ဆုလတန် လဇိ

ဆုလတန် လဇိ
August 11, 2017 Leanne Win
ဆုလတန် လဇိ

su

‘ဆုလတန် လဇိ’၏ အမည် အပြည့်အစုံမှာ ဆုလတန် အာလာဥဒ္ဒိန်ခိလဇိ ဟု ဖြစ်သည်။ ထို ဆုလတန် ဥဒ္ဒိန်ခိလဇိ သည် မြန်မာကျမ်းတတ်ပညာရှိကြီး တစ်ဦး၏ စာလုံးပေါင်းအတိုင်းဖြစ် သည်။ စောဘရန်ငြိမ်းလို ငတိက စာလုံး ပေါင်းအသံထွက်မျိုးပင် မှန် အောင်ကန်အောင် မဖတ်တတ်ပေ။ သို့သော် ထိုအမည်ရှင်၏ ချစ်စနိုး ခေါ်ကြသော ‘နာမည်တို’ ဆုလတန် လဇိကိုမူ ခေါ်ရတာ ပါးစပ်တွင် ‘ချော’သည်။ ထို့ကြောင့် ခေါ်လိုက် ဦးမည်။

ဆုလတန်လဇိ
ဆုလတန်လဇိ
ဆုလတန်လဇိ

အမှန်တော့ ထို ဆုလတန်လဇိ သည် နယ်နယ် ရရ ဆုလတန်လဇိ တော့ မဟုတ်။ သူ သည် ဘုရင်တစ်ပါး။ ဒိလ္လီမြို့တော်မှာ နန်းစိုက်သူ။ သက္ကရာဇ်အားဖြင့် (၁၂၉၅-၁၃၅၁) ဖြစ်သည်။ ထိုဘုရင်သည် (၁၃ဝ၃)ခုနှစ်တွင် ‘စိတ္တောရမြို့’ကို ကျူးကျော် စီးနင်းဝင်ရောက်သည်။
အဲ…ဒီနေရာမှာ စောဘရန် ငြိမ်း ပြောချင်တာက ဆုလတန်လဇိ အကြောင်းတော့ မဟုတ်ဘူးခင်ဗျ။ ပြောချင်သည်မှာ စိတ္တောရမြို့သား ‘သမရသီဟ’အမည်ရှိ သူငယ်လေး တစ်ယောက်အကြောင်းသာ ပြောလို ခြင်းဖြစ်ပေသည်။ အဆိုပါ သမရသီ ဟ သို့မဟုတ် သီဟသည် ဆုလတန် လဇိဆိုသောအမည်ကို ‘ခေါ်၍ ကောင်း၍လားမသိ’ ဆုလတန်လဇိ ကို သူ့ပါးစပ်ထဲကမချ။

သီဟတွင် စိတ္တောရမြို့သူ ‘ဝိဇ္ဇု လ္လတာ’အမည်ရှိသော ကောင်မလေး ကို ချစ်ကြိုက်လျက်ရှိသည်။ သူမ နာမည်ကိုတော့ ချစ်ရင်းနှီးသူများက ‘လတာမ’ဟုသာ ခေါ်ကြသည်။ ဇာတ်လမ်းမှာ သီဟတစ်ယောက် ဆုလတန်လဇိနှင့် လတာမကြား ဗျာများသော ဇာတ်လမ်းပင်။ လတာမက မျိုးချစ်စိတ်ပြင်းထန်ပြီး ကျူးကျော်သူ ဆုလတန်လဇိကို တိုက်ထုတ်ပစ်ချင်သူဖြစ်သည်။ သီဟ ၏ ချစ်ရေးဆိုမှုကိုလည်း လက်မခံ သေးဘဲ အချိန်ဆွဲထားချိန်ဖြစ်သည်။ ဆုလတန်လဇိကို နိုင်အောင်တိုက်ပေး ပြီးမှ အချစ်ကိုလက်ခံမည်ဖြစ် ကြောင်း လတာမက ခပ်ရှင်းရှင်း ပြောထားပြီးဖြစ်သည်။

‘အို … ဆုလတန်လဇိ၊ သင့် ကိုငါ ချေမှုန်းအံ့’
သီဟအထက်ပါအတိုင်း ကြွေး ကြော်ရင်း အခြားစစ်ထွက် သူများ နှင့်အတူ ရှေ့တန်းက လိုက်ပါသွား ၏။ စစ်မြေပြင်ရောက်သော် ဆုလ တန်လဇိတပ်များကိုကြည့်ကာ သီဟ သည် သီဟပီပီ လန့်သွားတယ်။ သည်တော့ ဘယ်သူမှမသိအောင် ရှေ့တန်းကနေ လတာမရှိရာ စိတ္တောရသို့ ပြန်ဒိုးလာခဲ့တော့၏။ လတာမနှင့် တွေ့သောအခါ……….

“နှမလေးမခွဲနိုင်လို့ စစ်ထဲက ပြန်ပြေးခဲ့ပြီ။ ဒိလ္လီဘုရင့်တပ်ဟာ ငါတို့စိတ္တောရကို ဝိုင်းကြတော့ အခု အခြေအနေအတိုင်း အကုန်သေကုန် တော့မှာပဲ။ တို့နှစ်ယောက် စိတ္တောရ က ထွက်ခွာကြစို့”

သီဟပြောဆိုမှုကို လတာမ လက်မခံ။ သီဟအဖို့ အခြေအနေ မကောင်းတော့။ အချစ်ရဖို့ ပြန်၍ စစ်ထွက်ရဦးတော့မည်။
‘အို …ဆုလတန်လဇိ၊ သင့်ကိုငါချေမှုန်းအံ့’

ထပ်မံကြွေးကြော်ပြီး သီဟစစ် ထွက်ပြန်သည်။ အခဲမကြေ ဒုတိယ အကြိမ်ပင်။ စစ်မြေပြင်ရောက်သော အခါ သီဟသည် သီဟပီပီ လန့်ပြန် ၏။ စိတ္တောရကိုပြန်ဖို့လည်း မဖြစ် နိုင်။ သီအဖို့ အခြေအနေက ရန်သူ နှင့် တိုက်မလား၊ ပေါင်းမလား အခြေအနေမျိုးဖြစ်နေသည်။ နောက် ဆုံးတော့ သီဟသည် သီဟပီပီ ရန်သူ နှင့်ပူးပေါင်းလိုက်တော့၏။ လျှို့ဝှက် အပ်သော စိတ္တောရ အခြေ အနေများ ကိုလည်း ရန်သူဘုရင် ဆုလန်တန်လဇိကို ဖွင့်ချလိုက်တော့ ၏။ စိတ္တော ရလည်း ‘ကျ’သည်။

သီဟလည်း ရန်သူစစ်ဗိုလ်ကြီး များ ခြံရံကာ လတာမအိမ်သို့ ဝင်လေသည်။ လတာမလည်း ရန်သူ နှင့် သီဟတွဲမြင်လိုက်ရတော့မှ ‘ဇာတ်ရည်လည်’သွားတော့၏။ ‘အတွင်းသစ္စာဖောက်’ကို လတာမ တွေ့သွား၏။ ပြီးတော့ တုံ့ပြန်သည်။

“နင့်လိုယုတ်မာတဲ့ အကောင် အတွက်၊ နင့်လိုသူရဲဘောင်ကြောင် တဲ့အကောင်အတွက်၊ ရဲရင့်တဲ့ မိန်းမ တစ်ယောက်ရဲ့ နှလုံးသားထဲမှာ နေရာမရနိုင်ဘူး။ မြေခွေးတစ် ကောင်က ခြင်္သေ့မဂူထဲ အောင်းချင် လို့ ရမလား ဟဲ့..”

ယင်းသို့ပြောဆိုပြီး လတာမ သို့မဟုတ် ဝိဇ္ဇုလ္လတာသည် လျှပ်စစ် ၏ မြန်ခြင်းမျိုးဖြင့် သူ့ရင်ဘတ်ကို ဓားမြှောင်ဖြင့် အားကုန်ထိုးစိုက် ချတော့၏။

သီဟ သို့မဟုတ် သမရသီဟ သည် မြင်ကွင်းကြောင့် အထိတ်တ လန့် အားကုန်အော်လိုက်တော့ သည်။
” အို …ဆုလတန်လဇိ”

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*