အေးမြတ်အောင်သူ

အေးမြတ်အောင်သူ
July 12, 2017 Leanne Win
အေးမြတ်အောင်သူ

aye
“ဟေ့ကောင်တွေ ငါ့လွယ် အိတ်ယူသွား” ဆိုင်ကယ်ပေါ်ကဆင်းပြီဆိုတာ နဲ့ အေးမြတ်အောင်သူဆီကို ကျောင်း သားလေးတွေက ပြေးလာကြတယ်။ အေးမြတ်အောင်သူက သူ့လွယ် အိတ်ကို ပေးလိုက်တာနဲ့ဦးရာလူ ဝင်ယူတယ်။ တစ်ယောက်က သူ့ထမင်းဘူးကိုယူသွားတယ်။ဆိုင်ကယ်နဲ့ လာပို့တဲ့အဖေက လက် ပြသွားတဲ့ သားတော်မောင်ကို ကြည့်ပြီး အားပါးတရပြုံးလိုက်တယ်။ အေးမြတ်အောင်သူကတော့ သူ့သူ ငယ်ချင်းတွေ ခြံရံပြီးကျောင်းထဲကို ဝင်ချသွားတာ အဖေကိုတောင် တစ်ချက်ကလေးမှ ကြည့်မသွားဘူး။
“မင်းသားကတော့ဟေ့ ကျောင်းရောက်တာနဲ့ လွယ်အိတ် ကိုင်ပေးမယ့်ကောင်၊ ထမင်းချိုင့် ဆွဲပေးမယ့်ကောင်နဲ့ ဘုရင့်သား တော်ကျနေတာပဲကွာ” “ရှင့်သားက ကျွန်မကို ဘာ ပြောတယ်ထင်လဲ။ ထမင်းချိုင့်ထည့် ရင် ဟင်းများများထည့်ပေးတဲ့၊ သူ့ သူငယ်ချင်းတွေကို ဟင်းခွဲကျွေးရ မှာတဲ့။ သူ့သူငယ်ချင်းတွေက အသီး အရွက်ကြော်တွေပဲပါတာဆိုတော့ အသားဟင်းချက်ပေးတဲ့တော်ရေ့”ရွာကလေးက အိမ်ခြေတစ်ရာ ကျော်လောက်ရှိပေမယ့် အများစုက တော့ချို့တဲ့ကြတယ်။ ခြံစိုက်သူတွေ၊ တောင်ယာလုပ်သူတွေ၊ သူများအ လုပ်အငှားလိုက်သူတွေ၊ မြို့ပေါ် တက်ပြီးရရာအလုပ် ဝင်လုပ်ကြသူ တွေများတယ်။မူလတန်းကျောင်း လေးကို လာကြတဲ့ကလေးတွေရဲ့ သုံးပုံနှစ်ပုံလောက်က ထမင်းထုပ် လာကြရတယ်။နေ့လယ်ထမင်းစားကြပြီဆိုရင် အေးမြတ်အောင်သူက သူ့ထမင်းချိုင့် ကိုဖွင့်ပြီး ကျန်တဲ့ကလေးတွေကို အ သားဟင်းတွေခွဲဝေထည့်ပေးတယ်။သူကတော့ တခြားကလေးတွေရဲ့ ထမင်းဘူးထဲက ကန်စွန်းရွက်ကြော် တို့၊ဂေါ်ရခါးညွန့်ကြော်တို့၊ ကိုက် လန်ကြော်တို့ကို ယူစားတယ်။တစ်ခါ တလေ ဆရာမလေးတွေက သူတို့ ထမင်းဝိုင်းကို ရောက်လာတတ်တယ်။ အသားဟင်းတွေကိုတခြားကလေး တွေကျွေးပြီး တခြားကလေးတွေရဲ့ ဟင်းရွက်ကြော်တွေကိုယူစားနေတဲ့ အေးမြတ်အောင်သူကို ခေါင်းက လေးပွတ်ပြီးမေးကြတယ်။
“သားကသားထမင်းချိုင့်ထဲက ကြက်သားဟင်းတွေကိုမစားဘဲ ဘာလို့သူငယ် ချင်းတွေကို ကျွေးတာ လဲ။ သူငယ် ချင်းတွေကို လည်းကျွေး၊ သားက လည်းစားမှပေါ့။ မေမေက သားစား စေချင်လို့ချက်ပေး လိုက်တာလေ” .

“သားကညကျမှစားမှာ ဆရာမ။ ညကျရင်ကြက်သားဟင်း နဲ့ပဲစားရမှာ။ မေမေက အရွက် ကြော်မချက်ဘူး။ သားအရွက်ကြော် စားချင်လို့”
“သားကျောင်းမှာအသားမစား ဘူးဆိုတာ မေမေကောသိလား”
“ဆရာမ မေမေ့ကိုမတိုင်ပါနဲ့ နော်။ သားအရွက်ကြော်စားချင်လို့ သူတို့နဲ့လဲစားတာ”
“အေးပါသားရယ်။ သူငယ်ချင်း တွေ အခုလိုဝေမျှစားကြတာ ကောင်းပါတယ်။ အသားစားဖို့လည်း လိုတယ်နော်။ ဒါမှသားအားရှိပြီး        စာလည်းကောင်းကောင်း လုပ်နိုင် မယ်လေ”
“ဟုတ်ကဲ့ဆရာမ။ သားအိမ်မှာ အသားစားပါတယ်” ဆရာမလေးတွေက အေးမြတ် အောင်သူကို သဘောကျကြတယ်။ ဒါပေမဲ့ အေးမြတ်အောင်သူရဲ့ လုပ်ပုံကိုင်ပုံလေးတွေကို တွေ့လာ တဲ့ အခါမှာတော့ ဘဝင်မကျစရာ တွေရှိလာတယ်။
“ဒီစာတွေက သားရေးထား တာဟုတ်ရဲ့လား”
“ဝင်းအောင်ထူး ရေးပေးထား တာ ဆရာမ”
“ဝင်းအောင်ထူးကို ဘာလို့ ရေးခိုင်းရတာလဲ။ ဆရာမကသား ကိုရေးခိုင်းတာလေ။
သားရေးရမယ့်စာကိုသားကိုယ်တိုင်ရေးရမယ်လေ။ သူများကို မရေးခိုင်းရဘူး”
“ဟုတ်ကဲ့”
“သားကိုယ်တိုင်ရေးမှ သားက ရေးတတ်မှာပေါ့”
“သားရေးတတ်ပါတယ်ဆရာမ။ ဝင်းအောင်ထူးက သူရေးပေးမယ် ဆိုလို့
ရေးခိုင်းလိုက်တာ။ သူလည်းစာ တွေအများကြီး ရေးတတ်အောင် လို့။
သူကစာများများရေးတတ်ချင် တယ် တဲ့”
“ကိုယ်ရေးရမယ့်စာကို သူများ မရေးခိုင်းရဘူး။ ကိုယ့်စာ ကိုယ်ရေး ရမယ်။ ကိုယ့်စာကိုယ်ကျက် ရမယ်။ သားကိုယ်တိုင်ပြန်ရေး။ နောက် တစ်ခါ သားရေးရမယ့်စာကို သား ကိုယ်တိုင် မရေးရင်ဆရာမက ရိုက်ပြီး ဒဏ်ပေးမယ်နော်”
“ဟုတ်ကဲ့ဆရာမ”

 
အေးမြတ်အောင်သူက သူ့ သူငယ်ချင်းတွေကို လွယ်အိတ် သယ်ခိုင်းတာ။ ထမင်းချိုင့်သယ်ခိုင်း တာကိုလည်း ဆရာမတွေကတွေ့ သွားပြန်တယ်။အေးမြတ်အောင်သူရဲ့ လွယ်အိတ်ကို လွယ်လာတဲ့ ကလေး ဆီကနေ ဆရာမက လွယ်အိတ်ကို ဖြုတ်ယူပြီးအေးမြတ်အောင်သူ ပခုံး ပေါ်တင် ပေးလိုက်ပြီးလွယ် ခိုင်း တယ်။ ထမင်းချိုင့်ကိုလည်း သူ့လက်ထဲထည့်ပြီး ဆွဲခိုင်းတယ်။ အတန်းထဲအထိ ဆရာမက လိုက်လာ ပြီးခုံပေါ်ကလေးတွေကို ထိုင်ခိုင်း လိုက်တယ်။
“သားအေးမြတ်အောင်သူ နောက်ဆိုရင် သူများကိုမခိုင်းရဘူး။ ကိုယ့်လွယ်အိတ်ကို ကိုယ်တိုင် လွယ်ရမယ်။ ဟုတ်ပြီလား။ ကိုယ့် ထမင်းချိုင့်ကို ကိုယ်တိုင်ယူရမယ်။ ဘယ်သူ့ကိုမှ မခိုင်းရဘူး””သူတို့ကယူသွားကြတာ ဆရာမ။ ထမင်းချိုင့်ဆွဲပေးရင် ဟင်း ကျွေးပါဆိုပြီး
ဆွဲပေးကြတာ ဆရာမ”
“သူငယ်ချင်းတွေ အချင်းချင်း မခိုင်းရဘူးသား။ မနိုင်မနင်းဖြစ်ရင် ကူသယ်ပေးတာက ကူညီတာနော်။ ကိုယ်နိုင်ရဲ့သားနဲ့ သူများကိုလုပ်ခိုင်း တာကျတော့ ခိုင်းတယ်ခေါ်တယ်။ သားမှာအားရှိတာပဲ။ လွယ်အိတ် မလွယ်နိုင်ဘူးလား”
“လွယ်နိုင်ပါတယ်ဆရာမ”

 
” ဒါပေါ့။ လွယ်နိုင်တာပေါ့။ သူများတွေတောင် လွယ်နိုင်သေး တာ။ သားလည်းလွယ်နိုင်တာပေါ့။ တခြားလူတွေက မြင်ရင်သားက ကိုယ့်လွယ်အိတ်တောင် ကိုယ်မလွယ် နိုင်ဘူး။ တခြားကလေးတွေလို အားလည်းမရှိဘူးလို့ ထင်ကြမှာပေါ့ သားရဲ့။ ထမင်းချိုင့်လည်း သားဆွဲနိုင် တယ်မဟုတ်လား”
“ဆွဲနိုင်ပါတယ်ဆရာမ”
“ဒါပေါ့။ ဆွဲနိုင်တာပေါ့။ သူများတွေတောင် ဆွဲနိုင်သေးတာ သားလည်းအားရှိတယ်လေ။ နောက် ဆိုရင် ကိုယ့်လွယ်အိတ်ကို ကိုယ်ကိုယ် တိုင် လွယ်ရမယ်နော်။ ကျန်တဲ့သား တို့တစ်တွေလည်း မှတ်ထားကြနော်။ ကိုယ့်လွယ်အိတ်ကိုယ်လွယ်ရမယ်။ သူများကို မခိုင်းရဘူး။ အနိုင်မကျင့်ရ ဘူး။ ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါဆရာမ”
“အေး ဟုတ်ပြီ။ မှတ်ထားကြ နော်။ ကဲ အတန်းထဲကောင်းကောင်း နေကြ။ ကောင်းကောင်းဆော့ကြ။ ရန်မဖြစ်နဲ့နော်”
“ဟုတ်ကဲ့ဆရာမ”
အေးမြတ်အောင်သူလေးဟာ ဆရာမက ဆုံးမပြီးတဲ့နောက်လွယ် အိတ်ကို ကိုယ်တိုင်လွယ်လာတယ်။ထမင်းချိုင့်ကိုလည်းကိုယ်တိုင်ဆွဲလာတယ်။ ဒါပေမဲ့ ထူးခြားလာတာက ထမင်းချိုင့်ထည့်ရင် အသားဟင်း မထည့်ဖို့သူ့မေမေကိုပြောလာတာပဲ။ “ဘာဖြစ်လို့လဲ အောင်အောင်။ ခါတိုင်းဆို အသားဟင်းချက်ပေး ပြောပြီး၊ ခုကျမှအရွက်ကြော်ထည့် ပေးဆိုတာကဘယ်လိုဖြစ်တာလဲ”
“သားသူငယ်ချင်းတွေက အရွက်ကြော်တွေပဲထည့်လာကြတာ မေမေ။ သားလည်းအရွက်ကြော် ထည့်သွားမယ်။ ဆရာမကပြောတယ်။ ကိုယ့်စာကိုယ်ရေးရမယ်တဲ့။ ကိုယ့် လွယ်အိတ် ကိုယ်လွယ်ရမယ်တဲ့။ ကိုယ့်ထမင်းချိုင့် ကိုယ်ဆွဲရမယ်တဲ့။ ကိုယ့်ထမင်းကိုယ်စားရမှာဆိုတော့ သူတို့ကိုကျွေးလို့မရဘူး။ သားဟင်း တွေကို သားမစားဘဲသူတို့ကိုကျွေးရင် ဆရာမက ဒဏ်ပေးလိမ့်မယ်မေမေ”
“ဟင် သားဆရာမက သားသူ ငယ်ချင်းတွေကိုမကျွေးရဘူးလို့ ပြောလို့လား”

“မပြောဘူးမေမေ။ သားက ကိုယ့်အသားဟင်းကို ဘာလို့မစား တာလဲ။ သားလည်းစားပေါ့။ သား မေမေကသားကို စားစေချင်လို့ထည့် ပေး လိုက်တာလို့ပြောတယ်မေမေ။ သားက သားဟင်းကို မစားရင် ဆရာမက ဘာလို့ကိုယ့်ဟင်းကိုယ် မစားတာလဲဆိုပြီး ရိုက်မှာပေါ့”
အေးမြတ်အောင်သူရဲ့မေမေက ရယ်တယ်။
“ဆရာမပြောတာက သားလွယ် အိတ်ကို သားလွယ်ဖို့ပဲပြောတာ။ သားစာကို သားရေးဖို့ပဲပြောတာ။ သားထမင်းချိုင့်ကိုသားဆွဲဖို့ပဲပြောတာ။ သူများကိုမခိုင်းရဘူး။ ကိုယ့် ဟာကိုယ်လုပ်ဖို့ပြောတာလေ။ သားဟင်းကို သူများကိုမကျွေးရဘူးလို့ ပြောတာမှ
မဟုတ်တာသားရဲ့”

“သားဟင်းကျတော့သူများကို မကျွေးရဘူးလို့ ဆရာမက ဘာကြောင့် မပြောတာလဲမေမေ”
“သားက သားဟင်းကို သူများ ကိုကျွေးတာခိုင်းတာမှ မဟုတ်တာ သားရဲ့”
“သားကလွယ်အိတ်ကိုလည်း သူတို့ကိုမလွယ်ခိုင်းပါဘူး။ သူတို့က လွယ်ပေးကြတာ”
“ဒီလိုမလိမ်ရဘူးသားရဲ့။ သားဖေဖေကပြောတယ်။ သားက
ဆိုင်ကယ်ပေါ်ကဆင်းတာနဲ့ ငါ့လွယ် အိတ်လာယူလို့ ပြောတယ်ဆို။ အဲဒါ ခိုင်းတာပဲပေါ့သားရဲ့” အေမြတ်အောင်သူက မျက်လုံး က လေးလှန်ပြီးမေမေ့ကိုကြည့်တယ်။
“ဟုတ်တယ်မဟုတ်လားသား”
“ဟုတ်”

 
“အေး အဲဒါကခိုင်းတယ်လို့ ခေါ်တယ်။ သူများကိုမခိုင်းရဘူး။ ကိုယ့်အလုပ်ကို ကိုယ့်ဟာကိုယ် လုပ်ရတယ်သား။ အဲဒါမှသားလုပ် တတ်မှာပေါ့။ မဟုတ်ရင်သားက ဘာမှမလုပ်တတ်ဘဲ သူများကိုပဲ အားကိုးနေရမှာပေါ့”
“အားကိုးတယ်ဆိုတာဘာလဲ မေမေ”
“သားမလုပ်တတ်လို့ သူများက လုပ်ပေးရတာလေ”
“သား လုပ်တတ်ပါတယ်မေမေ”
“သားလုပ်တတ်ရင် သားကိုယ် တိုင်လုပ်ရတယ်။ သူများကိုလုပ် ခိုင်းရင် သားလည်းမတတ်တော့ဘူး။ သူများလုပ်တတ်တာကို သားက မလုပ်တတ်ဘူးဆို ရှက်စရာကြီး။ စာသင်တာလည်း ဒီလိုပဲသားရဲ့။ သူများကတတ်ပြီး ကိုယ်ကမတတ် ရင် ရှက်စရာကြီးလေ။ ကိုယ်ကိုယ် တိုင်လုပ်မှ ကိုယ်ကိုယ်တိုင်တတ်တာ။ သားစာကို သားကိုယ်တိုင်ရေး။ သား ကိုယ်တိုင်ကျက်ရမှာလေ။ သူများရေး ပေးရင် သူများပဲတတ်မှာပေါ့။ သူ များကျက်ရင် သူများပဲစာရမှာပေါ့။ မဟုတ်ဘူးလား”
“ဟုတ်ကဲ့မေမေ”

“သားက ဘာလို့အသားမထည့် ခိုင်းတာလဲ”
“သူတို့က အသီးအရွက်နဲ့ ကြက် ဥတွေ ထည့်လာတာမေမေ။ သား ကိုလည်း ကြက်ဥပဲထည့်ပေးနော်”

“ဟင်းကတော့ သားသူငယ်ချင်း တွေကိုကျွေးလို့ရပါတယ်သားရဲ့။ သားလည်းစား။ သားသူငယ်ချင်း တွေကိုလည်းကျွေးပေါ့။ သူငယ်ချင်း တွေဆိုတာ အဲဒီလိုပဲ ကျွေးရတယ် သားရဲ့”
“ဟုတ်ကဲ့မေမေ”
“သားကိုအရုပ်ဝယ်မပေးနဲ့ တော့မေမေ”
“ဘာဖြစ်လို့လဲသားရဲ့”
“သားသူငယ်ချင်းတွေက သား အရုပ်ကိုလိုချင်ကြလို့တဲ့။ သူတို့ ဖေဖေ၊ မေမေတွေက သူတို့ကို ဝယ် မပေးဘူးတဲ့။ သားအရုပ်ကို သူတို့ ပေးလိုက်ရင် သားမှာ ဆော့စရာမရှိ တော့ဘူး။ အရုပ်ကတစ်ရုပ်တည်း ဆိုတော့ ဘယ်သူ့ကိုပေးရမှာလဲဟင်”
“သားကအရုပ်ကို ကျောင်းမ ယူသွားနဲ့ပေါ့သားရဲ့။ အရုပ်ကို ကျောင်းယူမသွားတော့ သူတို့လည်း မတွေ့တော့ဘူး။ သားလည်း ဘယ်သူ့ ကို ပေးရမလဲဆိုတာ မရှိတော့ဘူး လေ။ အိမ်မှာပဲဆော့ပေါ့”
“သားအရုပ်တွေနဲ့ မဆော့တော့ ဘူးမေမေ”
“အေး အေး ဒါဆိုသားတခြား ဟာနဲ့ဆော့ပေါ့”
“သား ဘောလုံးလိုချင်တယ် မေမေ။ သားဘောလုံးကန်မလို့။ ဘောလုံးကန်ရင် လူအများကြီးကန် လို့ရတယ်”
“ဘောလုံးကန်တာ ခိုက်မိတတ် တယ်နော်သား။ လဲပြုနေရင်လည်း အနာဖြစ်တတ်တယ်”
“သားသူငယ်ချင်းတွေက ဘောလုံးကန်ချင်လို့တဲ့မေမေ။ ဘော လုံးက ဈေးကြီးလားဟင်”
“ဘာဖြစ်လို့လဲသား။ ဈေးမကြီး ပါဘူး”
“ဇေယျာဦးကပြောတယ် မေမေ။ သူ့ဖေဖေကပြောတယ်တဲ့။ ဘောလုံး က ဈေးကြီးလို့မဝယ်နိုင်ဘူးတဲ့”
“ဘောလုံးကန်ချင်ရင် ဖေဖေ့ ကိုဝယ်ခိုင်းမယ်လေ။ ဒါပေမဲ့ ရန် မဖြစ်ရဘူးနော်။ တစ်ယောက်နဲ့ တစ် ယောက် ခိုက်မိအောင်မကစားရဘူး”
“ဟုတ်ကဲ့မေမေ”
အေးမြတ်အောင်သူလေး သူ့ မေမေက ဘောလုံးဝယ်ပေးမယ် ပြောလို့ပျော်သွားတယ်။ မနက် ကျောင်းသွားတော့ ဖေဖေ့ကို ဝယ် ခိုင်းလိုက်မယ်ဆိုတာနဲ့ ကျောင်း ရောက်တော့ သူငယ်ချင်းတွေကို သတင်းပေးလိုက်တယ်။
“မေမေက ဘောလုံးဝယ်ပေး မယ်တဲ့ကွ။ ဖေဖေ့ကိုဝယ်ခိုင်းမယ် တဲ့”
“ဟေး ပျော်တယ်ကွ။ အေး မြတ်တို့က သူဌေးတွေဆိုတော့ ကောင်းတယ်နော်။ ငါလည်း သူဌေး ဖြစ်ချင်လိုက်တာကွာ”
“အေးမြတ်တို့အိမ်မှာ သွား နေရင် သူဌေးဖြစ်မှာပဲနော်။ ငါ သွားနေချင်လိုက်တာ”
“ဟုတ်တယ်နော်။ အေးမြတ်တို့ အိမ်သွားနေရင် သူဌေးဖြစ်မှာပဲ။ အဖေတို့က ဘာလို့အေးမြတ်တို့လို အိမ်မလုပ်တာလဲမသိဘူး”
“ဟုတ်တယ်။ အဖေတို့၊ အမေတို့က အေးမြတ်တို့လို အိမ် ဘာလို့ မလုပ်တာလည်းမသိဘူး” အေးမြတ်အောင်သူလေးမှာ သူ့သူငယ်ချင်းတွေ ပြောနေတာကို နားထောင်ပြီးငေးနေတယ်။ သူ့သူ ငယ်ချင်းတွေလည်း သူ့လိုသူဌေးအိမ် ရှိရင်ကောင်းမှာပဲလို့ တွေးနေတယ်။ညနေကျောင်းဆင်းတော့ ဖေဖေက ဆိုင်ကယ်နဲ့ လာကြိုတယ်။ သူငယ် ချင်းတွေက သူတို့အိမ်တွေကို လမ်း လျှောက်ပြန်ကြတယ်။ လက်ကလေး တွေပြပြီး နှုတ်ဆက်ရင်း မနက်ဖြန် ဘောလုံးနော်လို့ အော်ကြတယ်။

 
“ဘောလုံးဝယ်ပြီးပြီလား ဖေဖေ”
“ဘောလုံးကန်ရင် တစ်ယောက် နဲ့တစ်ယောက်နာအောင် မကန်ရ ဘူးနော်။
နာအောင်ကန်ရင် ဖေဖေ က ဘောလုံးကိုပြန်သိမ်းမှာနော်”
“ဟုတ်ကဲ့ဖေဖေ”
အေးမြတ်အောင်သူလေး အိမ် ရောက်ရောက်ချင်း မေမေ့ဆီ သွား တယ်။မေမေက
သားဗိုက်ဆာလို့ လားလို့မေးတယ်။
“မေမေ ဇေယျာဦးကို သား တို့အိမ်ခေါ်လာရင် သူဌေးဖြစ်မှာ လားဟင်”
“ဘာဖြစ်လို့လဲသားရယ်”

 
“ဇေယျာဦးကပြောတယ်။ သား တို့အိမ်မှာသူနေရင် သူဌေးဖြစ် မှာတဲ့။သူတို့အဖေတွေ၊ အမေတွေက သားတို့လို သူဌေးအိမ် မလုပ်လို့တဲ့”
အေးမြတ်အောင်သူရဲ့မေမေ ဘာပြောရမှန်းမသိအောင်ဖြစ် သွား တယ်။ ကလေးအတွေးနဲ့ ပြောတာ ဆိုတော့ ကလေးနားလည်အောင် ရှင်းပြမှ အဆင်ပြေမှာလို့တွေးတယ်။ဇေယျာဦးအဖေနဲ့၊ အမေကလည်း သူဌေးအိမ်ဖြစ်အောင် လုပ်နေကြတာပါသားလို့ပြောရင် သားက    ဇေယျာဦးကို ပြန်ပြောမယ်။ဇေယျာ ဦးလေးကို မျှော်လင့်ချက်ပေးသလို ဖြစ်သွားမှာလည်း စိုးရိမ်ရတယ်။
“သားကသူဌေးမှမဟုတ်ဘဲ သားရဲ့။ သားသူငယ်ချင်းတွေကို ပြောလိုက်လေ။ သားကသူဌေးမ ဟုတ်ဘူးလို့။ အားလုံးအတူတူပဲလို့”
“သားတို့က သူဌေးမဟုတ်ဘူး ပေါ့”
“သူဌေးဆိုတာ တိုက်အကြီးကြီး နဲ့နေတာ။ ကားတွေစီးတာလေ သား ရဲ့။တိုက်ကြီးကြီးနဲ့နေပြီး ကားတွေ စီးမှ သူဌေးလို့ ပြောလိုက်လေသား”

 
“ဟုတ်လားမေမေ။ သားတို့က သူဌေးမဟုတ်ဘူးပေါ့။ ဇေယျာဦးနဲ့ သားနဲ့
အတူတူပေါ့နော်”
“အတူတူပေါ့သားရဲ့။ သား ဖေဖေက ဆိုင်ကယ်စီးပေမယ့်ကားမှ မစီးနိုင်သေးတာ။
သူဌေးမဟုတ် ဘူးလေ”
“ဟေး သားတို့က သူဌေးမ ဟုတ်ဘူးကွ”
အေးမြတ်အောင်သူလေး ပျော် သွားတာကြည့်ပြီး သူကလေးရဲ့ မေမေမှာ စိတ်ထဲလေးလံလာတယ်။ကလေးတွေရဲ့သိမ်ငယ်စိတ်တွေကို ဘယ်လိုနည်းနဲ့ကျောင်းတွေက ဖြေ ရှင်းပေးနိုင်မလဲ။ ဆရာ၊ ဆရာမ တွေက တန်းတူရည်တူ ဆက်ဆံပေး ဖို့ကလည်း
လိုနေတာကို တွေ့ရတယ်။ အေးမြတ်အောင်သူတို့ဆရာ၊ ဆရာမ တွေကတော့ ဒီလိုခွဲခြား ဆက်ဆံမိ တာမျိုးတွေ မရှိလောက်ဘူးလို့ ထင် ရတာပဲလို့ ဖြေတွေးလိုက်တယ်။ အေးမြတ်အောင်သူလေးကိုလည်း သူ့သူငယ်ချင်းတွေနဲ့ သိပ်မကွာဟ အောင်
ထားပေးမှဖြစ်မယ်လို့လည်း တွေးလိုက်တယ်။
“မိန်းမရေ့၊ ဒီနေ့တော့သားကိုဘောလုံးဝယ်ပေးရမယ်။ ကောင်းတာ
လေးဝယ်ပေးလိုက်မယ်ကွာ။ ကောင်း တာဆိုတော့ ကြာကြာလေး ကစား လို့ရတာပေါ့”
“ကောင်းတာဝယ်မပေးနဲ့။ က လေးတွေက ငယ်သေးတယ်။ သူတို့ကန်နိုင်သလောက် ပေါ့ပေါ့ပါးပါး လေးပဲ ဝယ်ပေးလိုက်ပါ။ ပေါက် တော့လည်း နောက်တစ်လုံးပေါ့”

 
“ဘာဖြစ်လို့လဲမိန်းမရဲ့။ ဝယ် ပေးမှတော့ ကောင်းတာဝယ်ပေးရမှာ ပေါ့” အေးမြတ်အောင်သူရဲ့ မေမေ က ကလေးတွေစိတ်ထဲမှာ ရှိနေတဲ့ သိမ်ငယ်စိတ်လေးတွေ အကြောင်းကို ပြောပြလိုက်တယ်။ အေးမြတ်အောင် သူရဲ့ ဖေဖေကလည်း သဘောပေါက် သွားတယ်။
“ကျွန်မတောင် ဝတ်စုံအသစ် ဝယ်ပေးဖို့ရာ နောက်ဆုတ်ထားလိုက် တော့မယ်။
ကလေးကို နောက်နှစ် တော့ ကျောင်းပြောင်းမှဖြစ်မယ် ထင်တယ်။ ဝေးလည်းမတတ်နိုင်ဘူး။
အပင်ပန်းခံပြီးပို့ရမှာပေါ့”
“သူငယ်ချင်းတွေရှိနေတာကွာ။ မူလတန်းအောင်တဲ့အထိတော့ထား ကြတာပေါ့။ ဒီနားက ချမ်းသာတဲ့ ကလေးတွေက ကားနဲ့အဝေးမှာထား ကြတာလေ။ ငါတို့သားလေးလည်း သူဌေးတွေ ကျောင်းရောက်သွားရင်သိမ်ငယ်ရမှာပဲလေ”
“ဟုတ်ပါတယ်လေ။ ကလေး တွေမှာ ငယ်ငယ်ကတည်းက သိမ် ငယ်စိတ်တွေဝင်သွားရင် မကောင်း ဘူးနော်”အေးမြတ်အောင်သူရဲ့ဖေဖေနဲ့မေမေတို့တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး ခေါင်းညိတ်လိုက်ကြတယ်။

 
“ကလေးတွေကိုသနားလိုက် တာလို့ အလွယ်ပဲပြောမိတတ်ကြ တယ်နော်။ ကျွန်မကတော့လေ ကလေးတွေ နားလည်နိုင်မယ်ဆိုရင် သူတို့ကိုပြောချင်တယ်။ သနားတယ် လို့အပြောခံရတာနဲ့ ဘာမှဖြစ်မသွား နဲ့ကလေးရေ့။ မင်းကိုယ်တိုင် သိမ် ငယ်သွားပြီဆိုတော့မှ တကယ်သနား စရာကောင်းတယ်လို့လေ”

စိုးဘားဒိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*