ချစ်တယ်

ချစ်တယ်
August 15, 2017 Leanne Win
ချစ်တယ်

chittal

ကျွန်မက နွေ၊ မိုး၊ ဆောင်း ဥတုသုံးရာသီစလုံးကို ချစ်တတ်တဲ့သူပါ။ နွေရာသီမှာ ပူပြင်းခဲ့တုန်းကလည်း ပူလို့သာပူ တယ်ပြောမိတယ်။ နွေဥတုကို တစ် ချက်မှ မငြိုငြင်မိပါဘူး စာဖတ်သူ။ ကမ္ဘာ့နိယာမ သဘောသဘာဝ အတိုင်း ဖြစ်တည်နေတဲ့ ဥတုရာသီကို လူသားတစ်ဦး အနေနဲ့ အပြစ်မတင် ထိုက်ပါဘူး။ သူတို့ရဲ့ဖြစ်ပေါ်နေတဲ့ သဘာဝ အသွင်သဏ္ဌာန်အတိုင်း လူသားက လိုက်လျောညီထွေရှိရုံ နေထိုင်ရပါမယ်ရှင်။ တစ်ခုပဲရှိပါ တယ်။ မိမိတို့တည်မှီနေတဲ့ ဥတုရာ သီကို ဖျက်ဆီးနိုင်စွမ်းကလည်း လူ သားမှာပဲ တာဝန်ရှိပါတယ်။ တိရစ္ဆာန်တွေ၊ သစ်ပင်တွေဆိုတာ အပြစ်ကင်းပါဘိသနဲ့။ လူသားလို ဥာဏ်ရှိရှာကြတာမဟုတ်ပါဘူးရှင်။ လူကသာ ကမ္ဘာလောကကြီးကို ချစ်ရင်ချစ်တဲ့အလျောက်၊ မုန်းရင် မုန်းတဲ့အလျောက် ဖျက်ဆီးနိုင် စွမ်းရှိကြပါတယ်စာဖတ်သူ။

နွေဥတုဆိုတာကလည်း ကျွန်မ တို့ငယ်စဉ်ဘဝက အခုခေတ်လောက် မပူပါဘူးရှင်။ သစ်ပင်တွေလည်း ပေါများနေသေးလို့လား မသိပါဘူး။ သစ်ရိပ်ဝါးရိပ်အောက်တွေမှာ လေတဖြူးဖြူးနဲ့ အေးမြခဲ့တာပါပဲ။ နွေရာသီကို ကျွန်မချစ်တာက ပန်း တွေမျိုးစုံပွင့်တဲ့ ကာလမို့ပါရှင်။ နှင်း ဆီပန်း၊ စံပယ်ပန်း၊ ဇီဇဝါပန်း၊ ပိတောက်ပန်း၊ ငုဝါပန်း၊ ကံ့ကော်ပန်း၊ အစုံပွင့်ပါတယ်။ မွှေးတဲ့ပန်းတွေက မမွှေးတဲ့ပန်းတွေထက် ပိုများပါတယ်။ တစ်ခုသတိထားရမှာက အေးတဲ့ တိုင်းပြည်ထက် နွေးတဲ့တိုင်းပြည်မှာ ပွင့်တဲ့ပန်းတွေက ပိုပြီးမွှေပျံ့ပါတယ် စာဖတ်သူ။ ပျားပိတုန်းတွေ လူးလာခတ်နေသလို လိပ်ပြာတွေ တဝဲဝဲနဲ့ ကြားကပွင့်တဲ့ ပန်းကလေး တွေကို တည်မှီပြီး ပျားကောင်လေးဆီ က ပျားရည်တွေကို လူတို့သောက် သုံးရပါသေးတယ်။ ပျားရည်ဆိုတာ ကလည်း ပျားကလေးတွေနားမှာ ပွင့်တဲ့ပန်းတွေအပေါ် တည်မှီပြီး အရသာတွေ အရောင်တွေအမျိုးမျိုး ပြောင်းလဲတတ်ပါတယ်။ ဒါပေမဲ့ ချိုမြတဲ့ အရသာနဲ့ ပုံစံအမျိုးမျိုး ဆေးဖက်ဝင်နိုင်စွမ်းရှိတဲ့ ပျားရည်က တော့ သဘာဝကပေးတဲ့ လူသားတွေ အတွက် လက်ဆောင်တစ်မျိုးပါပဲ။

ကျွန်မတို့တိုင်းပြည်ထဲက ပျား လဘို့တွေက မြင်ဖူးသလောက် သိပ် မကြီးပေမယ့် နယ်စွန်နယ်ဖျား တောနက်ကြီးတွေထဲမှာတော့ လှည်း ဘီးလောက်ရှိတဲ့ ပျားလဘို့ကြီးတွေ အများကြီးရှိတယ်တဲ့။ ဒီလိုဧရာမ ပျားလဘို့ကြီးတွေကို မုဆိုးတွေအများ ဆုံး ရှာဖွေတွေ့ရှိကြတာပါ။ ပျား ရည်တွေညှစ်လိုက်ရင် ပုံးတွေနဲ့ အများကြီး ရကြမှာပါ။ တောသတ္တဝါ ဝက်ဝံတွေနဲ့အပြိုင် လူကလုပြီး သုံးစွဲ နေကြတာပါပဲလေ။ ဆေးဖက်ဝင်တဲ့ ပျားရည်၊ ပန်းပေါင်းစုံရဲ့ ဝတ်ရည် တွေကို ပျားလေးတွေက စုပ်ယူပြီး ဖြစ်တည်လာတဲ့ ပျားရည်ကလည်း အသုံးတည့်လှပါတယ်။ ကျန်းမာရေး အတွက် ဆေးဝါးဖော်စပ်ရာမှာ သုံး သလို မုန့်တွေလုပ်တာလည်း ပျား ရည်ပါရင် အရသာရှိသပေါ့ရှင်။ ပျား ရည်ရဲ့စေးကပ်တဲ့ စွမ်းအားကြောင့် တာရှည်အထားခံတာလည်း လက် တွေ့တွေပါ။ ကမ္ဘာမှာ ကျော်ကြား တဲ့ တချို့သော မံမီများဆိုရင်လည်း ပျားရည်နဲ့စိမ်ထားတာ နှစ်ပေါင်း ထောင်ချီထားတာတောင် မပျက်စီး ဘူးတဲ့ရှင်။ ဒီပျားရည်တွေကို နွေဦး ရာသီမှာမှ ဖောဖောသီသီရကြတယ် လို့ ထင်ပါတယ်ရှင်။

နွေရာသီမှာ ခြောက်သွေ့တဲ့ အတွက် ခရီးသွားလာရာမှာလည်း ပေါ့ပါးသွက်လက်ကြပါတယ်။ မြန်မာ နိုင်ငံမှာလည်း နွေရာသီဆိုရင် ရုံး ပိတ်ရက်တွေများတော့ ပြည်တွင်း ပြည်ပခရီးသွားကြတာပေါ့နော် စာဖတ်သူ။ ကိုယ့်တိုင်းပြည်မှာက လည်း လှပသာယာတဲ့ ကမ်းခြေတွေ၊ ဘုရားပုထိုးတွေဆိုတာက ကမ္ဘာ ကျော်တာပါပဲရှင်။ အားလုံးလည် ပတ်ကြပါလေ။ ဒါမှအားမရရင် လည်း ပြည်ပထွက်လည်နိုင်တာ ကျွန်မချစ်တဲ့ နွေရာသီပါ စာဖတ်သူ။ ငယ်ဘဝကတည်းက ခုချိန်ထိသင်္ကြန် ပွဲတော်ရဲ့ အငွေ့အသက်ကို မက်မက် မောမောခံစားတတ်တာလည်း ကျွန်မပါပဲရှင်။ ကျွန်မတင်လားဆို တော့ တစ်ပြည်လုံးပေါ့ရှင်။ မြန်မာ့ သင်္ကြန်က ကမ္ဘာ့လူဦးရေအားလုံး နီးပါးရဲ့ အာရုံကိုလည်း ဖမ်းစားနိုင် ပါတယ်။ ရှည်လျားကျယ်ပြန့်တဲ့ လမ်းမတွေပေါ်က ရေစီးကြောင်းတွေ နဲ့ ရွှဲရွှဲစိုအောင်ပက်တဲ့ ရေပိုက်၊ ရေမှုန်တွေကြားမှာ လူတွေ လူတွေ ပျော်တာများ တာဝတိံသာက သိကြားမင်းတောင် ကြားရလောက်ပါ တယ်။ မြန်မာ့နှစ်သစ်ကူးကလည်း သင်္ကြန်အပြီးမှာကပ်ရက် ကျင်းပတာ ဆိုတော့ အပျော်အပါးတွေနဲ့ မြတ်စွာ ဘုရားရဲ့ တရားဓမ္မတွေကြားမှာ နံရံ ပါးပါးလေးပဲရှိပါတယ်။ လေးငါးရက် လောက် အားရပါးရ ရေတွေကြားမှာ ဆော့ကစားခဲ့တဲ့ မြန်မာလူမျိုးတွေ ဟာ သင်္ကြန်အပြီး နောက်တစ်နေ့ နှစ်ဆန်းမှာတော့ မြင်ကွင်းတစ်မျိုး ပြောင်းသွားပါပြီ။ များပြားလှတဲ့ မြန်မာပြည်သူ-ပြည်သား၊ ကလေး၊ လူကြီးမကျန် ဘုရားကျောင်းကန်တွေ ရဲ့ ရင်ပြင်ပေါ်မှာ ကောင်းမှုကုသိုလ် တွေလုပ်ပြီး မြန်မာ့နှစ်သစ်ကူးကို ကြိုဆိုကြပြန်ပါတယ်။ ဒါဟာ ကျွန်မ နှစ်သက်တဲ့ နွေရာသီပါပဲ စာဖတ်သူ။

အခုအချိန်မှာတော့ ကျွန်မချစ် တဲ့ မိုးတွင်းချိန်ခါဟာ တစ်ရက်မှ မနားဘဲ တစ်လလောက်နီးနီး မိုးတွေ၊ ရေတွေကြီးနေခဲ့ပါတယ်။ အနိမ့်ပိုင်း ဒေသတွေမှာ ရေကြီးရေလျှံဖြစ်ပေ မယ့် မိုးတွင်းရဲ့ သဘာဝစိမ်းစို လန်းဆန်းနေမှုကို ကျွန်မသိပ်ချစ်ပါ တယ်။ ဘယ်သစ်ပင်ကို ကြည့်ကြည့်၊ အိမ်တွေကို ကြည့်ကြည့်၊ ဖုန်မှုန့်တွေ မရှိတော့ဘူး။ သဘာဝတရားကြီးက သန့်ရှင်းရေးလုပ်ပေးလိုက်တာလေ။ နွေရာသီတုန်းက ငုပ်လျှိုးနေခဲ့တဲ့ သစ်ပင်နွယ်ပင်လေးတွေများ အညွှန့် တလူလူနဲ့ မိုးပေါ်မျာ မတ်မတ်ရပ် တည်နိုင်ဖို့ ကြိုးစားနေတာများ လူငယ် တွေ အတုယူသင့်တယ်။ မြို့တွေ၊ ရွာတွေ ရေကြီးတယ်ဆိုတာ ကတော့ ရေနှုတ်မြောင်းတည်ဆောက် မှုတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်မ ကြားဖူးသလောက်ကတော့ မြို့တစ် မြို့ တည်ဆောက်မယ်ဆိုရင် မြို့ ပတ်ပတ်လည်ကနေ တစ်ဆင့်စီးဝင် မယ့် နေရာအထိ ရေနုတ်မြောင်း တည်ဆောက်ရေးကဏ္ဍက အရေး ကြီးဆုံးပါပဲစာဖတ်သူ။ အဆောက် အအုံတွေထက်တောင် အရေးကြီးပါ သေးတယ်။ အခုရန်ကုန်မြို့က ပတ် ပတ်လည်မြို့ကွက်တွေချဲ့တဲ့အခါ အစဉ်အဆက် ပညာရှင်တွေက မြို့ သာစွတ်ချဲ့နေသလားမသိပါဘူး။ ရေမြောင်းတွေက စနစ်တကျမရှိ၊ မြို့ သူမြို့သားတွေ ပရမ်းပတာ၊ အမှိုက် ပစ်နဲ့ ရေတွေလုံနေတဲ့ မြို့ကြီးဖြစ် သွားတာပါပဲ။ ဒါလည်း ကျွန်မချစ်တဲ့ မိုးရာသီက မြင်ကွင်းလေးပေါ့ရှင်။ နောက်ကျရင် စနစ်တကျ မြို့တွေ တည်ဆောက်နိုင်ကြပါစေလို့ပဲ ဆု တောင်းပါတယ်။(ဤကားစကားချပ်)

ကျွန်မမိုးတွင်းကိုချစ်တာက ငယ်ဘဝကတည်းကပါ။ မိုးတွေသည်း ကြီးမည်းကြီးရွာလို့ အိမ်ခေါင်မိုးေ ပ်ါကိုကျတဲ့ မိုးရေသံဟာ အင်မတန် ခံစားလို့ အရသာရှိပါတယ်။ အိမ်ခန်း ထဲမှာ နွေးနွေးထွေးထွေး စောင်ခြုံ ကြားမှာကွေးပြီး သွပ်မိုးပေါ်ကျတဲ့ မိုးစက်သံတွေကို နားထောင်ရင်း အိပ်ရတာ နှစ်နှစ်ခြိုက်ခြိုက်ပါပဲ စာဖတ်သူ။ မိုးရွာပြီးစ ဖားမျိုးစုံအော် သံကြားရင် ပိုပြီးလိုက်ဖက်တဲ့ အသံ တွေပါပဲ။ မောင်နှမတွေမိုးရွာရင် ရေထွက်ချိုးကြ၊ ပျော်ကြ၊ အော်ကြ၊ ဟစ်ကြနဲ့ မိုးကြိုးပစ်သံ တစ်နေရာက ကြားရင်တော့ အမေတို့၊ အဘွားတို့ ရှေ့မှာ ဖင်ဘူးတောင်းလေးတွေ ထောင်ပြီး ရှိခိုးနေကြတာများ ခုချိန် မှာ လွမ်းမိသေးတော့တယ်။ ငယ်ဘဝ ကျောင်းတက်တော့ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူတွေအား လုံး ကောက်စိုက်ကြရတာလည်း အမှတ်တရပါပဲရှင်။ တစ်ခေါ် တစ်မျှော် လယ်ကွင်းတွေမှာ ကောက်စိုက်သမတွေရဲ့ သီချင်း သံတွေနဲ့ ဆူညံနေပြီး သာယာလှတဲ့ မြင်ကွင်းကို မြင်ရပါတယ်။ လွမ်း ဆွတ်မိတယ် တစ်ခါတစ်ရံဆီ။

မိုးတွင်းမှာ ရတဲ့ငါးသေးသေး လေးတွေကို ပင်စိမ်းရွက်အုပ်ချက် တဲ့ ငါးလေးအိုးကပ်ချက် အမေ့ လက်ရာကိုလည်း လွမ်းမိပါတယ်။ တကယ်ကောင်းတာပါ။ မြန်မာနိုင်ငံ ဟာ စားစရာအမျိုးစုံပေါတဲ့ နိုင်ငံပါ။ ကျွန်မတို့ပိုင်တဲ့ ပင်လယ်ပြင်ကြီးမှာ သူများနိုင်ငံတွေလို ခေတ်မီငါးဖမ်း ကိရိယာတွေက ရှိလည်းနည်းနည်း ပဲဆိုတော့ ပင်လယ်ထဲမှာ ငါးတွေ အများကြီးရှိနေမှာလို့ ဟိုးဆယ်စုနှစ် တွေကတည်းက တွေးခဲ့မိပါတယ်။ ကျွန်မစဉ်းစားတာများ ဘေးပတ်ဝန်း ကျင် အိမ်နီးချင်းနိုင်ငံတွေက သူတို့ ပိုင်နက်မှာ ငါးတွေကို အကုန်အစင် နည်းမျိုးစုံဖမ်းတယ်ဆိုတော့ ကျေနပ် နေတာလေ။

“ကောင်းတယ်။ ဒါမှငါးတွေ သူတို့ဆီတွေမှာ မနေတော့ဘဲ ငါတို့ ရေပိုင်နက်ထဲ အများကြီးရောက်နေ ကြမှာလေ။ ဘေးကင်းတဲ့နေရာကိုး” ဒီလိုတွေးခဲ့မိပါတယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ ကျွန်မ ထင်သလိုဖြစ်မလာဘူး။ အိမ်နီးချင်း နိုင်ငံတွေက ကိုယ့်ပိုင်နက်ထဲက ငါး တွေကို ခိုးပြီး သူတို့နိုင်ငံဈေးကွက် တင်နေတာ နည်းမှ မနည်းတာက လား။ ထားဝယ်မှာနေတုန်းက ဝါး တွေနဲ့ လုပ်ထားတဲ့လှေမို့ =ဝါးလတ် လှေ+လို့ ခေါ်တာထင်မိခဲ့တဲ့ လှေတွေ ဟာ ကိုယ့်နိုင်ငံသားနာမည် နဲ့ သူတို့ ဟာတွေ အများသားပဲလေ။ ရသမျှ ငါးမျိုးစုံ အကြီးအသေးမကျန် သိမ်း ကြုံးဖမ်း၊ ပင်လယ်အောက်မြေပြင် အထိ ဒယဉ့်ဆွဲ၊ ပိုက်တွေနဲ့ဖမ်း ဖမ်း ချင်တိုင်းဖမ်းနေကြတာ ကုန်ပြီပေါ့။ ကျွန်မတစ်လောက စာစောင်တစ်ခု ထဲမှာ ဖတ်လိုက်ရတာ စိတ်မချမ်း မသာဖြစ်သွားတယ်။ မြန်မာ့ရေပိုင် နက်ထဲမှာ ငါးသယံဇာတကိုး ဆယ် ရာခိုင်နှုန်းလောက်မရှိတော့ဘူး ဆိုလား ဖတ်လိုက်ရတယ်။ ဖြစ်မှဖြစ် ရလေခြင်းလို့ တွေးမိတယ်။

သူခိုးတွေက ကိုယ့်ရေပြင် ပင်လယ်ပေါ်မှာ ငါးဖမ်းသဘောင်္နဲ့ လာပြီး တစ်ခါတည်းစက်တွေနဲ့ ငါး သေတ္တာစည်သွတ်ဘူးတွေထုတ်ပြီး ကိုယ့်နိုင်ငံကိုပြန်ရောင်းတဲ့ နိုင်ငံမျိုး တွေရှိတာလည်းသိတော့ ဘာတတ် နိုင်မလဲ။ ခုတော့ ငါးတွေကုန်သ လောက်ဖြစ်ပြီတဲ့။ ဒါကလည်း မိုး တွင်းမှာ ငါးနုပ်ငါးဖွဲလေးတွေ၊ မြစ် ငါးတွေစားရင်း ကြီးပြင်းခဲ့ရတဲ့ မိုး တွင်းမှာ ရေချိုငါးပေါတဲ့ အချိန်ကာ လလေးကို သတိရရင်း တစ်ဆက် တည်း ရေးမိတာပါ စာဖတ်သူရယ်။

မိုးကိုချစ်သလို ဆောင်းကို လည်း ချစ်တတ်တာ ကျွန်မပါပဲရှင်။ ဆောင်းလေအေးဆိုတာ ဟိုတုန်းက တကယ်အေးတာပါရှင်။ တိုက်ကြီး ဂျိုးဖြူတပ်မှာနေတုန်းကဆိုရင် မနက်စောစော နှင်းတွေထူထူထဲထဲ ကြားထဲကနေ ကျောင်းကားနဲ့ ခုနှစ် မိုင်ဝေးတဲ့ တိုက်ကြီးမြို့မှာ ကျောင်း သွားတက်ရတာ တကယ်ပျော်စရာ ကောင်းပါတယ်။ ကားပေါ်မှာထိုင် ရင်း လေနဲ့အတူပါလာတဲ့ နှင်းငွေ့ အေးအေးလေးတွေကို မျက်နှာနဲ့ ခံစားရင်း ပျော်တတ်ပါတယ်။ ဟို တုန်းက ဆောင်းရာသီက တကယ့် ကို ဆောင်းရာသီပီပြင်လှပါတယ်။ အေးမှအေးပါပဲ။ ဆောင်းတွင်းမှာ သီးပွင့်တဲ့ အသီးအနှံမျိုးစုံကလည်း စားလို့မကုန်နိုင်အောင်ပါပဲ။ အထူး သဖြင့် အမေတို့က ဘူးပင်လေးတွေ စိုက်ပြီး ဘူးသီးပုပ်လေးတွေကို ရှား ရှားပါးပါး တို့စားတတ်တာလည်း အမေတို့ကြောင့်ပါ။ ဘူးညွန့်ဟင်းချို စိမ်းစိမ်းရွက်လေးတွေနဲ့ မြိန်မှမြိန်။

ဆောင်းတွင်းမှာ တစ်ပြည်လုံး လိုလို အငြိမ့်ပွဲလမ်းသဘင်တွေ များ တော့ ပွဲတိုင်းလိုလိုမှာ ဘူးသီး ကြော်ဗန်း ကြီးတွေနဲ့ ဆလတ်ရွက် စိမ်းစိမ်းတွေက မိတ်ဖက်ပါပဲ စာဖတ် သူ။ ဘူးသီးကြော်နီနီလေးတွေကို အချဉ်ရေနဲ့တို့စားပြီး ဆလတ်ရွက် စိမ်းစိမ်းတွေ ကိုက်စားခဲ့ရတဲ့အရသာ ခုခေတ် ကလေးတွေသိမယ်မထင်။ သိလို့ စားရင်လည်း စားအုန်းဆီနဲ့ အချဉ်ရေနဲ့ ဆလတ်ရွက်မှာတင် တားမြစ်ဆေးရောင်တွေနဲ့ ပိုးသတ် ဆေးတွေကြောင့် မြန်မြန်သေမှာဆို တော့ဆုပ်စူးစားရူးဘဝပါ စာဖတ်သူ။

ဆောင်းနဲ့အတူပွင့်တဲ့ ဆောင် တော်ကူးပန်းအဆုပ်လိုက်ခဲနေ အောင်ပွင့်ရင် ကျွန်မသိပ်ပျော်တာ ပါပဲရှင်။ အခုတော့ တစ်ခါတလေ ဈေးထဲမှာတွေ့မိသေးပေမယ့် အရင် လို ပေါပေါများများ မတွေ့ရဘူး။ ဘုရားတင်တဲ့အခါ အမြင်လေး လှသ လောက် ဆောင်တော်ကူးပန်းပွင့် လေးတွေရဲ့ မွှေးရနံ့က လေဝှေ့ တိုင်း မွှေးတတ်တာပါ။ မစိုးရိမ်ခြံမှာ နေခဲ့တုန်းက အိမ့်ရဲ့မြက်ခင်းပြင်မှာ ကျွန်မပွင့်လက်စနှင်းဆီအိုးတွေ မြက် ခင်းပြင်ထဲမှာ အများကြီးချထားခဲ့ဖူး တယ်။ မနက်မိုးလင်း ကျွန်မ အိပ်ခန်း ထဲက လှမ်းကြည့်လိုက်ရင် နှင်းတွေ ခပ်ထူထူလေးကျနေတဲ့ ခြံထဲမှာ နှင်းဆီပန်းရောင်စုံလေးတွေ ပွင့်နေ တာကို မပီဝိုးဝါးမြင်ခဲ့ရတဲ့အရ သာကို နေ့တိုင်းခံစားခဲ့ဖူးပါတယ်။ ဘာနဲ့မှ မတူတဲ့ခံစားမှုပါ။ နှင်းတော ထဲမှာ နှင်းဆီပန်းလေးတွေကို မြင် ယောင်ကြည့်ကြပါရှင်။

တစ်ခုသော ဒီဇင်ဘာလတစ် လမှာ ဗုဒ္ဓဂယာကို ဇနီးမောင်နှံ ဘုရားဖူးရောက်ခဲ့ပါတယ်။ အင် မတန်အေးတဲ့ အိန္ဒိယရဲ့နှင်းတွေ ထူပိန်းနေတဲ့ နှင်းတောထဲကနေ ဘုရားတွေ ဖူးခဲ့ရတာလည်း ဘဝမှာ အေးချမ်းမှု တစ်ခုပါပဲရှင်။ နှင်းထူ ထူကို ဖြတ်ရမယ်ဆိုကတည်းက ကျွန်မမျက်နှာကို နှင်းတွေထိတွေ့ အောင် မော့ထားလိုက်ပြီး ဖြည်း ဖြည်းလျှောက်ပါတယ်။ လတ်ဆတ် လွန်းတဲ့ အေးမြလွန်းတဲ့ လေကလေး ကို ရှူရင်းဘဝကို ပြည့်စုံစေတာမို့ မိဘကို ဘုရားဖူးပို့ပေးတဲ့ သမီးကြီး ကိုလည်း ကျေးဇူးတင်မိသေးတယ်။ ဗုဒ္ဓဂယာက ဆောင်းသီးနှံတွေကြီး မားပုံကိုတော့ ရောက်ဖူးသူများ သိကြမှာပါစာဖတ်သူ။

ကျွန်မလေ – နွေဥတုကိုချစ်တယ်။ နွေရဲ့အမှုန်အမွှားလေးတွေကိုပါ ချစ်တယ်။ (ဇာတ်လမ်းတွဲထဲကလို ပြောတာ)
ကျွန်မလေ – မိုးဥတုကိုချစ်တယ်။ မိုး ရဲ့အမှုန်အမွှားလေးတွေကိုပါချစ်တယ်။
ကျွန်မလေ – ဆောင်းတွင်းကိုချစ် တယ်။ ဆောင်းနှင်းမြူလေးတွေရဲ့ အမှုန်အမွှားလေးတွေကိုပါ ချစ်တယ် ရှင်။

စိုးကြည်ဖြူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*