အဘုဖတ်ဖို့ကဗျာ(၁)

အဘုဖတ်ဖို့ကဗျာ(၁)
August 21, 2017 Leanne Win
အဘုဖတ်ဖို့ကဗျာ(၁)

g

တစ်ရက် စောဘရန်ငြိမ်း ဟာ ‘စာဟောင်းတော’ ထဲ ကြမ်းပိုးလုပ်တုန်း စိတ် ဝင်စားစရာ စာအုပ် ဟောင်းလေးတစ်အုပ် တွေ့မိတယ်။ စောဘရန် ငြိမ်း ဘယ်အချိန်ကများ ဝယ်ယူစုဆောင်းထား သလဲဆိုတာတောင် မမှတ် မိတော့ဘူး။ စိတ်အထင်ပြောရရင် စောဘရန်ငြိမ်း မန္တလေးညဈေး တန်းစဖွင့်စဉ်က ညဈေးမှာ စာအုပ် အဟောင်း ရောင်းဖူးတယ်။ အဲဒီ တုန်းက ကျန်တာလည်း ဖြစ်ချင်ဖြစ် မှာပေါ့။

စာအုပ်ကပြဇာတ်စာအုပ်လေး ပါ။ စာအုပ်အမည်က ‘သူခိုးပေတ’ ပြဇာတ်တဲ့။ ထုတ်တဲ့ခုနှစ်က (၁၂၅၉- ဝါဆိုလ)လို့ ပါသဗျ။ အဲ၊ စာရေးသူရဲ့ ကလောင်အမည် က ဒီနေ့ခေတ်မှာ ပေးလေ့ပေးထရှိ တဲ့ ကလောင်အမည်မျိုး။ ‘ဇွန်ခ’တဲ့။ ဒီဇွန်ခအမည်ကို ကြိုက်ပြီး စောဘရန်ငြိမ်းတောင် ‘ဂျွန်ခ’နာမည် နဲ့ ကလောင်ထပ်ခွဲရရင် ကောင်းမ လားစဉ်းစားမိတယ်။ အင်း … ‘ဂျွန်ခ’။ မိုက်တယ်နော်။ ဒီလိုနဲ့ ဇွန်ခ ကိုစောဘရန်ငြိမ်း လိုက်ရှာရာ၊ အဲဒီစာအုပ်နိဒါန်းမှာ ….

“ယခုချီ၊ ရှုမည်မေတ္တာဓာတ် တွေနှင့်၊ သင့်မြတ်စွာ ဖွဲ့အကုံးတွင်မှ၊ တွဲလုံးကို ကွန်ချာနှောင်လို့၊ ဇွန်ဝါ ခေါင် ပျော်လှုံသည့် (ခ) မှာဖြင့် မာန်မဖီ ခန္တီစငယ်ကြောင့်၊ အေးမြပါ ကြောင်း”

ဒါနဲ့ဇွန်ခကို ပိုသေချာအောင် ထပ်ရှာတော့ ဒီလို … ဒီလို။

“ပုစွန်တောင်ဟု၊ လွန်အောင် ယှဉ်လှ၊ မလပ်အခြေ၊ နတ်ရဝေကဲ့သို့၊ တပ်ဒေသက၊ ‘မောင်ခ’တွင်မည်၊ ကျွန်ုပ်သည်သာလျှင်”လို့ တွေ့မှ စွန်ခဆိုတာ နာမည်ကြီး ပြဇာတ်ရေး ဆရာကြီး ‘ပုစွန်တောင်ဆရာခ’မှန်း သိရတော့တယ်။

ဒီလို ဇွန်ခကို ပုစွန်တောင်ဆရာ ခမှန်း သိလိုက်ရတော့၊ စောဘရန် ငြိမ်း ဇွန်ခရဲ့ ဇာတ်ကောင် ‘အဘု’ကို သွားသတိရပါတယ်။ မသိတဲ့လူ တွေကတော့ စောဘရန်ငြိမ်းကို အပြစ်တင်စောကြတော့မယ်။ “မင်း နှယ်ကွယ် ဇွန်ခကို ပုစွန်တောင် ဆရာခမှန်း သိတာနဲ့ အဘုကို သတိ ရတယ်ဆိုတော့ စိတ်မှမှန်သေးရဲ့ လား”လို့ ထင်ချင်ထင်ကြမယ်ပေါ့။

အမှန်တော့ စောဘရန်ငြိမ်း အဘုကို သဘောကျတာ။ အဘုက ရိုးရိုးအဘုမဟုတ်။ ပုဂံအဘု၊ သို့မ ဟုတ် စလေငခွေးရဲ့ချစ်သော အဘု၊ ဒီစလေခွေးပြဇာတ်မှာ ငခွေးက လှေထိုးသား။ ဆင်းရဲသား။ အဘုက ချမ်းသာတဲ့ မိသားစုထဲက။ ဂုဏ်ရည် မတူဘူးပေါ့။ အဘုကလည်း အနေ အထိုင်မတတ်။ ဒီတော့ အနေအထိုင် မတတ်တဲ့ အဘု (ဇာတ်ကောင်) အတွက် ဆရာခ ဆီလျော်တဲ့တေး သွားကို ကြံစည်ရတော့တာပေါ့။ အမျှော်စိုက် တေးထပ်တွေကလည်း ရေးစပ်လှကြပြီပေါ့။ ဒွေးချိုးလေးက လည်း ရှေးရိုးကျလွန်းသပေါ့။ သဖြန် ပုလဲ အသံချွဲလွန်းတော့ ဆရာခ မကြိုက်။ ဒီတော့မှ ဆတ်ကော့ လက်ကော့ ကြွရွတေဲ့ အဘုလေး အတွက် ‘ရင်းမာပင်နွယ်သာကီ ပြဇာတ်’ကို ဆရာခ ရေးစပ်တော့ တာကိုး။

ကိုင်း အကြွေအရွမှာ ‘အဘု လေးရယ်တဲ့ ယှဉ်ကာပြိုင်’ ရအောင် ယင်းမာပင်ကို မြည်းးစမ်းကြည့်ကြပါ စို့။

ရင်းမာပင်
အသဲချမ်းခဲ့ ချင်းလာအောင် ငနဲဖမ်းတဲ့ ရင်းမာပင်တော်
ပွေငြိဇောဖွဲ့ပြင်းစွာပင်၊ ‘ကေနိကော’ရဲ့ ရင်းမာပင်တော်
သက်သက်ဆွဲလို့ ပြင်းစွာရွှင်၊ ပက်လက်လဲတဲ့ ယင်းမာပင်တော်
ဦးလှုံချရဲ့ ဖြေတင်းပါ၊ ဒူးတုန်ရတဲ့ ရွှေရင်းမာတော်။
လောလည်နဲနှင့် ပွေခင်းဖြာ၊ ဘော်လီပြဲတဲ့ ရွှေရင်းမာ။
အတော်ရွံ့ရဲ့ လေညင်းစွာ၊ မအော်ဝံ့တဲ့ ရွှေယင်းမာ၊
အကြောတွန့်ခဲ့ သေခင်းပြာ၊ မပြောဝံ့တဲ့ ရွှေရင်းမာ။
အတင်းရဲလွန်းရဲ့ ခြေဆင်းကာ၊ မငြင်းဝံ့တဲ့ ရွှေရင်းမာ။

ဆက်ဖတ်ရရင် ‘အမယ်မင်း ‘လို့ သာ၊ စောဘရန်ငြိမ်း အော်လိုက် မိမယ်ထင်ပါတယ်။ အခုအချိန် ဖတ် ရတော့ လက်ဖျားတွေအေးပါတယ်။ ဒါပေမဲ့ ဒီလို ‘ဂန္ထဝင်အရွှင်’တွေက စောဘရန်ငြိမ်းတို့ ငယ်စဉ်က ‘စာဖတ်ချင်အောင်’၊ ‘စာဖတ်ကျင့်ရ အောင်’ကူညီခဲ့တာတော့ အမှန်ပါ။ ဝန်ခံရလျှင် ပုစွန်တောင် ဆရာခရဲ့ ကျေးဇူးက အလွန်ကြီးမားခဲ့တာ အမှန်ပင်ဖြစ်ပါတယ်။

အခြေအနေပေးရင် ‘အဘုဖတ် ဖို့ကဗျာ -၂’ကို ဆက်လက်ရေးချင် ပါသေးရဲ့ဗျာ။

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*