မီဒီယာပေါင်းသင်း ဆက်ဆံရေး အနုပညာရှင်တို့အမြင်

မီဒီယာပေါင်းသင်း ဆက်ဆံရေး အနုပညာရှင်တို့အမြင်
July 4, 2017 Asian Fame
မီဒီယာပေါင်းသင်း ဆက်ဆံရေး အနုပညာရှင်တို့အမြင်

မီဒီယာသမားတွေက အနုပညာရှင်တွေ ရဲ့အကြောင်းတွေကို သူတို့ပရိသတ်တွေသိရှိစေဖို့မေး မြန်း ဖော်ပြတင်ဆက်ပေးကြတယ်၊ အနုပညာရှင်တွေကလည်း မီဒီယာသမားတွေရဲ့ မေးမြန်းမှုတွေကိုသူ တို့ဘက်ကနေ ပြန်လည်ဖြေကြားရင်း ပရိသတ်နဲ့ ထိတွေ့မှုယူကြတယ်။ အနုပညာရှင်နဲ့ မီဒီယာသမားဆိုတာ အမြဲထိ တွေ့ ဆက်ဆံနေရတဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်း မှီဆိုတဲ့ သဘောတရားတွေပါ။ ဒီသဘောတရားတွေအတိုင်း ခေတ်ကာလတွေ များစွာဖြတ်သန်းလာခဲ့ကြတဲ့ မီဒီ ယာသမားနဲ့ အနုပညာရှင် တွေ ကြားက ဆက်ဆံရေးတွေနဲ့ ပတ်သက်လို့ အနုပညာရှင်တချို့ရဲ့ မီဒီယာပေါင်းသင်း ဆက်ဆံရေး အပေါ် သူတို့အမြင်တွေကို စုစည်းဖော်ပြတင်ဆက်လိုက်ပါတယ်။

**************************

မေဖြူဖြူ

mpp

အနုပညာသမားနဲ့ မီဒီယာ ဆိုတာပေါင်းကူးတံတားလို့ ပြောလို့လည်းရပါတယ်။ မေဖြူ တို့ ဆိုရင်ကိုယ့်ရဲ့ Image ကို မီဒီယာတွေကပဲအထောက် အကူပြုသွားတယ်။ မေဖြူ အနေနဲ့ဆိုရင် ရုပ်ရှင် မရိုက်ဘူး။ ဒါပေမဲ့ပရိသတ်နဲ့ အဆက် အသွယ်ပြတ်မနေအောင် မီဒီ ယာတွေကပဲကူညီပေးနေတယ်။ ကြားထဲ ကနေသူတို့က အများ ဆုံးကူညီပေးတာပေါ့။ မီဒီယာက မေဖြူ့အတွက်ခွဲခွာလို့ မရတဲ့ မောင်နှမတွေ၊ ညီမတွေပါ ပါတယ်။ မီဒီယာမှာရှေ့မှာ မရောက်ဘူးဆိုလို့ရှိရင် တောက်ပလာဖို့ကမလွယ်ဘူး၊ မီဒီယာ တွေရဲ့အပံ့ပိုးနဲ့မှ အကောင်းဆုံး ပိုတောက်ပလာနိုင်မှာပါ။

**************************

ညီထွဋ်ခေါင်

Untitled-1

မီဒီယာဆိုတာ အရမ်းလိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာကို ကျွန်တော်တို့ Social Network ကနေ ပြောလို့ရတယ် ဆိုပေမယ့် တစ်ခါတလေ ကျွန်တော်တို့ ပြောလို့မရဘဲ မီဒီယာကနေ အသိပေးမှ ရမယ့်ကိစ္စမျိုးလေးတွေ ရှိပါတယ်။ မီဒီယာလုပ်ပေးမှကို ရမယ်ဆို တာလေးတွေ ရှိတယ်။ ဒါကြောင့် မီဒီယာက ကျွန်တော်တို့နဲ့ ပရိသတ် ကြားမှာ ပေါင်း ကူးသဖွယ်ပါပဲ။ အရင်ကရော၊ အခုရော၊ နောင်ရော လိုအပ်နေမှာပါပဲ။ ကိုင်းကျွန်း မှီ၊ ကျွန်းကိုင်းမှီ လို့လည်း မီဒီယာကို ပြောလို့ရသလို ပေါင်းကူး တံတားလို့လည်း သတ်မှတ်လို့ရပါတယ်။ နေ့စဉ် ကျွန်တော်တို့ လှုပ်ရှားနေသမျှကို ဖေ့စ်ဘုတ်ကနေပြော လို့ရပေမယ်တစ်ခါတလေ မီဒီယာက ဖော်ပြမှရတာတွေရှိပါတယ်။

**************************

စိုးသီဟ

sth

အနုပညာရှင်နဲ့ မီဒီယာ က ပေါင်းကူးတံတားလို့ ပြော လို့ ရပါတယ်။ ကျွန်တော်တို့ရဲ့ အနုပညာလှုပ်ရှားမှုတွေ ပရိသတ်ကို ချပြဖို့ အတွက် ကြားထဲမှာမီဒီယာက ပေါင်း ကူးတံတား လည်း ဖြစ်ပါတယ်။ ဒီခေတ်မှာ မီဒီယာကအနု ပညာသမားတွေအတွက် တအားအရေးပါပါတယ်။ ကျွန်တော်တို့ရဲ့ အနုပညာ လှုပ်ရှားမှုတွေ ပေးချင်တဲ့ Message တွေကို မီဒီယာ ကတစ်ဆင့်ပြောပြ၊ ချပြနိုင်တဲ့ အတွက် တအားကို အရေးပါ ပါတယ်။

**************************

ထွန်းကိုကို

tkk

အနုပညာရှင်နဲ့မီဒီယာနဲ့ကတော့ ကျွန်းကိုင်း မှီကိုင်းကျွန်းမှီပေါ့နော်။ နှစ်ဦးနှစ်ဖက် အတွက်က အနုပညာရှင် တွေချည်းပဲ သီးသန့် နေလို့မရဘူး။ မီဒီယာတွေပဲတစ်သီး တခြားနေလို့မရဘူး။ ဒီမီဒီယာနဲ့ အနုပညာရှင်တွေဆိုတာ တစ်တွဲ တည်းပေါ့နော်။ အနုပညာရှင်တွေရဲ့ သတင်း တွေကို မီဒီယာတွေကနေ တစ်ဆင့်ထုတ် လွှင့် ပေးတယ်။ ကြေညာပေးတော့ပရိသတ် တွေက စိတ်ဝင်စားတယ်။ အဲဒီလိုပဲမီဒီယာ တွေကလည်း အနုပညာရှင်တွေရဲ့သတင်းတွေကို စုံစမ်း ထောက်လှမ်းပြီးသတင်းတွေ ချပြပေး တာဖြစ် တဲ့အတွက် မီဒီယာတွေရှိတာ တအားအဆင် ပြေတယ်လို့ ထင်တယ်။
ပရိသတ်နဲ့အနုပညာရှင်တွေကို တိုက်ရိုက် ထိတွေ့ပေးတဲ့ ပေါင်းကူး ပေးတဲ့အရာပေါ့နော်။ မီဒီယာတွေက ကျွန်တော်တို့နဲ့ ပရိသတ်တွေကို ပိုပြီးရင်းနှီးစေတယ်။ ပိုပြီးသိစေတယ်။ အဲဒီအတွက် မီဒီယာတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။

**************************

အိကျော့ခိုင်

ekk

မီဒီယာတွေက အနုပညာရှင်တွေ အတွက် အပြန်အလှန် အကျိုးကျေးဇူး ရှိပါတယ်။ အနုပညာရှင်တွေကလည်း မီဒီယာကျေးဇူးနဲ့ပဲ အောင် မြင်ကြတယ်။ ပိုပြီး လူသိများကြတယ်။ တစ်ဖက် ကလည်း ဒီအနုပညာရှင်တွေကို အောင် မြင်အောင်လုပ်ပေးတဲ့အတွက် ကြောင့် လည်း မီဒီယာတွေ ပိုပြီး ကျော်ကြား လာတယ်၊ လူကြိုက်များလာတယ်။ ပရိ သတ်တွေ ပိုကြည့်ရှုကြတယ်။ အပြန် အလှန်အကျိုးကျေးဇူးရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် မရှိမဖြစ် လိုအပ်တယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံ မီဒီယာတွေက များသော အားဖြင့် အနု ပညာရှင်တွေရဲ့ အကြောင်းကိုဝေဝေ ဆာဆာ ပြောပြပေးတယ်ဆိုတော့ သူတို့အကြောင်းတွေပိုသိရတယ်။ မီဒီယာကနေတစ်ဆင့်ပရိသတ်တွေကလည်း အနုပညာရှင်တွေရဲ့ အကြောင်းကို ပိုသိခွင့်ရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*