The Pizza Company မှ ပီဇာသစ်များ မိတ်ဆက်

The Pizza Company မှ ပီဇာသစ်များ မိတ်ဆက်
August 24, 2017 Leanne Win
The Pizza Company မှ ပီဇာသစ်များ မိတ်ဆက်

pizza

The Pizza Company  မှ စူပါဟာဝါရန် အရသာအသစ် ပီဇာများကို သြဂုတ်လ ၃ ရက်နေ့က ၃၁ လမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ TPC Bogyoke ပီဇာဆိုင်ခွဲမှာ မိတ်ဆက်ခဲ့ပြီ ဖြစ်ပါ တယ်။ ပုစွန်များများနှင့် စူပါဟာဝါရန် ပီဇာ၊ အစပ် အရသာစူပါဟာဝါရန် ပီဇာနဲ့ ကြက်သား အရသာနှစ်မျိုးပေါင်းစပ်ထားတဲ့ စူပါဟန် ဝါရန် ပီဇာစတဲ့ ပီဇာများလည်း ဖြစ်ပါ တယ်။ အဆိုပါ ပီဇာများကို ဇူလိုင်လ ၁၂ ရက်နေ့က စတင်ရောင်းချခဲ့ပြီး ရန်ကုန်နဲ့ မန္တလေးမြို့ရှိ The Pizza Company  ဆိုင်ခွဲများမှာ ဝယ်ယူစားသုံးနိုင်ကြောင်းလည်း သိရပါတယ်။ စူပါဟာဝါရန် ပီဇာမိတ်ဆက်ခြင်းနဲ့ ပတ်သက်ပြီး The Pizza Company မှ Marketing Manager  တစ်ဦးဖြစ်တဲ့ ကိုရဲထွန်းနိုင်က အခုလိုပြောခဲ့ပါတယ်။

“ကျွန်တော်တို့ The Pizza Company  ကတော့ ‘စိတ်လှုပ်ရှားပျော်ရွှင်စေတဲ့ အရသာသစ်များဆီသို့’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ထူးကဲတဲ့အရသာများနဲ့ အီတလီအစား အစာများ၊ စွဲမက်ဖွယ်ရာ အရသာ၊ ဆန်းသစ်တဲ့ Pizza များ၊ ပါစတာ၊  Appetizers  များကို စိတ်ကြိုက်စားသုံးနိုင်မှာ ဖြစ်ပါ တယ်။ အခုလို ဆန်းသစ်တဲ့ အရသာများကို ကျွန်တော်အနေနဲ့ အစဉ်မပြတ် မိတ်ဆက်ပေးလျက်ရှိပါတယ်။ နောက်ထပ်လည်း အရသာသစ်များ မိတ်ဆက်ပေးသွားဖို့ရှိပါတယ်”လို့ ပြောခဲ့ပါ တယ်။

The Pizza Company ဆိုင်ခွဲများမှ ဝယ်ယူစားသုံးသူများ အတွက် Promotion အစီအစဉ်များလည်း ထားရှိကြောင်း သိရပါတယ်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*