ကိုယ်တိုင်ထုတ်လုပ် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဘဲလေးအကသင်နေတဲ့ နန်းထက်ထက်ဦး

ကိုယ်တိုင်ထုတ်လုပ် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဘဲလေးအကသင်နေတဲ့ နန်းထက်ထက်ဦး
July 17, 2017 Leanne Win
ကိုယ်တိုင်ထုတ်လုပ် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဘဲလေးအကသင်နေတဲ့ နန်းထက်ထက်ဦး

nan

သရုပ်ဆောင်နန်းထက်ထက်ဦး က ကိုယ် တိုင်ထုတ်လုပ် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား ကြီးအတွက် ballet အကကို လေ့လာသင် ယူနေပါတယ်။ နန်းထက်ထက်ဦးအနေနဲ့ အကပိုင်းမှာတော့ K-Pop အက၊ HipHop တို့ကို ကတတ်ခဲ့ပေမယ့် ballet အကကိုတော့ တစ်ခါမှ မကဖူးဘူးလို့ သိရပါတယ်။ ဒီ ballet အကကို ရုပ် ရှင်ဇာတ် ကားကြီးမှာ ကျွမ်းကျွမ်း ကျင်ကျင်နဲ့ အကောင်း ဆုံး ကပြသွားနိုင်ဖို့ အတွက် ကြိုးစားသင်ယူနေ ကြောင်းကို နန်းထက်ထက်ဦးက ……

“ဘဲလေးအကက ကိုယ် ခန္ဓာ အနေအထားလည်း မှန်ဖို့လိုတယ်။ ပြီးတော့ ပျော့ပျောင်းဖို့လိုတယ်။ ပျော့ ပျောင်းဖို့အတွက် အကြောလျှော့ တဲ့အခါမှာလည်း တအားကိုနာပါ တယ်။ ဒီအကက ခြေဖျားထောက် ပြီး ကရတဲ့အကဖြစ်တဲ့ အတွက် ကြောင့်လည်း ခြေထောက်တွေ လည်း နာပါတယ်။ ဘယ်လောက် ပဲ နာကျင်ပါစေ၊ ခက်ခဲပါစေ၊ ညီမ တို့ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား ကြီးမှာ ballet အကကို အကောင်း ဆုံး ကပြသွားချင်တာကြောင့် ရယ်၊ ရုပ်ရှင်ဇာတ်ကားအတွက် ကို တအား စိတ်ထည့်ထားတာ တွေကြောင့်ရယ် ညီမအချိန် ဘယ်လောက် ပေးရပေးရ ကျွမ်း ကျွမ်းကျင်ကျင် သင်သွားဖို့ ရှိပါတယ်။ ဒီ အကကို ၁လလောက်ပဲ သင်မယ်ဆို basic လောက်ပဲရှိတယ်။ Professional အထိ ရောက်အောင် သွားမယ်။ အဲဒီတော့ ၁နှစ် လောက် အချိန်ပေးရလည်း ၁နှစ် လောက်ထိ သင်ယူသွားမှာပါ။ ဘာလို့လဲဆိုတော့ ရုပ်ရှင် ဇာတ်ကား ကြီး ရိုက်ကူးဖို့အတွက်ကိုတော့ အချိန် ၁နှစ်၊ ၂နှစ် ပေးရဦးမှာပါ။ အကောင်းဆုံးဖြစ်ချင် တဲ့အတွက်ပေါ့ နော်။ အခုလောလောဆယ်တော့ ဇာတ်ညွှန်းအရ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းနေတာပါ။ ပြင်ဆင်ထားတာပါ”လို့ ပြောပြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင် တေးကိုလည်း နန်းထက်ထက်ဦး ကိုယ်တိုင်သီဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။

“ဇာတ်ဝင်တေးကတော့ စဉ်းစားနေ တုန်းပါပဲ။ ဇာတ်လမ်းက ရိုမန့်စစ်စစ်ဆိုတော့လေ။ အမြူးဘက်ကို သွားလို့မရဘူး။ အေးအေးနဲ့ တည် တည်ငြိမ်ငြိမ် လေးသွားနိုင်အောင် တီးလုံးလေး တွေကိုလည်း လိုက်ရှာနေပါတယ်။ သီချင်းကို လည်း တေးရေးဆရာနဲ့ တိုင်ပင်ပြီး ရေးစပ်နေ ပါတယ်။ ဒီ သီချင်းကို ညီမကိုယ်တိုင်ပဲ သီဆို သွားမှာဖြစ်ပါတယ်”လို့ ဇာတ်ဝင်တေးရဲ့ သီချင်း ပုံစံနဲ့ ကိုယ်တိုင် သီဆိုဖြစ်မယ့်အကြောင်းကို ပြောပြ ခဲ့တာဖြစ်ပါတယ်။ အခုလတ်တလော မှာတော့ နန်းထက်ထက်ဦးက ဒါရိုက်တာ ကျော်နှင်းဆီရိုက်ကူးနေ တဲ့ ‘ကျွန်တော့် နောက်ကလူ’ ဗီဒီယို ဇာတ်ကားကို ဇေရဲထက်၊ ထူးခြားတို့နဲ့ ရိုက် ကူးနေပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*