နတ်မျက်စိ၏မှတ်စုများ -၁၅

နတ်မျက်စိ၏မှတ်စုများ -၁၅
August 25, 2017 Leanne Win
နတ်မျက်စိ၏မှတ်စုများ -၁၅

natt

နတ်တို့၏ လေးစားအပ် သော နတ်မျက်စိ သည် စွမ်းအားရှင် ( မြန်မာပြည်မှာ ပေါ်ထွက်ခဲ့ဖူးသော စွမ်းအားရှင် အမျိုးအစားမဟုတ်ပါ) ပီသစွာ လူ့ပြည်မှ သတင်းစာဂျာနယ်များ၊ အင်တာနက် သတင်းများ၊ FB ဗလရွှတ်တ သတင်းဆန်းများကို နတ်ပြည်ကနေ တတ်အားသမျှတော့ ဖတ်ရှုလေ့လာတတ်သည်။ တစ်ခါ တစ်ရံမှာတော့ နတ်ပြည်အ ရေးကိစ္စ တွေ ရှုပ်ထွေးလွန်းသဖြင့် လူ့ပြည် သတင်းတွေကို မေ့ထားရသည်။ နတ်ပြည်အရေးကိစ္စတွေမှ အားလပ် ခွင့်ရသည်နှင့် သူသည်လူ့ပြည်ကို သတိတရ တမ်းတမ်းတတ ဖြစ်လာ တတ်သည်။ အထူးအားဖြင့် နတ်မျက်စိသည် ဆင်းရဲသည့်ကြားက ၁၂ ရာသီပွဲတော်တွေသာမက စင် တင်ဂီတ လိုနောက်တိုးလျက် ပျော် ပွဲရွှင်ပွဲတွေ တခြိမ့်ခြိမ့်လုပ်တတ် သည့် မြန်မာပြည်ကြီးကို အထူးတမ်း တ လွမ်းဆွတ်သည်။

” အင်း… တောင်ပြုန်းနတ် ပွဲမှာ ကိုကိုကျော်တို့ ညီလေးကျော် တို့နဲ့ မကဲရတာ ကြာပြီ။ ဒီနှစ် တော့ တောင်ပြုန်းမှာ မိန်းမလျာ အသွင် ယူပြီး သွားကဲလိုက်ဦးမှ…”ဟု စိတ်ထဲက သာမက အသံထွက်၍ပါ ကြုံးဝါးလိုက်မိသည်။

“ဟေး… ဘော်ဒါ။ လေ့လာ ပါ၊ လေ့လာပါဆို Play boy မဂ္ဂဇင်း တွေပဲ မျက်နှာအပ်ထား ရသလား ကွ၊ မြန်မာပြည်မှာ H1N1 ကူး စက်အဖျားရောဂါကာကွယ် တား ဆီးတဲ့ အနေနဲ့ တောင်ပြုန်း နတ်ပွဲကို ဒီနှစ်တားမြစ်လိုက်ပြီ။ အလှဖန်တီး ရှင်တွေ မဒန့်(စ်)ရလို့ ဝမ်းနည်း ပက်လက် ဖြစ်ကုန်ပြီ”

အနီးရှိ နတ်ဘော်ဒါ တစ်ပါးက တံတောင်ဖြင့်တွတ်ပြီး သတိပေး လိုက်မှ နတ်မျက်စိ ပြူးပြူးပျာပျာ ဖြစ်သွားသည်။

“ကျန်းမာရေး အရာရှိတွေတော် တော် အတွေးတိမ်တာပဲကွာ။ တောင်ပြုန်းဆိုတာ အတွင်း ၃၇ မင်းအပြင် ၃၇ မင်း နတ်ပေါင်းစုံ ညီတဲ့ အထင်ကရ စုံညီပွဲတော်ကြီး မဟုတ်လား။ H1N1 ဗိုင်းရပ်စ်မ ပြောနဲ့။ ဗိုင်းရပ်စ်မှန်သမျှရဲ့ ခေါင်း ဆောင်  H1N1 တောင်နတ်မင်း အပေါင်းက ဖနောင့်စာ ဝိုင်းကျွေးမှာ စိုးလို့ တောင်ပြုန်းမြေကို မနင်းရဲဘူး။ တောင်ပြုန်းဟာ ဘေးဘယာအပေါင်း ဝေးကွာညောင်းစေတဲ့ ဘုန်းတန်ခိုး အာနုဘော် ရှိတယ်ဆိုတာ ကျန်းမာ ရေးအရာရှိတွေ မသိကြလေရော့သ လားဟယ်…”

နတ်မျက်စိမှာ ခဲလေသမျှ သဲရေကျ ခံစားရဟန်ဖြင့် တဗျစ် တောက်တောက် မြည်တွန်နေလေ သည်။

“တောင်ပြုန်းပွဲကို လက်လွှတ်ရ လည်းပျော်စရာ အဖုံဖုံ မြို့တော် ရန်ကုန်က နိုက်ကလပ်တွေ မှာ သွား ကဲပေါ့ကွာ” ဟု နတ်ဘော်ဒါက အကြံပြုသော်၊ နတ်မျက်စိသည် မျက်နှာ ငွေလင်းပပဖြစ်သွားတော့ ၏။

” ဟုတ်တယ်။ အဲသည်အကြံ Good သဟ ၊ မိုက်သဟ။ တောင်ပြုန်း မှာ ဒန့်မယ့်အစား ရန်ကုန်မှာသွား ဒန့်မယ်..”

သို့တပြီးကား… ကျွန်ုပ်တို့ နတ်မျက်စိသည် ကမ္ဘာလှည့် လူပျော် Playboy တစ်ယောက်ကဲ့သို့ အသွင် ယူကာ ရွှေမြို့တော် ရန်ကုန်သို့ လှစ် ခနဲ ခုန်ဆင်းသွားသည်။ ဒန့်လို့ အကောင်း ဆုံး နိုက်ကလပ်တစ်ခုထဲ  ID အတုပြကာ ဝင်လာခဲ့သည်။

နတ်မျက်စိသည် ကပွဲခန်းမထဲ သို့ မသွားသေးဘဲ ကရဲခုန်ရဲအောင် ရဲဆေးတင်ဖို့ ဘားခန်းထဲသို့ ဝင်လာ သည်။

” အိုင်ဆေး… မစ္စတာ ဂေါ့ဒ် အိုင်း၊ ဟောင်းဒူးယူဒူး”

အမှတ်မထင် တစ်စုံတစ် ယောက်က ဝမ်းသာအားရ နှုတ်ဆက် လာရာ နတ်မျက်စိ အံ့အားသင့်သွား ၏။ နှုတ်ဆက်သူမှာ ဆံပင်ကိုလိမ္မော် ရောင် ဆေးဆိုးထားပြီး အနက်ရောင် လယ်သာဝတ်စုံမှာ ဘော်ကြယ်တွေ ဗရပွ။ စတီးဆွဲကြိုးမျိုးစုံ တိုးလိုးတွဲ လောင်းနှင့် မျက်ခွံဆေးတွေ ဆိုး၊ နှုတ်ခမ်းနီတွေ ဆိုး၍ မိတ်ကပ် တွေ ဖွေးနေအောင် လိမ်းထားသူ ကိုကြီး ကျော်နတ် ဖြစ်နေကြောင်း နတ်မျက် စိက သိလိုက်သည်။

” သြော… ဘော်ဒါလည်း ဒီရောက်နေသကိုး”

“ပျော်ချင်ပါးချင်၊ ကချင်ဒန့်ချင် တော့ ဒီနေရာကိုပဲ အသွင်ယူပြီးလာရ သပေါ့။ ဒီနှစ်တောင်ပြုန်းက မပြုံးနိုင် တော့ဘူးလေ။ တောင်မဲ့ ဖြစ်သွားပြီ ဟဲဟဲဟဲ..” ဟုဆိုကာ ကိုကြီး ကျော် နတ်သည် ငါးသုံးလုံး စီးကရက်ကို စတိုင်ကျကျနှင့် ဖွာရှိုက်ရင်း သံသေးသံကြောင် (အသံတု)ဖြင့် ပြောနေသည်။

နတ်မျက်စိကား ” ခိုးစားတုန်း လူမိခံရသလို” မျက်နှာမထားတတ် အောင် ရှိုးတိုးရှန့်တန့် ဖြစ်နေသည်။ တောင်ပြုန်း နတ်ပွဲမှာဆိုလျှင် အ ကြောင်းမဟုတ်။ လူပျော်ပွဲ နတ်ပျော်ပွဲဖြစ်ရာ အပြစ်တင်ခံရ နိုင်စရာမရှိ။ အခုနေရာက လူတွေ ချည်း သက်သက်ပျော်ပွဲရွှင်ပွဲ နွှဲကြရာ၊ကဲကြရာ နိုက်က လပ် ဖြစ်နေ၏။ မိမိကဲ့သို့ အထက်တန်းစားနတ်နှင့် မသင့်တော် မလျှောက်ပတ်ချေ။

ကိုကြီးကျော်နတ်က မူးမူးနှင့် “ဒိဗ္ဗစက္ခုကြီး နိုက်ကလပ်ထဲမှာ မူးပြီး တွစ်ဆွဲ နေသဟေ့” ဟုလျှောက်ပြီး ပါးစပ်သရမ်းလျှင် မိမိသိက္ခာကျမည်။ ထို့ကြောင့် လစ်ပြေးဖို့ အကြောင်းပြ ချက်ရှာနေစဉ် ကိုကြီးကျော်က နတ်မျက်စိကို ဖမ်းဆွဲထားသည်။

” နေပါဦး မစ္စတာ ဂေါဒ်အိုင်း။ ဟိုမှာ… မင်းသမီး ဂျင်နီဖာလိုပက် လို ဝတ်စားပြင်ဆင်ထားတဲ့ အမေ ဂျမ်းနတ်လာနေပြီ။ သူနဲ့တွဲက လိုက် ပါလား”

နတ်မျက်စိသည် လိမ္မော်ရောင် ဝတ်စုံ နှင့် ဆက်ကော့လက်ကော့ လျှောက်လာနေသော အမေဂျမ်းနတ် ကို လှမ်းကြည့်ရင်း ကြက်သီးထလာ မိသည်။ ပါးစပ်ကြမ်းတဲ့ အဘွားကြီး နဲ့တော့ မဖြစ်ပါဘူးဟု တွေးကာ ကို ကြီးကျော် လက်ထဲကနေ ရုန်းထွက် သည်။

” အိတ်ကျူး(စ်)မီ၊ ဗိုက်နာပြီး အိမ်သာတက်ချင်လာလို့ ခွင့်ပြုပါ ဦး…”

နတ်မျက်စိ ထွက်သွားသော အခါ ကိုကြီးကျော်နတ်သည် ထွေ တေတေ ရီတီတီနှင့်…

“အထက်ဘုံက နတ်ထဲမှာ ဒီနတ်ကတော့ အကြောင်ဆုံးထင် ပါရဲ့။ သူတို့နတ်တွေဟာ ချိုင်းကြား က ချွေးထွက်ရုံနဲ့ နတ်သက်ကြွေတာပဲ မဟုတ်လား။ ရှူးရှူးပေါက်တယ် အီအီးပါတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒမ်း ဘလယ်ဒီ” ဟု ရေရွတ်ကျိန်ဆဲ နေလေတော့သည်။

“ဟဲလို..ကိုကျော်၊ ဘယ်သူကို မကျေနပ်လို့လဲဟင်”

အမေဂျမ်းက မေးလာသည်ကို မဖြေဘဲ ကိုကြီးကျော်က အမေဂျမ်း ၏ လက်တစ်ဖက်ကို ဖမ်းဆွဲလိုက်၏။

“ကဲ… ဂျမ်းရေ။ အချစ် ကလေးရေ… တောင်ပြန်းမှာ မကဲရတော့ နိုက်ကလပ်မှာပဲ ကွဲကြ ပြဲကြ ဟဲကြရအောင်”

ကိုကြီးကျော်နှင့် အမေဂျမ်းတို့ တောင်ပြုန်းအစားထိုး ပျော်ရွှင်မှုဖြင့် ကခုန်မြူးထူးနေကြစဉ် နတ်မျက်စိ ကတော့ ခြေဦးတည့်ရာ ထွက်ပြေး ရင်း လှိုင်သာယာကူးတို့ဆိပ် တစ်နေ ရာသို့ ရောက်သွား၏။ ထိုနေရာတွင် သဲတင်ထားသော စီဘီတွဲပေါ်မှ သဲ များကို အလုပ်သမားတွေက တောင်း တွေဖြင့်ထမ်းရင်း ကုန်းပေါ်သို့ တင် နေကြသည်။ သူတို့ခမျာ မောရမှန်း ပန်းရမှန်း မသိကြ။

” သြော်…နိုက်ကလပ်ထဲက ဘဝတွေနဲ့ ဒီနေရာက ဘဝတွေ ကွာခြားလိုက်တာ” ဟု နတ်မျက်စိက တွေးနေဆဲ၊ သဲကန်ထရိုက်က သူ့အ နားကပ်လာကာ…

“ဟေ့လူ။ ရပ်ကြည့်လို့ အမြတ်မ ရှိဘူး။ သဲဝင်ထမ်းပါလား။ သဲတစ် တောင်း ငါးဆယ်။ ဆယ်တောင်း ငါး ရာ။ တောင်းတစ်ရာကို ငါးထောင် ရမယ်။ ဘယ်လိုလဲ” ဟု လာဆွယ် သည်။

နတ်မျက်စိသည် သဲကန်ထရိုက် စကားကို မကြားရောင်ပြုကာ မှောင်ရိပ်ထဲ တိုးဝင်ကိုယ်ရောင် ဖျောက်လိုက်ပါသတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*