစ်ဘူး။ အခုအနုပညာ ဘက်ကို ပြန်လှုပ်ရှားနေပြီ ဆိုတော့ ကိုယ့်လောကသားတွေနဲ့ အမြဲတမ်း တွေ့နေ မြင်နေတယ်။ ကိုယ် ဒီကြား ထဲမှာ မလုပ်ဖြစ်ခဲ့တဲ့ နှစ်တွေကိုလည်း စိတ်မကောင်းဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့လောကသားတွေ အတွက် ဘာပဲဖြစ်ဖြစ် နှမ်းလေး တစ်ပွင့် ဖြစ်ရင်တောင်မှ ကူညီ ပေးချင်ပါတယ်ဆိုတဲ့ စိတ်နဲ့ပါ။ ဒီလိုမျိုး လုပ်ရတာက အချိန်ရော၊ လူရော အကုန်ပေးရတယ်။ ကိုယ့်လောကသားတွေနဲ့ အမြဲတမ်း ထိတွေ့ပြီးတော့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်အချင်းချင်းတွေ မြင်ရတော့ စိတ်ချမ်းသာ တယ်လေ။ သမီးလေး ကလည်း နည်းနည်း ကြီးလာတော့ သူ့ကို လက်လွှတ်လို့ရပြီ။ အမျိုးသား ကလည်း ခွင့်ပြုတယ်။ ကိုယ့်ဘဝ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ဝင်စားတဲ့၊ ဝါသနာပါတဲ့ အလုပ်ကို သွားလုပ်ပါလို့ တိုက်တွန်းတာ နဲ့ အစည်းအရုံးမှာ ဝင်လျှောက်ဖြစ်တာပါ” လို့ လှမျိုးသဉ္ဇာနွယ် က ပြောပါတယ်။ အမှုဆောင် အဖြစ် ရွေးချယ်ခံရရင် ပေးအပ်လာတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင် သွားမှာပါ ဆိုတဲ့ လှမျိုးသဉ္ဇာနွယ်က

“ရွေးကောက်ပွဲ ကတော့ အားလုံး မဲထည့်တဲ့ လူကတော့ ဥက္ကဋ္ဌ ဖြစ်လာမှာပေါ့။ အစ်မတို့က အမှုဆောင် ဆိုတော့ ဖြစ်လာတဲ့ ဥက္ကဋ္ဌကို ကိုယ် တတ်နိုင်တာလေး ဝိုင်းဝန်း ကူညီပံ့ပိုးပေးရမှာပေါ့။ အစ်မ တကယ်လို့ အမှုဆောင် ဖြစ်လာရင် သူတို့ပေးလာတဲ့ တာဝန်ကို လှုပ်ရှား သွားရမှာပေါ့။ အခုကတော့ အစ်မတို့ အနေနဲ့ လျှောက်ထားတဲ့ အဆင့်ဆိုတော့ ဘာလုပ်ပေးရမှန်း ဘာကူညီရမှန်း မသိသေးပါ ဘူး” လို့ပြောပါတယ်။

ခိုင်ဝေလွင် ၊
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*