ရာသီခွင်အရုပ်တွေနဲ့ ဒီဇိုင်းဖန်တီးထားတဲ့ အဆင်တန်ဆာတွေရရှိစေနိုင်မယ့် Miraculous Fine Jewellery

ရာသီခွင်အရုပ်တွေနဲ့ ဒီဇိုင်းဖန်တီးထားတဲ့ အဆင်တန်ဆာတွေရရှိစေနိုင်မယ့် Miraculous Fine Jewellery
July 4, 2017 Asian Fame
ရာသီခွင်အရုပ်တွေနဲ့ ဒီဇိုင်းဖန်တီးထားတဲ့ အဆင်တန်ဆာတွေရရှိစေနိုင်မယ့် Miraculous Fine Jewellery

မြန်မာလူမျိုးတွေမှာ လူ တစ်ဦး ချင်းစီ မွေးဖွားခဲ့ကြတဲ့ မွေးရက် နေ့နံ၊ ဝိသေသလဏ္ခာတွေကို ဖော်ပြပေးတဲ့ ကိုယ်စားပြု ဂြိုဟ်ခွင် ရုပ်ကလေးတွေ ရှိကြပါတယ်။ ဒီလို နေ့နံ ကိုယ်စားပြု လာဘ်ကောင် လေးတွေကို အမြတ်တနိုး ဝတ်ဆင် ခြင်းဖြင့်လည်း ကံကောင်းမှု တွေ ယူဆောင်လာနိုင်တယ်လို့လည်း ဘိုးစဉ်ဘောင်ဆက် ယနေ့တိုင်ယုံကြည် နေကြဆဲ ဖြစ်ပါတယ်။ Miraculous Fine Jewellery အနေနဲ့လည်း ဂြိုဟ် ခွင်အဆောင် လာဘ်ကောင် လေးတွေ ကို အဆင်တန်ဆာတစ်ခုအနေနဲ့ ဝတ် ဆင်နိုင်ဖို့ ဒီဇိုင်းဆွဲ ဖန်တီးမှုများ ပြုလုပ် လျှက် ရှိပါတယ်။ အဲဒီအထဲမှာ အထူး ထုတ်လုပ်ထားတဲ့ အဆင်တန်ဆာတွေက တော့ ရွှေနဲ့လုပ်ထားတဲ့ဂြိုလ်ခွင်လာဘ် ကောင် Charms လေးတွေ ဖြစ်ပါ တယ်။ ဒီလို Charms လေးတွေ ပြု လုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး…” ကျွန်မ တို့ Miraculous အနေနဲ့ Product လေးတွေ ဖန်တီးတဲ့အခါ မြန်မာ့ယဉ် ကျေးမှု၊ ရိုးရာတွေကို ပြန်ဖော်ဆောင် နိုင်တဲ့ ပုံစံမျိုးကို အဓိကထား စဉ်းစားပါတယ်။ ဇာတာရာသီခွင်လာဘ်ကောင်လေးတွေကို ရွှေနဲ့စပြီးထုတ်ခဲ့တယ်။ ရွှေဆိုတာ တန်ဖိုးကြီးပြီး အဖိုးတန် ရှားပါးတဲ့ ကျောက်မျက်ရတနာတစ်ခုဖြစ် တဲ့အတွက် ကြောင့်ပါ။ စထုတ်တဲ့အချိန်မှာ ရာသီခွင် ၈ ခု တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ ဆို ပြီး လာဘ်ကောင်လေး ၈ ကောင်ကို စလုပ်ခဲ့တယ်။ ဒီလိုမျိုးထုတ်ပြီး Inter-national Myanmar Brand တစ်ခု ကို အရည်သွေးကောင်းကောင်းနဲ့ ထုတ် လုပ်နိုင်အောင် ရည်ရွယ်ခဲ့ပါတယ်” လို့ Miraculous ရဲ့ Managing Director မခိုင်ချိုမြတ် က ပြောပြပါတယ်။

product
လက်ရှိဈေးကွက်မှာရှိတဲ့ အဆောင် တန်ဆာလေးတွေ အကြောင်းကို လည်း ”ကျွန်မတို့ ပထမဆုံး အနေ နဲ့က ရွှေနဲ့ လုပ်ထားတဲ့ လာဘ်ကောင် ဂြိုဟ် ခွင်ရုပ်လေး ၈ ကောင်ကို ဇန်နဝါရီလ လယ်လောက်မှာ စတင်ရောင်းချခဲ့ပါ တယ်။ ရွှေရည်ကတော့ အာမခံ ၁၈ ကာရက် ရွှေရည်ပါ။ဖေ ဖော်ဝါရီ ၁၄ ရက် Valentines Day အတွက်တော့ အသည်းပုံ Charms လေးတွေ၊ နောက်ထပ်လည်းလာဘ်ခေါ်တဲ့သဘော ရွှေခြူ၊ ငွေခြူလေးတွေအပြင် ဂြိုဟ်ခွင်အရုပ် ကလေးတွေကို လက်ကောက်မှာ တပ်ပြီး ဝတ်နိုင်အောင်လည်း ရွှေလက်ကောက် လေးတွေပါ လက်အရွယ်အစားအလိုက် ရောင်းပေးပါတယ်။ လက်ကောက် တွေမှာလည်း မွေးလအလိုက် သူနဲ့ သက်ဆိုင် တဲ့ မွေးလကျောက်လေး တွေထည့်ထားတယ်။ Product အား လုံး ၁၉ မျိုးပါ” လို့ မခိုင်ချိုမြတ်က ဆက်လက် ပြောပြ ပါတယ်။

8 born sign
ရာသီခွင်အရုပ်လေးတွေရဲ့ အရွယ် အစားကတော့ အလျား ၁၅ မီလီမီတာမှ ၂၂ မီလီမီတာ သာရှိပြီး အမြင့်ကတော့ ၁၂ မှ ၁၆ မီလီမီတာသာရှိပါတယ်။ ဒီအရုပ်ကလေးတွေကို ထိုင်းနိုင်ငံက ပန်းထိမ်မှာပြုလုပ်တာဖြစ်ပြီး အရုပ် ၁ဝ ခုအတွက် အချိန် ၃ ပတ် ကြာမြင့်တယ်လို့ သိရပါတယ်။ အမျိုးသား၊ အမျိုးသမီး အားလုံး ဆင်မြန်းနိုင်တဲ့ ဒီအဆောင် တန်ဆာလေးတွေရဲ့ဆင်မြန်းမှု အပိုင်း ကိုလည်း”ကျွန်မတို့ ပစ္စည်းလေးတွေကို ကိုထက်နောင်ဝင်းက ဒီဇိုင်းဆွဲပေးထား ပါတယ်။ အကောင်လေးတွေရဲ့ Detail လေးကအစ သေသေချာချာလေး ထိုင်းနိုင်ငံမှာ ပန်းထိမ်နဲ့ လုပ်ထားတယ်။ Customer အများစုကတော့ ဒီအရုပ် လေးတွေကို Charms လေးတွေအနေနဲ့ လက်ကောက်မှာ တွဲပြီးဝတ်ကြတယ်။ ကလေးတွေဆိုရင် ဆွဲကြိုးအမည်းလေးတွေ၊ ရွှေဆွဲကြိုး အပါးစားလေးတွေနဲ့ ဝတ်ကြ တယ်။လက်ကောက်၊ဆွဲကြိုး၊ Charms လေးတွေအနေနဲ့လည်း မိန်းကလေး တွေဝတ်ကြတယ်။ ယောက်ျားလေးတွေ ဆိုလည်း ရှပ်ကြယ်သီး၊ လက်ကောက်လို မျိုးလေးတွေ ဝတ်နိုင်တယ်။ အခုလည်း လက်စွပ်အနေနဲ့ ဝတ်ဖို့မှာထားတာ လေးတွေ ရှိတယ်။ Facebook ကနေ အော်ဒါလေးတွေကို လက်ခံပေးပါတဲ့အပြင် ဖုန်း-ဝ၉၇၆၁၅၂၇၇၃၅ ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်”လို့ မခိုင်ချို မြတ်က ပြောပါတယ်။

managing director
Miraculous အနေနဲ့ သြဂုတ် လမှာလည်း မြန်မာ့ရိုးရာ ကစားစရာ အရုပ်ပုံစံလေးတွေနဲ့ ဝတ်ဆင်နိုင်တဲ့ Charms လေးတွေ ထပ်မံထုတ်လုပ် သွားဦးမယ်လို့လည်းသိရပါတယ်။

မြတ်မိုးပွင့်၊ ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*