သားနဲ့သမီးကို မြန်မာ့ဂီတနဲ့ မြန်မာ့အက သင်ကြားပေးနေတဲ့ အကယ်ဒမီ မေဝင်းမောင်

သားနဲ့သမီးကို မြန်မာ့ဂီတနဲ့ မြန်မာ့အက သင်ကြားပေးနေတဲ့ အကယ်ဒမီ မေဝင်းမောင်
July 25, 2017 Leanne Win
သားနဲ့သမီးကို မြန်မာ့ဂီတနဲ့ မြန်မာ့အက သင်ကြားပေးနေတဲ့ အကယ်ဒမီ မေဝင်းမောင်

May-Win-Mg

သရုပ်ဆောင် မင်းသမီးကြီး အကယ်ဒမီ မေဝင်း မောင်နဲ့ မိသားစုက မြန်မာနိုင်ငံကို ခဏ ရောက်ရှိချိန်မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့ပြီး ခင်ပွန်းနဲ့ သားဖြစ်သူတို့ က သာသနာ့ဘောင် ခဏဝင်ရောက်ခဲ့ပါတယ်။ ဇူလိုင် လ ၅ ရက်နေ့မှာ ပုလဲမြို့သစ်က ရတနာမာန်အောင် ကျောင်းတိုက်မှာ ရှင်ပြုရဟန်းခံ အလှူကို မိသားစုနဲ့အတူ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သမီးအကြီး မေသန္တီဝင်းနဲ့ သားငယ် သိင်္ဂါမောင်တို့ကို မိခင်တစ်ဦးအနေနဲ့ ဗုဒ္ဓ ဘာသာအမွေပေးတဲ့အနေနဲ့ ပြုလုပ်ပေးဖြစ်တဲ့ အ ကြောင်း အရာကို…

“ကျွန်မတို့ လော့စ်အိန်ဂျယ်လိစ် မြို့မှာ မြန်မာ ဘုန်းကြီးကျောင်းတွေ အများကြီးရှိပါတယ်။ ကလေးတွေ ကို မြန်မာစာ၊ ဗုဒ္ဓဘာသာ အကြောင်းတွေ သင်ပေးတဲ့ ဘုန်းကြီးကျောင်းလေး တစ်ခုလည်းရှိပါတယ်။ အဲဒီမှာ သားနဲ့ သမီးကို တစ်ပတ်တစ်ခါ သင်တန်းလိုက်ပို့ပေးတယ်။ ယဉ်ကျေးလိမ္မာ သင်တန်းကျောင်း လိုမျိုးပေါ့။ ပို့တာ သုံး၊ လေးနှစ် လောက်ရှိပါပြီ။ ငါးပါးသီလ၊ မင်္ဂလသုတ်၊ မေတ္တသုတ်တို့တွေ သင်ပေးတဲ့ယောဂီ CAMP လည်း အဲဒီမှာ ရှိပါတယ်။ သူတို့လေးတွေလည်း ဥပုသ်စောင့်ကြ တယ်ပေါ့။ ဒါကလည်း အမေတစ်ယောက် အနေနဲ့ သားသမီးတွေကို ဘာသာရေး အမွေလေးပေးတဲ့ သဘောမျိုးပါ။ ရန်ကုန်ရောက် တုန်းလည်း သားလေးကို မြောက်ဦး ဆရာတော်ရဲ့ ကျောင်းမှာ ကိုရင်ဝတ်ပေး ခဲ့ပါတယ်”လို့ မေဝင်းမောင်က ပြောပါတယ်။

မေဝင်းမောင်ရဲ့ သားသမီး ၂ ဦးကလည်း အနု ပညာကို ဝါသနာ ပါတာကြောင့် မြန်မာ့ဂီတ၊ မြန်မာ အကလေးတွေကို သင်ကြား ပေးနေတယ်လို့ ဆိုပါတယ်။ မေဝင်း မောင်ကိုယ်တိုင်က တစ်ခါတရံ LA က မြန်မာ ဖျော်ဖြေရေးပွဲတွေမှာ သမီးနဲ့အတူ တွဲဖက်တင်ဆက် မှုလေးတွေလည်း ပြုလုပ်တာကို တွေ့ရပါတယ်။

” ဒီတစ်ခေါက် ရန်ကုန်ရောက်တော့လည်း အနုပညာ ဦးစီးဌာနမှာ တံ၊ တျာ၊ တေ၊ ရှင် သင်ပြီးပြီ။ သမီးက “သီတာ” ကိုလည်း သင်နေပြီ။ LA မှာတော့ ကလေးတွေ ကို စန္ဒရားတီး သင်ပေးတာ ၅ နှစ်လောက်ရှိပြီ။ သီချင်းဆို သင်တန်းတော့ မတက်ခိုင်းရသေးပါဘူး။ သမီးက အခုဆို ၁၁ နှစ်ရှိပြီ။ သီချင်းဆိုလည်း ဝါသနာပါတယ်။ သားလေး ကတော့ ၉နှစ်ရှိပြီ။ မြန်မာအကတွေကိုလည်း သမီးကို သင်ပေးတယ်။ ရန်ကုန်ရောက်တဲ့ အခါလည်း တစ်ခိုင်လုံး ရွှေ ဒေါ်အေးအေးမြင့်က မြန်မာသီချင်းတွေ ပတ္တလား တီးနည်း တွေသင်ပေးတယ်။ LA မှာလည်း မြန်မာသင်္ကြန် တုန်းက သီချင်းဆိုပြီး ကတယ်။ ဒါတွေကလည်း ကိုယ် ပေးနိုင်တဲ့ မြန်မာ့အမွေအနှစ်လေးတွေပေါ့” လို့ မေဝင်း မောင်က ပြောပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*