August 17, 2017 Leanne Win

paper

ကျုပ်ရှေ့မှာ စာရွက် တစ်ရွက်ရှိတယ်။ အဲဒီ စာရွက်ဟာ စတုဂံပုံစံ ဖြစ်ပြီး အရောင်က အဖြူ ရောင်ဖြစ်တယ်။ စာရွက် ပေါ်မှာ မျဉ်းကြောင်းမပါ ဘူး။ စာရွက်ပေါ်မှာ ဘာမှ ရေးသားထားခြင်းမရှိဘူး။ စာရွက်ဟာ ဗလာသက်သက်။ ကျုပ်အဲဒီ ဗလာစာရွက်ကို စိုက်ကြည့်နေတယ်။ ကျုပ်အဲဒီ ဗလာစာရွက်ကို စိုက်ကြည့်နေပေ မယ့် ဘယ့်နှယ်မှ မနေဘူး။ ကျုပ် ရှေ့က စာရွက်ဟာ ငြိမ်ငြိမ်သက် သက်ပဲ ရှိနေတယ်။ ဗလာဖြစ်နေတဲ့ စာရွက်လွတ်တစ်ရွက်မှာ တစ်ခုခု တော့ ရေးခြစ်ဖို့ကောင်းတာပေါ့။ နို့ပေမယ့် ကျုပ်ဒီအတိုင်းပဲ ဗလာစာ ရွက်ကို ကြည့်နေတယ်။

ကျုပ်ဗလာ စာရွက်ကို သုံးလေး ကြိမ်လောက် ကြည့်မိတော့ ဗလာ စာရွက်နဲ့ ရင်းနှီးလာတယ်။ ကျုပ် ဗလာစာရွက်ကို ချစ်ခင်နှစ်သက်လာ တယ်။ ကျုပ်ဟာ အရာဝတ္ထုတွေကို တန်ဖိုးထားတတ်သူတစ်ယောက်ပါ။ ဗလာစာရွက်ဟာ ရှင်းလင်းတိတ် ဆိတ်မှုနဲ့ သူ့ဘာသာသူ တည်ရှိနေ တယ်။ ကျုပ်က ဒါကိုပဲ သဘောကျ တတဖြစ်နေတယ်။ ကျုပ်ရှေ့က ဗလာစာရွက်ဟာ ပြန့်ပြူးတယ်။ ညီညာတယ်။ အနားလေး ဘက်ပါရှိ နေတယ်။ သူ့မှာ ကိုယ်ပိုင်ကိရိယာ ငယ်ကလေးတစ်ခု ရှိနေတယ်။ ကျုပ် တော့ဖြင့် ဗလာစာရွက် တစ်ရွက်ကို ဖတ်နေမိ ပြီထင်ပါရဲ့။ ဒီလိုတော့ဖြင့် လည်း မဟုတ်သေးပေဘူး။

ကျုပ်လူငယ်ဘဝက ဒီလိုဘယ် ဟုတ် လိမ့်မတုန်း။ ဗလာစာရွက်တစ် ရွက်တွေ့ရင် တစ်ခုခုကို ရေးမိတာပဲ။ ကိုယ့်အမည်ကို ကိုယ်ရေးတယ်။ တစ်ခါတလေ ရှုပ်ထွေးတဲ့ မျဉ်း ကြောင်းတွေ ခြစ်ပစ်တယ်။ တစ်ခါ တလေ စာသားနည်းနည်းပါးပါး လည်း ရေးမိတာရှိတယ်။
ကျုပ်ကစာရွက်တွေနဲ့ ဟိုးစဉ် ကတည်းက အကျွမ်းတဝင်ရှိခဲ့တာပါ။ ကျုပ်ဟာ စာရွက်တွေကို ဖတ်ရှုဖို့ ဘယ်တုန်းကမှ ဝန်မလေးခဲ့ဘူး။ ခင်ဗျား ကြုံဖူးသလား။ ဗလာစာရွက် ပေါ်မှာ စာရေးပြီး အပြန်အလှန် ပြောကြတဲ့ နည်းလေ။ ကျုပ်သမီးငယ် ငယ်က ကျုပ်ကို စိတ်ကောက်ပြီး စကားမပြောဘူး။ အဲ-သူပြောချင် တာကို စာရွက်ပေါ်မှာ စာရေးပြီး ပြောတယ်လေ။

ဥပမာ။ အဖေ့ကို မခေါ်တော့ ဘူး (သမီးက ဗလာ စာရွက်ပေါ်ရေး ပြီး ကျုပ်လာပြတာ)။ ကျုပ်ကဘာဖြစ် လို့လဲလို့ ပြန်ရေးပေးရတယ်။ ဘာဖြစ် လို့လဲ။ အဖေကဆူလို့။ (သမီးက အဲဒီလို ပြန်ရေးသဗျ။) ကျုပ်ဘာ ကြောင့် စာရွက်တွေကို နှစ်သက်မြတ် နိုးတယ်ဆိုတာပြောပြရဦးမလား။

အင်း – အခုတော့ ကျုပ်အသက် ကြီးပြီ။ ကျုပ်ရှေ့က ဗလာစာရွက်ကိုပဲ စိုက် ကြည့်နေမိပြီ။ သူ့ဘာသာတည်ရှိ နေမှုဟာလည်း နှစ်လိုဖွယ်ရာ ကောင်းတယ်လို့ ကောက်ချက်ချမိပြီ။ မှန်ပါတယ်။ ကျုပ်ရှေ့မှာ ဗလာစာ ရွက်တစ်ရွက်ရှိတယ်။ ခင်ဗျားတစ်ခု ခု ရေးချင်တယ်ဆိုရင် ရေးနိုင်ပါတယ် လို့ ပြောပါရစေလား။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*