ဒါရိုက်တာ ဆိုတာ King of the Set မဟုတ်တော့ဘူး Team of the Set ပါ ဒါရိုက်တာ မောင်မျိုးမင်း

ဒါရိုက်တာ ဆိုတာ King of the Set မဟုတ်တော့ဘူး Team of the Set ပါ ဒါရိုက်တာ မောင်မျိုးမင်း
August 3, 2017 Asian Fame
ဒါရိုက်တာ ဆိုတာ King of the Set မဟုတ်တော့ဘူး Team of the Set ပါ ဒါရိုက်တာ မောင်မျိုးမင်း

ZAW_2721၁၉၉၃ ခုနှစ်ကနေ စပြီး ဒါရိုက် တာတစ်ဦး အဖြစ် အနုပညာလော ကထဲကို ဝင်ရောက်ခဲ့ပြီး အခုအချိန် ထိတိုင် နာမည်ကျော် ဒါရိုက်တာ တစ်ဦး အနေ နဲ့ ရပ်တည်နေ သူကတော့ အကယ်ဒမီ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ပါ။ ဒါရိုက်တာ မောင်မျိုးမင်းက ဒါရိုက်တာပညာ ကို လေ့လာသင်ယူခဲ့တဲ့ အတွေ့အကြုံ တွေ၊ အခက်အခဲတွေကို မေးမြန်း ဖြစ်ခဲ့သလို သမီးဖြစ်သူ ထူးနွယ်အိမ် ကိုလည်း ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ တစ်ဦး အဖြစ် အနုပညာအမွေ ပေး ဖြစ်ခဲ့ပုံတွေကို အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။    ။ နှစ်၂ဝ ကျော် အတွင်းမှာ ဒါရိုက်တာတစ်ဦး အနေနဲ့ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ ကိုလည်း သိချင်ပါ တယ်။

ဖြေ။    ။အဓိကကတော့ ရိုးသားမှု နဲ့စေတနာပဲ။ အဲဒါကို ထုထည်ကြီး ကြီးမားမား ထားတယ်။ တကယ်တမ်း ကျတော့ ကိုယ်ထား တဲ့ စေတနာကို မမီရင် မမီတဲ့လူက နောက်ကောက် ကျသွားမယ်။ သူတို့ကို ခေါင်းထဲ ထည့်စရာလည်း မလိုဘူး။ စာရင်းထဲ ထည့်စရာ လည်း မလိုဘူး။ ကိုယ့်ဆီမှာ ရိုးသားမှု ရှိတယ်။ ဒီဇာတ်ကားကို ကောင်းစေချင်တဲ့ စေတနာရှိတယ်။ ပရိသတ်ကို အကောင်းစား ချပြ ချင်တယ်။ အဲဒီအတွက် ဦးမျိုးရိုက်တာ ရက်ကြာချင်လည်း ကြာမယ်။ edit  လုပ်တာ ကြာရင်ကြာမယ်။ အရေးကြီးတာက ထွက်လာတဲ့  result ကောင်း ဖို့ပဲ အရေးကြီးတယ်။ အဲဒီမှာဒါရိုက်တာတွေ နှစ်မျိုးနှစ်စား တွေ့ရတယ်။ ဇာတ်ကားတွေ အများကြီး ရိုက်တယ်။ ၃ရက်နဲ့ တစ်ကား၊ ၄ရက်နဲ့ တစ်ကား ရိုက်ကြတယ်။ ရိုက်သွား ပြီးတော့  ဝုန်းဝုန်းနဲ့ နာမည်ကြီး လာတယ်။ ပြီးကျတော့ ပျောက်သွားရော ခဏလေး ပဲ။ အဲဒီ တော့ ကိုယ်ကအဲဒီလို မဟုတ်ဘဲနဲ့  တချို့ဒါရိုက်တာတွေ ကျတော့ နည်းနည်းကြာတယ်။ ဥပမာ ဦးဝင်းဖေလို၊  ဦးတင်ဦး တို့လို တစ်နှစ်တစ်ကား နှစ်ကား အဲဒီလောက်ပဲထွက် တယ်။ ဒါပေမဲ့ သူတို့ဇာတ်ကားတွေကို စောင့်ကြည့်ရတယ်။ ကြည့်လိုက် တိုင်းလည်း အရသာရှိတယ်။ ပြီးရင် ရင်ထဲမှာ ကျန်ခဲ့တယ်။ အဲဒီလိုင်း ၂လိုင်း ဘယ်ဟာကို ရွေးမလဲ။ ခုနတုန်းက ကြာတယ်။ ဒါပေမဲ့ ကောင်းတယ် ဆိုတာက သေတဲ့အထိ ရပ်တည် သွားလို့ရတယ်။ ခုနက စောစောစီးစီးနဲ့ မသေခင်ကတည်းက နာမည်ပျောက် သွားတဲ့လူတွေက အများကြီးပဲ။ အဲဒါတွေကို မျက်စိအောက်မှာ ကြိမ်ဖန်များစွာ မြင်တွေ့နေရတယ်။ ကိုယ်တွေကိုယ်တိုင် လည်း ဖြစ်ခဲ့ ဖူးတယ်။ ၂ဝဝဝပြည့်နှစ် ဝန်းကျင်လောက်က ဦးမျိုးဇာတ်ကားကြီးပဲ မြန်မာပြည်က ရှိသမျှရုံ မှာတင်တာ။ ၅ကား ဆက်တိုက် ရုံတင်တယ်။ မြန်မာပြည်က ရှိသမျှရုံတွေ အားလုံးမှာ မောင်မျိုးမင်းဇာတ် ကားတွေချည်းပဲ ဖြစ်ဖူးတယ်။ အဲဒီထဲက သင်ခန်း စာ တော်တော်ရ လိုက်တယ်။ အဲဒီလိုမျိုး ငါလုံးဝ မလုပ်သင့်ဘူးလို့ စဉ်းစားလိုက်တယ်။ တကယ်ချစ်ရင် လုံးဝ မလုပ်သင့်ဘူးလို့ ဆုံးဖြတ် လိုက်တယ်။ အဲဒီတော့ “တိုက်ဆိုင်မှုရှိလျှင်” ဇာတ်ကားပြီး တဲ့အချိန်မှာ ဦးမျိုးကို ကမ်းလှမ်းတာ ၁၂ ကားရှိတယ်။ အဲဒီ ၁၂ကားကို လက်မခံခဲ့ဘူး။ ပြေတီဦးက ဝမ်းပန်းတသာ နဲ့ အစ်ကိုရေ ၁၂ကား တောင် ရတယ်။ ပျော်စရာပေါ့။ သူက တကယ်ကို သူ့အစ်ကို၊ သူ့ဆရာ အတွက် စီစဉ်ပြီး လုပ်ပေးတာပေါ့။ ပြေတီဦး ကိုလည်း ရှင်းပြရတယ်။ ဒါကို လက်ခံ လို့မရဘူး။ တချို့အရာတွေကို ငြင်းလိုက်ရတယ်။ လက်ခံရဲတာပဲ သတ္တိ မဟုတ်ဘူး။ တကယ်တော့ ငြင်းရဲတာလည်း သတ္တိပဲ။ ဦးမျိုးရဲ့ဆန္ဒက တစ်နှစ် မှာ ၄၊ ၅ ကားပဲ ရိုက်မယ်။ အဲဒီဇာတ်ကားတွေကို ပရိသတ် စောင့်ကြည့်ရျတဲ့ ဇာတ်ကား မျိုးပဲ ဖြစ်စေချင်တယ်။

ဦးမျိုးတို့ခေတ်တုန်း က သင်တန်းကျောင်းတွေလည်း မပေါ် သေးတော့ ဒါရိုက်တာပညာကို ဘယ်လိုလေ့လာ သင်ယူ ခဲ့ရပါသလဲ။

ဦးမျိုးတို့ ဒါရိုက်တာပေါက်စ ဘဝက တီဗီတောင်မဝယ်နိုင် သေးဘူး။ အဲဒီတုန်းက တီဗီကြီးတွေက ၂၁လက်မ တီဗီအကြီး ကြီးတွေ ၊ နောက်က ကြိုးတွေကို ထမ်းရတာ အလေးကြီးပဲ။ အောက်စက် ကလည်း အခွေနဲ့ ထိုးကြည့်ရတယ်။ တစ်လကို တစ် ကြိမ် ပန်းချီ ဆရာတွေ၊  သူငယ်ချင်းတွေ စုပြီးကြည့်ကြတယ်။ အခွေ တွေကို ရန်ကုန် တစ်မြို့လုံး ပတ်ငှားတယ်။ တစ်ညလုံးကို ၇ခွေ၊ ၁ဝ ခွေလောက် ကြည့်လို့ရတယ်။ လုံးဝ မအိပ်ဘဲနဲ့ ကြည့်တယ်။ ကြည့်ပြီး ရင် အရသာခံ ကြတယ်။ ဇာတ်ကား တစ်ကားစီကို ဝေဖန်သုံးသပ်ကြ တယ်။ ငါသာ ဒါရိုက်တာဖြစ်ရင် ဘယ်လိုရိုက်မလဲ  ဝိုင်းဆွေးနွေးကြ တယ်။ သင်တန်းကျောင်း ဆိုတာ မရှိဘူး။ အဲဒီလို လေ့လာခြင်းကပဲ တစ်ခါတစ်ရံ ကျတော့ စဉ်းစားတယ်။ ရှားပါးလွန်းလို့ တန်ဖိုး ထား တတ်တာလားတော့ မပြောတတ်ဘူး။ အခုကျတော့ အင်တာနက် တစ်ချက် နှိပ်လိုက်တာနဲ့ ကြိုက်တဲ့ ဇာတ် ကားကြည့်လို့ရတယ်။ အဲဒီလောက် လွယ်လွန်းလို့ပဲ တန်ဖိုးမထား တတ်တာလားလို့လည်း စိတ် မကောင်းဖြစ်မိတယ်။ နောက်ပြီး ဦးမျိုးတို့ရဲ့ ဖြတ်သန်းမှုရဲ့ လေ့လာမှုမှာ စာဖတ်ရတယ်။ ငယ်ငယ်တုန်းက ဆိုရင်ဦးမျိုးက မဟုတ်တာ ဘာမှ မလုပ်ဘူး။ ဒါ ပေမဲ့ တစ်ခုပဲလုပ်တယ်။ သောကြာနေ့တိုင်း ကျောင်းပြေးတယ်။ အိတ်ထဲ ဝတ္ထုတစ်အုပ် ထည့်ထားတယ် ။ သောကြာနေ့ဇာတ် ကားကောင်းပြီဆိုရင် ရှေ့ဆုံးတန်းမှာ အဲဒီတုန်းက ခြံစည်းရိုးလေးနဲ့ ဝင်ရတယ်။ ဝတ္ထု တွေဖတ်ပြီးသွားရင် ရုပ်ရှင် တစ်ကားပြီး တယ်။ အချိန်ကွက်တိပဲ။ အဲဒီအတွက် စာမေးပွဲပေးမကျ ဘူး။ နောက်နေ့မှာ စာပြန်ပိုကြိုးစားတယ်။

အခုဦးမျိုးရဲ့သမီး ထူးနွယ်အိမ်ကိုလည်း အနုပညာ အမွေ ပေးနေပြီဆိုတော့ သူ့ကိုရော ဘယ်လိုပံ့ပိုးပေး ဖြစ်လဲ။  

သူစာဖတ်ဖို့ အများကြီး လိုသေးတယ်။ ဒါပေမဲ့ သူ့မှာ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိတယ်။ ဦးမျိုးမင်း သမီးဖြစ်လို့ ဦးမျိုးမင်းက နောက်ကနေ လုပ်ပေးတယ်ဆိုတာမျိုး လုံးဝ မဖြစ်ချင်ဘူး။ ဦးမျိုး ဖြစ်တည်မှုမှာလည်း တစ်ယောက် ယောက်က လွှမ်းမိုးတာ မကြိုက်ဘူး။ ကိုယ့်ဘာသာ ကိုယ်ပဲ ရပ်တည်တယ်။ သမီး ထူးနွယ်အိမ်ရဲ့ ဖြစ်တည်မှု မှာလည်း ဦးမျိုးမင်း ရိုက်ပေးတယ် ဆိုတာမျိုး မဖြစ်ချင် ဘူး။ ကိုယ်ဘာသာ ကိုယ်ရိုက်၊ အခက်အခဲရှိရင် အဖေ ကို လာတိုင်ပင်။ ပြောပေးလို့ရတယ်။ ဇာတ်ကား ဆက် တယ် ဝင်မပါဘူး။ သူ့ဟာသူ အခက်အခဲ ကို ဖြတ်သန်း နိုင် အောင်ပါ။ သူ့ဟာသူ ဖြေရှင်းနိုင်တဲ့ အရည် အချင်းတွေရှိလာလိမ့်မယ်။ အဲဒီလိုဖြေရှင်းနိုင် အောင် လုံလောက်တဲ့ ပညာတွေ သင်ပေးထားတယ်။ ဒါရိုက်တာပညာကို သိသင့် သိထိုက်တာ အားလုံးပဲ သင်ပေးထားတယ်။ နို့မိုဆို ဦးမျိုးမရှိရင် မရှင်း နိုင်တော့ ဘူးလေ။ ဦးမျိုးက အချိန်မရွေး သေသွား နိုင်တယ်။ သူကျန်နေခဲ့ရမယ်။ သူ့ကိုယ်သူ ယုံ ကြည်မှုရှိအောင် တည်ဆောက် ပေးထားပါတယ်။

ဒါရိုက်တာ ဆိုတာ King of the Set ဆိုတဲ့ အပေါ်မှာ တခြား ပြောချင်တာတွေ ကိုလည်း ဖြည့် စွက်ပြောပေးပါဦး။

ဒါရိုက်တာ ဆိုတာ အရင်တုန်းက King of the Set ပေါ့။ ဒါပေမဲ့ ဦးမျိုး မြင်တာကတော့ Team of the Set  ပေါ့။ အဖွဲ့လိုက် လှုပ်ရှား ရတယ်။ ငါ ရိုက် ချင်တာရိုက်မယ်၊ ပြီးလို့ရှိရင် မင်းကြိုက်သလို ထည့်လိုက်တော့လို့ လုပ်လို့မရတော့ဘူး။ အတတ် ပညာပိုင်းတွေ ပါလာပြီ။ စက်ကိရိယာတွေ တိုးတက်လာပြီ။ တက်ညီလက်ညီ လုပ်ရမယ့် သဘောဖြစ်သွားပြီ။ ငါတကော ကော လို့ရတဲ့ King of the Set  မဟုတ် တော့ဘူး။ Team of the Set ဖြစ်သွားပြီလို့ပဲ မြင်ပါတယ်။

ခိုင်ဝေလွင်  

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*