မီဒီယာနဲ့ အနုပညာရှင်တို့ ဆက်ဆံရေးအကြောင်း ပြောပြတဲ့ မင်းသွေး နဲ့ မိစန္ဒီ

မီဒီယာနဲ့ အနုပညာရှင်တို့ ဆက်ဆံရေးအကြောင်း ပြောပြတဲ့ မင်းသွေး နဲ့ မိစန္ဒီ
July 4, 2017 Asian Fame
မီဒီယာနဲ့ အနုပညာရှင်တို့ ဆက်ဆံရေးအကြောင်း ပြောပြတဲ့ မင်းသွေး နဲ့ မိစန္ဒီ

mintway & minsandiယနေ့ခေတ်ဟာ ပိုမိုဖွံ့ဖြိုးတိုးတက်လာတဲ့ သတင်းအချက်အလက်နဲ့ နည်းပညာခေတ် ဖြစ်လာပါပြီ။ ဒါကြောင့် သတင်းအချက်အလက် စီးဆင်း မှုဟာ ယခင်ကထက် ပိုမိုမြန်ဆန်လာသလို သတင်းဖြန့်ဝေရာ အခြေခံဌာနတွေ လည်း ပိုမိုများပြားလာပါတယ်။နိုင်ငံကျော်တွေ၊ တိုင်းသိပြည်သိ အနုပညာရှင် တွေရဲ့ သတင်းအချက်အလက်တွေကို ပရိသတ်ထံ ဖြန့်ဝေရာမှာ ယခင်က ဂျာနယ်၊ မဂ္ဂဇင်းစာစောင်များကတစ်ဆင့် အနုပညာရှင်နဲ့ ပရိသတ်တို့ ဆက် သွယ်နိုင်ခဲ့ကြပြီးယခု လက်ရှိမှာတော့ ဂျာနယ်၊ မဂ္ဂဇင်းများအပြင် အင်တာ နက်ခေတ်မှာ လေလှိုင်းအွန်လိုင်းကတစ်ဆင့်လည်း ဆက်သွယ်နိုင်၊ မျှဝေနိုင်ပြီ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲလာမှုနဲ့အတူ မီဒီယာများဟာလည်း အွန်လိုင်း မီဒီယာဆိုတဲ့ ပလက်ဖောင်းအသစ်ကို ထပ်မံ လျှောက်လှမ်းပြီး ပုံနှိပ်မီဒီယာ များအပြင် အွန်လိုင်းမီဒီယာများလည်း တည်ရှိလာပြီဖြစ်ပါတယ်။ အမြဲတမ်း ဆက်နွှယ်လျက်ရှိတဲ့ မီဒီယာနဲ့ အနုပညာရှင်တို့ရဲ့ကြားက ဆက်နွှယ်မှုနဲ့ မီဒီယာတို့အပေါ်အမြင်ကို သရုပ်ဆောင်မင်းသွေးနဲ့ အဆိုတော် မိစန္ဒီတို့က ခုလိုပဲ ပြောပြထားပါတယ်။

မင်းသွေး
တကယ်တော့ မီဒီယာနဲ့ အနုပညာရှင် ဆိုတာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါပဲ။ မီဒီယာကလည်း ပရိသတ်တွေ စိတ်ဝင်စား မယ့်သတင်းအချက်အလက်တွေပေးတယ်။ ဗဟုသုတတွေကို စာဖတ်သူဆီပို့ပေး တယ်။ ကျွန်တော်တို့ အနုပညာရှင်တွေက လည်း ကျွန်တော်တို့ ပြောချင်တဲ့ အကြောင်းအရာလေးတွေ၊ ပရိသတ်ကို အသိ ပေး ချင်တာတွေကို မီဒီ ယာက တစ်ဆင့် ပြောရတယ်။ အရင်ကတော့ စာစောင်တွေ၊ ဂျာနယ်တွေဆိုတာ တအားခေတ်စားတယ်။ အခုနောက် ပိုင်းတော့ IT ပစ္စည်းတွေလည်း ပေါ်လာတယ်။ Social Network တွေလည်း ရှိလာတော့ စာရွက်ပေါ်ကမီဒီယာက နည်းနည်းတော့ ထိတွေ့ မှုနည်းသွားတယ်လို့ ကျွန်တော်ထင်တယ်။ ဒီအတွက် နောက်ပိုင်းမီဒီယာတွေနဲ့ ကျွန်တော်တို့နဲ့ ဆက်သွယ်မှုမှာ IT ပစ္စည်းတွေနဲ့ ပိုပြီးထိတွေ့လာတယ်။ နောက်ပိုင်း Online Media မှာ ဟုတ်တာတွေရှိသလို၊ မဟုတ်တာ တွေလည်းရှိလာတယ်။ အပြင်မှာလည်း တရားဝင်တွဲလုပ်တယ်။ အမြဲတမ်း လည်း အင်တာဗျူးထိတွေ့နေတဲ့ မီဒီယာတွေနဲ့ပဲ ကျွန်တော်အလုပ်လုပ် ဖြစ်တယ်။ တချို့ကျတော့ Online ပဲရှိပြီး အပြင်မှာတရားဝင်မရှိတာတွေ ရှိကြတယ်။ အဲဒီအခါ ယုံကြည်ဖို့တော့ နည်းနည်းခက်တယ်။ ထိတွေ့ ဆက် ဆံဖူးတဲ့လူတွေကျတော့ အချက်အလက်မှားသွားရင် ပြန်ပြော၊ ပြန်မေးလို့ ရတယ်။ တစ်ခါတလေကျရင်တော့ ကျွန်တော်တို့ပြောလိုက်တာ တခြား၊ ရေးတာတခြားတွေ လူမှုကွန်ရက်မှာ တွေ့ရတယ်။ အဓိကကတော့ တစ် ယောက်နဲ့တစ်ယောက် Respect လေးထားကြတာပါပဲ။

မိစန္ဒီ
ညီမတို့အနုပညာလောကကို စဝင်ကာစ ကတည်းက ဒီမီဒီယာတွေကပဲ ပရိသတ်တွေနဲ့ ပေါင်းကူးတံတားသဖွယ် ပို့ဆောင်ပေးတာပါ။ခုထိလည်း ပရိသတ်တွေနဲ့ ညီမတို့ ကြားမှာ အမြဲ ဆက်သွယ်ပေးနေတာပါ။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ နောက်မှာလည်း ဆက်ပြီး တော့ မီဒီယာတွေအနေနဲ့ ညီမတို့လို အနုပညာရှင် တွေကို ပရိသတ်နဲ့ ပေါင်းကူးပေးစေချင်ပါတယ်။ အခု ကတော့ အရင်လို ဂျာနယ်မဂ္ဂဇင်းတွေတင် မဟုတ် တော့ဘဲ အွန်လိုင်းမီဒီယာတွေပါ ခေတ်စားလာ တာပေါ့။ အဲဒီအတွက်လည်း သတင်းတွေ ပရိသတ် ဆီပေးနိုင်ဖို့ ပိုပြီး မြန်ဆန်လာတာပေါ့။ ဒါကြောင့် ခုလိုမီဒီယာတွေ ပိုမိုများပြားလာတာလည်း ညီမတို့လို အနုပညာရှင်တွေအတွက် ကောင်းပါ တယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*