ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာ ကြုံတွေ့ခဲ့ရတဲ့ ပြည့်ဝတီမောင် ရဲ့ အခက်အခဲ

ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာ ကြုံတွေ့ခဲ့ရတဲ့ ပြည့်ဝတီမောင် ရဲ့ အခက်အခဲ
July 31, 2017 Leanne Win
ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာ ကြုံတွေ့ခဲ့ရတဲ့ ပြည့်ဝတီမောင် ရဲ့ အခက်အခဲ

Pyae-Wadi-Mg-(1)

ပြည့်ဝတီမောင်က ဒါရိုက်တာ ဥာဏ်ထင်ပုံဖော် ရိုက်ကူးခဲ့တဲ့ ‘မြို့ပြ မုဆိုးများ’ ရုပ်ရှင် ဇာတ်ကားကြီးကို ရန်အောင်၊ ခါရာ တို့နဲ့အတူ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ် ကားကြီးမှာ ဗိုက်ကြီးသည် ကာရိုက်တာ အဖြစ် သရုပ်ဆောင်ခဲ့ရတဲ့အတွက် အခက်အခဲတွေလည်း ရှိခဲ့ကြောင်း ပြည့်ဝတီမောင်က ပြောပါတယ်။

“ညီမအတွက်က အရမ်းခက်ခဲပါတယ်။ ညီမ သရုပ်ဆောင်ရတဲ့ကာ ရိုက် တာက ဗိုက်ကြီးသည်အခန်း သရုပ်ဆောင်ရတယ်။ ဗိုက်ကြီး သည် အခန်းက ညီမနဲ့ကျ သိပ်မအပ်စပ်ဘူး။ ဒါ ပေမဲ့ ညီမကို စီနီယာ တွေက သင်ပေး တယ်။ သင်ပေးတဲ့အတွက် ကြောင့် အခက်အခဲတော့ သိပ် မရှိခဲ့ပါဘူး”လို့ ပြော ပါတယ်။

အဆိုပါ’ မြို့ပြမုဆိုးများ’ ရုပ်ရှင် ဇာတ်ကားကြီးက သူ့အတွက်ပထမ ဦးဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ် ကား ကြီးဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေ ကြောင်း ပြောပါတယ်။

“ညီမအရမ်းစိတ်လှုပ်ရှား ပါတယ်။ ညီမအတွက် ဒီဇာတ်ကားက ပထမဦးဆုံး အကြိမ် ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကားဆိုတော့ ဆိုတော့ အတွေ့အကြုံကလည်း အရမ်းနည်း သေးတယ်။ ဒါရိုက်တာ ကိုဥာဏ်ထင် တို့က သေသေချာချာလေး ရီဟာဇယ်တွေ အများကြီး ခေါ်လုပ်တယ်။ အရင်တုန်းကဆိုရင် 100% confident မရှိခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အခုက ၅ဝ%တော့ ရှိသွားတယ်။ ဒီဇာတ်ကားက ရသ တစ်ခုကျန်ခဲ့ မယ်လို့ ညီမထင်ပါတယ်”လို့ ပြည့်ဝတီမောင်က ပြောပါတယ်။

Bonanza Production နဲ့ ဇာတ် ကားတွေရိုက်ကူးနေတဲ့ ပြည့်ဝတီမောင်က ဗီဒီယိုဇာတ်ကား တွေလည်း ဆက်တိုက်ရိုက် ကူးဖို့ ရှိပြီး Bonanza Production နဲ့လည်း စာချုပ်မချုပ်ထားဘဲ သူ့ကိုအများကြီး လုပ် ပိုင်ခွင့်ပေးထားကြောင်း ပြောပါ တယ်။

“ညီမက ဘယ် Production နဲ့မှ စာချုပ် ချုပ်ထားတာမရှိဘူး။ ညီမ လုပ်ဖို့ အတွက် freedom Bonanza Pro-duction က မနိုရာက ညီမကို လုပ်ပိုင် ခွင့်အများကြီး ပေးထားပါတယ်။ စာချုပ်မရှိပါဘူး။ ဒါပေမဲ့ ဇာတ်ကား ရိုက်ရှိရင်တော့ သူတို့ကို အာရုံ စိုက် ပေးပါလို့ ပြောတယ်” လို့ ပြောပါ တယ်။

တွယ်တာ
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*