သမီးလေးကို ကုမုဒြာ ကောင်းခန့် လို့ အမည် ပေးထားတဲ့ ကောင်းခန့်

သမီးလေးကို ကုမုဒြာ ကောင်းခန့် လို့ အမည် ပေးထားတဲ့ ကောင်းခန့်
August 23, 2017 Asian Fame
သမီးလေးကို ကုမုဒြာ ကောင်းခန့် လို့ အမည် ပေးထားတဲ့ ကောင်းခန့်

KaungKhantသရုပ်ဆောင် ကောင်းခန့်နှင့် ဇနီး မရူပါတို့ရဲ့ သမီးဦးလေးမွေးဖွား ပြီးခဲ့တာ အခုဆိုရင် ၁လကျော်ရှိ နေပြီဖြစ်ပါတယ်။ အခုလောလော ဆယ်မှာတော့ သမီးလေးကို “ကုမုဒြာ ကောင်းခန့်”လို့ (ယာယီ)အမည်ပေး ထားကြောင်း သိရပြီး နာမည် ပေးဖြစ်ပုံနဲ့ ပတ်သက်လို့ ကောင်းခန့် ကို မေးမြန်းကြည့်ခဲ့ရာ …

“ကျွန်တော်တို့ လင်မယား နှစ်ယောက် စဉ်းစားပြီးပေးထားတာ ပါ။ လူကြီး သူမတွေလည်း မမေးရ သေးဘူး။ ဗေဒင်လည်း မတွက်ချက် ရသေးပါဘူး။ တနင်္လာသမီး ဆိုတော့ ကုမုဒြာကောင်းခန့်လို့ ပေးထားတာ ပါ။ ကျွန်တော့်နာမည်လည်း ပါ အောင် စဉ်းစားထားတာပါ။ နာမည် ပေးထားတာက တစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ ကုမုဒြာဆိုတာက ကြာပန်းပေါ့။ ပန်းမှာမှ အဓိပ္ပာယ် နက်နဲတယ်”လို့ ပြောပါတယ်။

သမီးလေးက အခုအချိန်မှာ အရမ်းငယ်သေးတဲ့ အတွက်ကြောင့် အစစအရာရာ ဂရုစိုက်နေ ရကြောင်း နဲ့ ပတ်သက်ပြီးလည်း ကောင်းခန့်က

“အခုလောလော ဆယ်မှာတော့ သူ့ရုပ်ကို ကြည့်လို့ မရသေးဘူး။ တစ်နေ့တစ်ရုပ် ထွက်နေတယ်။ သူ့အမေနဲ့ တူလိုက်၊ အစ်ကိုနဲ့တူ လိုက်ဖြစ်နေတယ်။ အစ်ကိုတို့ သူ့ကို တော်တော် ဂရုစိုက်နေရ တယ်။ တစ်လကျော် ဆိုတာတော် တော်နုသေးတယ်။ အစစ အရာရာ ဂရုစိုက်ရတယ်။ အခန်း သန့်ရှင်းရေးတွေက အစ temperia ture နဲ့ ပြန်ညှိရတယ်။ အကုန်လုံး လိုက်ပူနေရတယ်”လို့ ပြောပါ တယ်။

သမီးလေးကို ကြော်ငြာ ရိုက်ကူးဖို့ လာကမ်းလှမ်းခဲ့ပေ မယ့်အခုအချိန်မှာ အရမ်းငယ် သေးတဲ့အတွက် ရိုက်ကူးဖို့ လက် မခံခဲ့ကြောင်း ကောင်းခန့်က ပြောပါ တယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*