ဇာတ်ကားရိုက်ကူးမှုတွေ ကျဲသွားတဲ့ အကယ်ဒမီ နေအောင်

ဇာတ်ကားရိုက်ကူးမှုတွေ ကျဲသွားတဲ့ အကယ်ဒမီ နေအောင်
July 17, 2017 Leanne Win
ဇာတ်ကားရိုက်ကူးမှုတွေ ကျဲသွားတဲ့ အကယ်ဒမီ နေအောင်

nay

အခုလတ်တလော ဇာတ်ကား ရိုက်ကူးမှုတွေ ကျဲသွားတဲ့သရုပ်ဆောင်မင်းသားကြီး နေအောင် က ယိုးဒယားနဲ့ တရုတ်ဖက်စပ်ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးသွားဖို့ရှိကြောင်း အခုလို ပြောပြခဲ့ပါတယ်။

“ကျွန်တော်ဇာတ်ကား ရိုက်ကူးမှုတွေ တော်တော်ကျဲသွားတယ်။ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ လာငှားကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ဇာတ်ရုပ် ကာရိုက်တာ မကြိုက်လို့ မရိုက်ဘူး။ အခုကျွန်တော်ယိုးဒယားနဲ့လည်း ရိုက်မယ်။ တရုတ်နဲ့လည်းရိုက်ဖို့ ရှိပါတယ်။ နောက်ဆက်ရိုက်ကူးမယ့် ဇာတ်ကားတွေကိုလည်း ကာရိုက်တာတွေ ကောင်းရင်ရိုက်မယ်။ ကာရိုက်တာ မကောင်းရင် မရိုက်ဘူး။ ဒီဖက်စပ်ဇာတ်ကားက ရုပ်ရှင်ဇာတ်ကားတွေပါပဲ။ တရုတ်စကားတွေတော့ မပြောရပါဘူး။ ကျွန်တော်တို့က မြန်မာရဲ့အရှင်ဘုရင်အနေနဲ့သရုပ်ဆောင် သွားရမှာပါ။ ကျွန်တော့်အနေနဲ့ ဖက်စပ်ဇာတ်ကားတွေ ရိုက်ကူးဖို့ အရမ်း အားသန်နေတယ်”လို့ သရုပ်ဆောင် နေအောင်က ဆိုပါတယ်။
သရုပ်ဆောင်နေအောင်က သရုပ်ဆောင်လောကထဲကို အိမ်ထောင် ကျပြီးမှ ဝင်ရောက်လာတာဖြစ်ပြီး နေအောင်ဆိုတဲ့ နာမည်တစ်လုံးဖြစ် တည်လာတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်အနုပညာလောကထဲကို အိမ်ထောင်ကျပြီးမှ ရောက်ရှိ ခဲ့တာပါ။ ကျွန်တော့်အမျိုးသမီးက “ကိုကိုမင်းသားသွားလုပ်ပါလား” ဆိုလို့ မင်းသားလုပ်ဖြစ်သွားတာ။ ကျွန်တော့်မှာ အမှတ်ရစရာ ဇာတ် ကားတွေက အများကြီးပါပဲ။ ကျွန်တော်နာမည်ကြီးပြီး ကောင်းတယ် ဆိုတဲ့ ဇာတ်ကားတွေရိုက်ကူးတဲ့ ဒါရိုက်တာတွေက အရမ်းတော် တယ်။ ကျော်ဟိန်း၊ ဒွေးနဲ့အတူ ‘နော်လီဇာ၂’မှာ နေအောင်ဆိုပြီး အမည် အကြီးနဲ့ ထုတ်ပေးခဲ့တယ်။ နောက်ပိုင်းဇာတ်ကားတွေကစပြီး ကျွန်တော် နေအောင်ဆိုပြီး ဖြစ်လာတယ်”လို့ ပြောပါတယ်။

နေအောင်က သူအခုပါဝင်နေရတဲ့ အခန်းတွေက အဖေခန်း၊ အစ်ကိုကြီးခန်းတွေဖြစ်ပေမယ့်လည်း ကိုယ်တိုင်ပါဝင်ရတဲ့အခန်းတိုင်း ကို ကိုယ်စွမ်းနိုင်သလောက် ကြိုးစားတယ်”လို့လည်း ဆိုခဲ့ပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*