အချစ်ကို ဦးစားမပေးချင်တော့တဲ့ ရတနာဖြူဖြူအောင် ရဲ့ ၂၆နှစ်ပြည့် မွေးနေ့အလှူ

အချစ်ကို ဦးစားမပေးချင်တော့တဲ့ ရတနာဖြူဖြူအောင် ရဲ့ ၂၆နှစ်ပြည့် မွေးနေ့အလှူ
August 14, 2017 Asian Fame
အချစ်ကို ဦးစားမပေးချင်တော့တဲ့ ရတနာဖြူဖြူအောင် ရဲ့ ၂၆နှစ်ပြည့် မွေးနေ့အလှူ

_K3A1006သရုပ်ဆောင် ရတနာဖြူဖြူအောင် ရဲ့ ၂၆ နှစ်ပြည့်မွေးနေ့ အလှူ အဖြစ် သြဂုတ်လ ၇ရက်နေ့ မနက် ၁ဝ နာရီက အလိုတော်ပြည့် ကျောင်း တိုက်မှာ ပြုလုပ်ခဲ့ ပါတယ်။

ဒီနှစ်မွေးနေ့ မှာ မွေးနေ့ရှင် ရတနာဖြူဖြူအောင်က ကျေးဇူး တော်ရှင် အလိုတော်ပြည့်ဆရာတော် ဘုရားကို အမှူးထားပြီး ဝါဆိုသင်္ကန်း ဆက်ကပ်ခဲ့သလို သံဃာတော်အပါး ၂၅ဝ၊ ယောဂီ အယောက် ၁ဝဝ တို့ အတွက်လည်း နေ့ဆွမ်းဆက်ကပ် ခဲ့ပါတယ်။

ဒီနှစ်ကတော့ ဘုန်းကြီးကျောင်းမှာ မွေးနေ့ လုပ်ဖြစ်သွားတယ်။ ဝါဆို သင်္ကန်းလည်း တွဲပြီး ကပ်လိုက် ရတော့ တော်တော်တော့ ကျေနပ် ပီတိဖြစ်ရတယ်။ ဆရာတော်ကြီးကို လည်း ဆွမ်းကပ်ရတယ်။ ဒီနှစ်မွေးနေ့လေးက တော့ တည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်း လေး နဲ့ ဖြတ်သန်း ရတယ်။ အရင်နှစ်တွေ တုန်းကတော့ မိဘမဲ့ကလေးကျောင်းတွေမှာ သွားလုပ်ဖြစ်တယ်။ ဘုန်းကြီးကျောင်းဆိုလည်း ရိုးရိုးပဲ ဆွမ်းကပ်ဖြစ်တယ်။ ဒီနှစ်မွေးနေ့လို အလှူကြီးပုံစံမျိုး မလုပ်ဖူးသေးဘူး။ ဒါပထမ ဦးဆုံးပါ” လို့ မွေးနေ့ရှင် ရတနာဖြူဖြူ အောင် က ပြောပါတယ်။

မွေးနေ့ရောက်တိုင်း အသက် တစ်နှစ် ကြီးလာပြီဖြစ်တဲ့အတွက် ပိုပြီး ရင့်ကျက်လာပြီး စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစား နေထိုင် သွားမယ် လို့ဆိုတဲ့ ရတနာဖြူဖြူ အောင်က …

“အရင်တုန်း ကဆိုရင် တစ်ခုခု လုပ်မယ်ဆို စိတ်မြန် လက်မြန်နဲ့ လုပ်တတ်တယ်။ တစ်ခုခု ဆိုလည်း တအား အားငယ်တတ်တယ်။ တစ် ယောက်ယောက် ပြောလိုက်တာနဲ့ ငါအဲဒီလို ဖြစ်နေပြီလားလို့ ခံစားရတယ်။ အခုတော့ ဘယ်လိုမျိုး စိတ်ကို ဆုံးဖြတ်လိုက်လဲ ဆိုတော့ ဘယ်သူတွေ ဘာပဲပြောပြော ကိုယ် ကိုယ်ကိုယ် အသိဆုံး။ အဲဒီအတွက် ကိုယ် target  လုပ်ထား တာ တစ်ခုကို ရောက်အောင် ဘယ်လို သွားမလဲ။ အဲဒီလိုမျိုးပဲ စဉ်းစားထားတယ်။ စိတ်မြန် လက်မြန် လုပ်တာကိုလည်း လျှော့လိုက်တော့ မယ်။ စိတ်ကို တည် တည်ငြိမ်ငြိမ်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်”  လို့ ပြောပါတယ်။

အခုလက်ရှိမှာတော့ အချစ်ရေးက တစ် ယောက်တည်းပါပဲ ဆိုတဲ့ ရတနာဖြူဖြူအောင်က အချစ်ရေးကို သိပ်ဦးစား မပေးချင်တော့ပဲ အလုပ်တွေကိုပဲ ဦးစားပေးချင်နေပြီး အချစ်က ပူလောင်တဲ့အတွက် တစ်ယောက်တည်းပဲ အေး အေး ဆေးဆေး ဖြတ် သန်းသွားချင်တယ် လို့ ဆို ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*