မြန်မာ့ရာမယဏဖျော်ဖြေတင်ဆက်မှုအား ပြည်သူတွေအခမဲ့ကြည့်ရှုနိုင်အောင်စီစဉ်သွားမည်

မြန်မာ့ရာမယဏဖျော်ဖြေတင်ဆက်မှုအား ပြည်သူတွေအခမဲ့ကြည့်ရှုနိုင်အောင်စီစဉ်သွားမည်
July 12, 2017 Leanne Win
မြန်မာ့ရာမယဏဖျော်ဖြေတင်ဆက်မှုအား ပြည်သူတွေအခမဲ့ကြည့်ရှုနိုင်အောင်စီစဉ်သွားမည်

မြန်မာ့ရာမယဏပညာရပ်များနှင့်စပ်လျဉ်း၍ လိုက်နာစောင့်ထိန်းသင့် သောစည်းမျဉ်းစည်းကမ်းများ ချမှတ်ထိန်းသိမ်းနိုင်ရေး၊ မြန်မာ့ရာမာယဏဖျော် ဖြေတင်ဆက်မှုအား နိုင်ငံတကာအဆင့်အထိပြန့်ပွားရေးတို့ကို ဦးတည် အကောင်အထည်ဖော်မည့် ကော်မတီတစ်ရပ်အား ရာမယဏပညာရှင်များဖြင့် ဖွဲ့စည်းလိုက်ကြောင်းသိရသည်။အဆိုပါကော်မတီ၏ နာယက အဖွဲ့တွင် ဦးဘိုးနီ၊ ဦးတင်ညွန့်၊ ဦးအောင်မြင့်၊ ဒေါ်အေးသိန်း၊ ဦးသိမ်းမြင့်၊ ဦးကျော်ဟိန်း၊ ဦးမြင့်အုန်း၊ ဦးကျော်လင်း၊ မလိုင်သန်းထွန်းတို့ပါဝင်ပြီး ဦးခင်ရွှေ(သီရိရာမ)- ဥက္ကဋ္ဌ၊ ဦးဇော်ဦး (ဖျာပုံရာမ)- ဒုတိယဥက္ကဋ္ဌ(၁)၊ ဦးရွှေကြည် (ယဉ်ကျေးမှု)-ဒုတိယဥက္ကဋ္ဌ(၂)၊ ဒေါ်နုနုခင်(ယဉ်ကျေးမှု)-အတွင်းရေးမှူး၊ ဒေါ်နုနု စိန်(ယဉ်ကျေးမှု)-တွဲဖက်အတွင်းရေးမှူး(၁)၊ ဦးတင်လှိုင်(သီရိရာမ) -တွဲဖက် အတွင်းရေးမှူး(၂)၊ ဦးစိန်ဝင်း (အိုးဘိုရာမ) အဖွဲ့ဝင်၊ ဦးဝင်ကြည် (သဟာယ ဒါနရာမ)-အဖွဲ့ဝင်၊ဦးအောင်ကြည်(ရေကျော်ရာမ)တို့က ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

“အာဆီယံနိုင်ငံတွေမှာလည်း ရာမယဏကို သူတို့မူနဲ့သူတို့ထိန်းသိမ်းနေတာရှိတယ်။ မြန်မာနိုင်ငံမှာလည်း မြန်မာ့ရာမယဏမူ ရှိတယ်။ ဥက္ကဋ္ဌကိုဖိုးချစ်ရဲ့ ရည်ရွယ်ချက်က ရာမယဏကို အများပြည်သူတွေ အခမဲ့ကြည့်ရှုနိုင်အောင် ဏကဘူငခ ဗမနတေစ်ခုခုမှာ ကပြနိုင်ဖို့အတွက်ကို ကြိုးစားမယ်လို့ပြောတယ်။ နိုင်ငံတကာမှာ ရာမနဲ့ပတ်သက်လို့ ဖျော်ဖြေရမယ့်အကြောင်းအရာတွေ အခွင့်အလမ်းတွေရှိလာလို့ ရှိရင်လည်း မြန်မာရာမယဏကော်မတီဆိုတာရှိ တယ်ဆိုတာမျိုး ခိုင်ခိုင်မာမာလေး ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ဖွဲ့တာပါ။ရာ မယဏဇာတ်ထုတ်ရဲ့သဘောသဘာဝကိုက အာရှအဆင့်ရှိတယ်။ဒါကြောင့်ရာ မယဏပွဲတွေ လုပ်လေ့လုပ်ထရှိတယ်ဆိုတာမျိုးကိုလည်း အစ်မတို့တွေကြား ဖူးထားတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့တော့ သွားကပြတာမျိုးတွေ တော့ရှိပါတယ်။ အပြင်က ရာမယဏပညာရှင်တွေအနေနဲ့တော့ သွားကပြကြတဲ့ အခွင့်အလမ်း နည်းမယ်ထင်တယ်။ ဒါကြောင့်အပြင်က ရာမယဏပညာရှင် တွေရဲ့ပညာရပ်တွေကိုလည်း မြင်သာစေချင်တာပါ”လို့ သဘင်အစည်း အရုံး(ဗဟို)ပြန်ကြားရေးမှူး ပတ္တမြားကေခိုင်က ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*