ချစ်သူက နိုင်ငံခြားသား တစ်ယောက်ဆိုပေမယ့်လည်း စိတ်သဘောထား ဖြူစင်သူ တစ်ယောက်ပါ ပက်ထရစ်ရှာ

ချစ်သူက နိုင်ငံခြားသား တစ်ယောက်ဆိုပေမယ့်လည်း စိတ်သဘောထား ဖြူစင်သူ တစ်ယောက်ပါ ပက်ထရစ်ရှာ
July 31, 2017 Asian Fame
ချစ်သူက နိုင်ငံခြားသား တစ်ယောက်ဆိုပေမယ့်လည်း စိတ်သဘောထား ဖြူစင်သူ တစ်ယောက်ပါ ပက်ထရစ်ရှာ

Patray-Sharဥရောပနိုင်ငံသား တစ်ဦးနဲ့ ချစ်သူတွေဖြစ်နေတဲ့ ပက်ထရစ်ရှာက နိုင်ငံခြားသား တစ်ယောက်ကို ချစ်သူ အဖြစ် ရွေးချယ်တဲ့ အတွက်ကြောင့် လည်း ပရိသတ်များရဲ့ ဝေဖန်မှုများ ကို ခံနေရပါတယ်။ ဒီလိုဝေဖန်မှုများ အတွက် ဝမ်းနည်းခဲ့ ရပေမယ့် သူမ ချစ်သူက စိတ်သဘောထား ဖြူစင်တဲ့ သူတစ်ဦးဖြစ်ကြောင်းကို ပက်ထရစ်ရှာက…

“ကိုယ့်အပေါ် တကယ်ကောင်းတယ်။ လူတိုင်းလည်း သိပါတယ်။ ညီမက ရည်းစားတွေလည်း အဲဒီလို မထားပါဘူး။ ထားပြီဆိုလည်း ညီမ အပေါ် တကယ်ကောင်းတဲ့သူမို့ တကယ်ရွေးချယ်တာပါ။ ညီမရွေးထားတဲ့ သူကလည်း တကယ်ယုံကြည်လို့ ရပါတယ်။ ရည်းစား တွေဘာတွေကိုလည်း တွေ့သမျှ မကြိုက်တတ် ပါဘူး။ အထူးသဖြင့်က အရှေ့မှာလည်း ဗမာ EX ရှိခဲ့ဖူးတယ်။ သူ့တုန်းက အမေက ကိုယ့် နောက်မှာ အမြဲလိုက်နေတော့ ငြိုငြင် တယ်ပေါ့နော်။ မကြိုက်ဘူး။ ဒီတစ် ယောက်ကျ အဲဒီလိုမဟုတ်ဘူး။ အမေ လိုက်လည်း ဘာမှမပြောဘူး။ သူက တော်တော်ကို Respect ရှိတယ်။ လူတိုင်း အပေါ်မှာပေါ့နော်။ ညီမအမေ ကိုလည်း သူ့အမေ လိုမျိုး ချစ်နိုင်တယ်။ တအား စိတ်ထားဖြူစင်တယ်။ ကိုယ့်အပေါ် လည်း တကယ်ကောင်းတယ်”လို့ ပြောပြပါတယ်။

သူ့ရဲ့ချစ်သူက သူ့ထက် အသက် ၆ နှစ်ကြီးလို့ သူ့အပေါ် အရာရာ နားလည်ပေးသလို၊ သူ့ရဲ့ အနုပညာ အလုပ်နဲ့ ပတ်သက်ပြီးလည်း သဝန် တိုတာမျိုးမရှိဘူးလို့ ပက်ထရစ် ရှာက ပြောပါယတ်။

“သူကကျတော့ တအားကြီး သဝန်တိုတာမျိုးတွေ မရှိဘူး။ အလုပ် လုပ်လို့ ရှိရင်လည်း ရတယ်။ ကြိုက်သ လိုလုပ်၊ ဘာမှမပြောဘူး။ အပြင်မှာ ဆိုလည်း ဒီလိုပဲ။ လူမှုရေးဆိုလည်း လူမှုရေးကို သူနားလည် ပေးတယ်။ ယောက်ျားလေးနဲ့ စကားပြောပြော၊ အဲဒါကိုရစ်ပြီး ပြဿနာ ရှာတာမျိုး တွေ၊ သဝန်တိုတာမျိုးတွေ မလုပ်ဘူး။ အရာရာကို နားလည်ပေးပါတယ်”လို့ သူ့အပေါ် နားလည်မှု ရှိတဲ့ချစ်သူ အကြောင်း ကို ပြောပြပါတယ်။ နိုင်ငံခြားသား တစ်ယောက်၊ ခရစ်ယာန် ဘာသာ ဝင် တစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ ချစ်သူက ဗုဒ္ဓဘာသာရဲ့ အလေ့အထ များ လုပ်ရတာ သဘောကျ နှစ်သက်ကြောင်းကို ပက်ထရစ်ရှာက…

“သူက ခရစ်ယာန်ပေါ့နော်။ ဒါပေမဲ့ ဗုဒ္စဘာသာ အလေ့အထ ကို သူလိုက်လုပ်ရတာ သဘောကျတယ်။ ဘုရားလည်း သွားတယ်။ ဘုရားလည်း ရှိခိုးတယ်။ ဆုလည်းတောင်းတယ်။ ဘုရားသွားပြီ ဆိုရင် အဝတ် အစားက လုံးဝမြန်မာစစ်စစ်ကို ဝတ်တာ။ ညီမက တစ်ခါတလေ ကျရင် နိုင်ငံခြားသူတွေ ဝတ်ဆင်သလို အပေါ်က ဝတ်ချင်သလို ဝတ်ပြီး အောက်က ထမီလေး ပတ်ထားတာ။ သူကတော့ လုံးဝမြန်မာစစ်စစ်လို ဝတ် တာ။ ဟိုနေ့ကဆိုလည်း အောင်ဇမ္ဗူ တောရဘုန်း ကြီးဆီမှာ ဝါဆိုသင်္ကန်း သွားကပ်တုန်းက ဆိုရင်လည်း သူတ အားကို သဘောတွေကျနေတာ”လို့ သူ့ရဲ့ချစ်သူ ဗုဒ္ဓဘာသာအပေါ် ရိုသေ လေးစားမှုကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*