ခါးနာဝေဒနာကြောင့် ဘန်ကောက်မှာ ဆေးသွားစစ်မယ့် ရွှေသမီး

ခါးနာဝေဒနာကြောင့် ဘန်ကောက်မှာ ဆေးသွားစစ်မယ့် ရွှေသမီး
July 20, 2017 Asian Fame
ခါးနာဝေဒနာကြောင့် ဘန်ကောက်မှာ ဆေးသွားစစ်မယ့် ရွှေသမီး

Shwe-Tha-Meeသရုပ်ဆောင်ရွှေသမီးက ခါးနာဝေဒနာ ခံစားနေရတာကြောင့် ဒီလထဲမှာ ဘန်ကောက်မြို့ကို ဆေးစစ်သွားရောက်မယ်လို့ သိရ ပါတယ်။ ဆေး စစ် သွားမယ့်အကြောင်းနဲ့ ပတ်သက်ပြီး ရွှေသမီးက

“အခုက ၂လ၊ ၃လလောက် ရှိပြီ ခါးနာနေတာ။ ဒီက အရိုးအထူး ကု ပါမောက္ခ နဲ့ပြပြီးတော့မှ ဆေးစွဲသောက်တယ်။ Exercise တွေ လုပ်တယ်။ တော်တော်လေးတော့ သက်သာ လာပြီပေါ့နော်။ ဒါပေမဲ့လည်း ဘယ်တော့ ပြန်ပေါ်လာမယ် မှန်းမသိဘူး။ ခါးက အရှင်းကြီး ပျောက်သွားတာမျိုး မဟုတ်သေးဘူး။ အဲဒီ တော့ နည်းနည်းခါးက ဘာဖြစ်လဲ ပေါ့နော်။ အရိုး မဟုတ်ဘူးဆို တော့ အရွတ် လားပေါ့။ ဒါမှ မဟုတ် အရိုး ကြားမှာရှိတဲ့ Mersal လေးတွေလားပေါ့။ အဲဒါလေးသိချင် တယ်။ အဲဒီ အတွက် ဆေးသွားစစ်မှာ ပါ” လို့ ဘန်ကောက်ကို ဆေးစစ်သွား မယ့် အကြောင်းကို ပြောပြပါတယ် ဒါရိုက် တာ ညီညီ ဇော် နိုင်ရိုက်ကူးနေတဲ့ “နယူး ဗားရှင်း” ရုပ်ရှင် ဇာတ်ကားကြီးကို ကျော်ရဲ အောင်၊ မင်းမော်ကွန်း၊ ညီထွဋ်ခေါင်၊ မင်းဦး၊ နန်းမြတ်ဖြိုးသင်း တို့နဲ့အတူ ရွှေသမီးကပါဝင် သရုပ်ဆောင်နေပါ တယ်။ ဒီရုပ်ရှင် ဇာတ်ကား ကြီး ရိုက်ကူး ပြီးရင်တော့ဇာတ်ကား ရိုက်ကူး မှုများကို တစ်လကြာ ရပ်နားသွား ဦးမှာဖြစ် ကြောင်းလည်း သိရပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*