ထောက်ပံ့ကြေးပေးသင့်တဲ့ လူမျိုးကို ဘုတ်အဖွဲ့နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ပါတယ် ပြေတီဦး

ထောက်ပံ့ကြေးပေးသင့်တဲ့ လူမျိုးကို ဘုတ်အဖွဲ့နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ပါတယ် ပြေတီဦး
July 4, 2017 Asian Fame
ထောက်ပံ့ကြေးပေးသင့်တဲ့ လူမျိုးကို ဘုတ်အဖွဲ့နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ပါတယ် ပြေတီဦး

ptoယခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ပြီး တက္ကသိုလ်ဆက်တက်ဖို့ အခက်အခဲ ဖြစ်နေတဲ့ ကျောင်းသား၊ ကျောင်း သူများအနေနဲ့ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်းကို ပညာသင် စရိတ် လာရောက်လျှောက်ထား နိုင်ပြီဖြစ် ကြောင်း သရုပ်ဆောင် ပြေတီဦးက ပြောပါတယ်။
ပြေတီဦး ပညာရေးဖောင်ဒေး ရှင်းမှ ဆေးတက္ကသိုလ်တက်ရောက် မည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ စက်မှုတက္ကသိုလ်တက်ရောက် မည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးနဲ့ ဥပဒေ ကျောင်းသား၊ ကျောင်း သူ ၂ ဦး စုစုပေါင်း ၁၂ ဦးတို့ကို အဋ္ဌမအကြိမ် ပညာသင်စရိတ် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
”တစ်နိုင်ငံလုံးမှာရှိကြတဲ့ မိဘ ပြည်သူ ပရိသတ်တွေက ကျွန်တော် တို့ရဲ့ ပရိသတ်တွေပါပဲ။ ကျွန်တော် တို့က ဒီပရိသတ်တွေရဲ့ အားပေးမှုနဲ့ အလုပ်တွေ လုပ်နေရတဲ့အချိန်မှာ ကျွန်တော့်ကို အားပေးခဲ့တဲ့ ပရိ သတ်တွေကို နိုင်သလောက်လေး ကျေးဇူးဆပ်ချင်တဲ့အနေနဲ့ ဒီဖောင် ဒေးရှင်းလေးကို လုပ်ဖြစ်ခဲ့တာပါ” လို့ဖောင်ဒေးရှင်းတည်ထောင် ဖြစ်ပုံ အကြောင်းကို ဥက္ကဋ္ဌဖြစ်သူ ပြေတီဦး က ပြောပါတယ်။
လာရောက် လျှောက်ထားသူ များထဲက ထောက်ပံ့ကြေးပေးသင့်တဲ့ ကျောင်းသား၊ ကျောင်းသူများကို ဘုတ်အဖွဲ့နဲ့တိုင်ပင်ပြီး ဆုံးဖြတ် ဖြစ်တယ်လို့ဆိုတဲ့ ပြေတီဦးက…
”ဖောင်ဒေးရှင်းက ၈ နှစ်ထဲ ရောက်လာပါပြီ။ ကျောင်းသားတွေကို ကျွန်တော်တို့ လျှောက်လွှာခေါ်တာ ၈ ကြိမ်မြောက်ဖြစ်လာပါပြီ။ အခုဆို ရင်ဖောင်ဒေးရှင်းကို လျှောက်ထား လို့ရပါပြီ။ ၁ဝ လပိုင်းကုန် ၁၁ လပိုင်းမှာ ရွေးချယ်ခံရတဲ့ကျောင်း သားတွေကို ကြေညာပေးမှာပါ။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ ဖောင်ဒေးရှင်းက တစ်နှစ်ကို ၁၂ ယောက် တာဝန်ယူပါတယ်။ ဒါပေမဲ့ ပြင်ပအလှူရှင်တွေ များရင်များ သလို ကျောင်းသား အနည်းအများ ကွာခြားပါတယ်။ မနှစ်ကဆိုရင် ကျွန်တော်တို့ ၃၃ ယောက် တာဝန်ယူပေးနိုင်ပါတယ်။ဒီနှစ်တော့ အားလုံးပေါင်းဘယ်နှယောက် ဖြစ်မလဲဆိုတာ မသိရသေးဘူးပေါ့။ ထူးလည်း ထူးချွန်မယ်။ အမှတ်ကလည်း များမယ်။ တကယ်လည်း အခက်အခဲရှိတယ်။ ထောက်ပံ့ကြေးပေးလည်း ပေးသင့်တဲ့ လူမျိုးကို ဘုတ်အဖွဲ့နဲ့တိုင်ပင်ပြီး ဆုံးဖြတ်ပါတယ်။ များသောအားဖြင့်ကတော့ လာလျှောက်တဲ့ ကလေး အားလုံးနီးပါး မရနိုင်ပေမယ့် အားလုံးနီးပါးလောက်က တဖြည်းဖြည်းချင်း ရသွားတာများပါတယ်။ ဥပမာ စပြီးတော့ ပေးတဲ့အချိန်မှာ ၃၃ ယောက်ကို ပေးလိုက်တယ်ဆိုပေမယ့် နှစ်အလယ်လောက်မှာ အလှူရှင်တွေ ထပ်ထပ်ပြီး ပေါ်လာပါတယ်။ ကျန်ခဲ့တဲ့ ကျောင်းသားတွေထဲကပဲ ထပ်ပြီးပေးတော့ အားလုံးနီးပါးလောက်တော့ ထောက်ပံ့ကြေးရ သွားကြပါတယ်” လို့ပြောပါတယ်။
ပြေတီဦး ပညာရေးဖောင်ဒေး ရှင်းကို ဆက်သွယ်ချင်ရင်တော့ ဖုန်းနံပါတ် ဝ၉၇၃၁၂၃၄၄၄ ကို ဆက်သွယ် စုံစမ်းနိုင်မှာဖြစ်ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*