နတ်မျက်စိ ၏ မှတ်စုများ – ၈

နတ်မျက်စိ ၏ မှတ်စုများ – ၈
July 4, 2017 Asian Fame
နတ်မျက်စိ ၏ မှတ်စုများ – ၈

Kyunit“လောကီဘုံအနှမ်း” ဟု ကဗျာဆရာတစ်ဦးက စိတ်အချဉ်ပေါက်စွာ သမုတ်ထားခဲ့သော လူ့လောက၊ လူ့အဖွဲ့အစည်းကြီး ကို နတ်မျက်စိက မကြည့်၊ မမြင်လိုပေ။ အထူးသဖြင့် လူမျိုးစုံ ရောနှော ရှုပ်ထွေး၊ စရိုက်စုံ ပြွမ်းတီးယှက်လိမ်၊ အကျင့်စုံပွေလီ ထွေပြား၊ ဝါဒစုံ သပွတ်အူလိုက်နေ သော ရန်ကုန် ရွှေမြို့တော်ကြီးကို နတ်မျက်စိသည် တစ်ချက်ကလေး မျှပင် ကြည့်ချင်စိတ်မရှိပေ။ ကြည့်လိုက်တိုင်း စိတ်မောစရာ၊ ရင်အောင့်စရာတွေ ချည်းတွေ့ တွေ့နေရတတ်သောကြောင့် ဖြစ်သည်။ သို့သော် “သူ့ဆန်စား ရဲမှ” ဆိုသလို မိမိအား ရာထူး နှင့်တွဲလျက် တာဝန်ပေးထား သော ဒေဝတို့၏ ဥသျှောင်နတ်ချုပ် မှူးကြီး၏ အမိန့်ကို မလွန်ဆန် သာသဖြင့် နတ်မျက်စိ သည် ၂၄ နာရီအပြည့် စက္ကန့်မလပ် တာဝန် ထမ်းဆောင်နေရပေသည်။

“တာဝန်မလစ်ဟင်းစေနဲ့နော။ လစ်ဟင်းရင် မောင်မင်းကို အမည်း ရောင်နယ်မြေထဲကို ထရန်စဖာလုပ် ပစ်လိုက်မယ်”ဟု နတ်ချုပ်မှူးကြီးက ရာဇသံပေးခဲ့သေး၏။

“အမည်းရောင် နယ်မြေတော့ မလုပ်ပါနဲ့ဖရာ့။ ကျွန်တော်မျိုးက ဒေဝစက္ခု ဆိုပေမယ့် အလွန်တစ်ရာ လျင်မြန်စွာ ပျံသန်းနေကြတဲ့ ကျည်ဖူး တွေကိုတော့ မမြင်နိုင်ဘူးဖရာ့”

“မောင်မင်းလို အူတူတူ၊ အတတ ငနဲကို အမည်းရောင်နယ်မြေထဲ မလွှတ်ပါဘူးကွယ်။ ပြဿနာအဖုံဖုံ မြို့ရန်ကုန်ကိုပဲ စောင့်ကြည့် နေ လိုက်စမ်းပါ။ ပြီးရင် ငါကိုယ်တော် မြတ်ဆီ ရီပို့တင်လိုက်”

ဒေဝတို့၏ ဥသျှောင်နတ်ချုပ်မှူး ကြီးက ထိုသို့ ညွှန်ကြားထားသဖြင့် နတ်မျက်စိသည် ရန်ကုန် ရွှေမြို့တော် ကို မမှိတ်မသုန် အာရုံစူးစိုက်ထား သည်။

“ဟော ရန်ကုန်သားတွေ လိမ္မာ လာကြပြီကွ။ မြို့ကြီးသားပီသလာကြ ပြီ။ မြို့လယ်ကောင်က နောက်ဖေး လမ်းကြားတွေမှာ အမှိုက်မပစ်ကြ တော့တဲ့အပြင် နောက်ဖေးလမ်းကြား ကို သန့်ရှင်းပြီး အလှဆင်နေကြပြီ။ အနားယူ လို့ရတဲ့ ပန်းဥယျာဉ်ပုံစံ ကလေးတွေ လုပ်ကုန်ကြပြီ။ ဂီတဖျော် ဖြေပွဲတွေ၊ နောက်ဖေး လမ်းကြား ပန်းချီပြပွဲတွေ၊ နောက်ဖေးလမ်းကြား စာပေဟောပြောပွဲ တွေတောင် ကျင်းပကြတော့မယ့်ပုံ။ အို … အဟောဝတ၊ ကောင်းလေစွ”

နတ်မျက်စိသည် ရန်ကုန်ရွှေ မြို့တော်မှ နောက်ဖေး လမ်းကြား ရှုခင်းတစ်ခု ကိုကြည့်ကာ ကြည်နူးစွာ ရေရွတ်လိုက်၏။ သို့ရာတွင် နတ် မျက်စိမှာ ပညာရှိ သတိဖြစ်ခဲ ဆိုဘိ သကဲ့သို့ လက်တွေ့မျက်တွေ့ အမှန် တရားကို မျက်စိလျှံနေသည်။ ရန်ကုန် ရွှေမြို့တော်၏ Downtown ဟု ခေါ်ဆိုသော မြို့လယ်ကောင်တွင် နောက်ဖေး လမ်းကြား ဒါဇင် ပေါင်းများစွာ ရှိနေကြသည်။ နောက် ဖေးလမ်းကြားကို အလှဆင် နိုင်သည်မှာ တစ်လမ်း တစ်လေသာ ဖြစ်သည်။ အများစုမှာကား စည်ပင် က စည်းကမ်း တင်းကျပ်ထား၍သာ အမှိုက်မပစ် ကြသော်လည်း အခွင့် အလေး ရသည်နှင့် လျင်လျင်ကြီး အမှိုက်ပစ်ကြရန် အဆင်သင့်မောင်း တင်ထားကြသည်။

နတ်မျက်စိသည် ထူးခြားလှပ သော နောက်ဖေးလမ်းကြားကိုတွေ့ မြင်ပြီးနောက် အခြားနောက်ဖေး လမ်းကြားများကို လှည့်လည်အကဲ ခတ်ပြန်သည်။

“အိမ်း … သက်ဆိုင်ရာက စည်းကမ်းဥပဒေတင်းကျပ်လိုက် တော့ အရင်ကလို စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ အမှိုက်မပစ်ရဲကြတော့ ဘူး။ ရောဂါကြမ်းရင် ဆေးကြမ်းနဲ့ ကုရတာပေါ့လေ”ဟု နတ်မျက်စိက မှတ်ချက်ချသည်။

သို့ရာတွင် လမ်းသွားရင်း ငှက် ပျောသီးခွံ၊ စီးကရက်ဘူးခွံ၊ စက္ကူစုတ် စသည်တို့ကို လမ်းပေါ်သို့ ခပ်တည် တည်ပစ်စလက်ခတ် စွန့်ပစ်သူ တချို့ ကို နတ်မျက်စိတွေ့နေရဆဲ။ လမ်း ဘေး ရေဆိုးမြောင်းထဲသို့ လစ်လျင် လစ်သလို ရှူးရှူးပန်းနေ သူများကို လည်း တွေ့နေရဆဲ။ ကွမ်းဝါးသော ကွမ်းသမားတွေ ကလည်း လမ်းပေါ် သို့ ကွမ်းသွေးတွေ တဗျစ်ဗျစ် ထွေး ချနေကြသည် သာဖြစ်သည်။ ကား ဒရိုင်ဘာ တစ်ယောက် ဆိုလျင် မီးပွိုင့် မှာမီးနီမိ၍ ကားရပ်ထားစဉ် တံခါး ကိုအသာဟ၍ ကတ္တရာ လမ်းပေါ်သို့ ကွမ်းသွေး တစ်ဂါလံလောက်ကို ဝေါခနဲ ထွေးချလိုက်သည်။

ထိုသူကွမ်းသွေး ထွေးချသည်ကို အနီးရှိတက္ကစီ ကားပေါ်မှ ဒရိုင်ဘာ က အလိုမကျသလို မျက်မှောင်ကုပ် ၍ ကြည့်၏။ အဆင့်မြင့် အဖိုးတန် ကားပေါ်မှ ကွမ်းသွေးထွေး သူသည် တက္ကစီဒရိုင်ဘာကို ဘုကြည့်ကြည့်ရုံ သာမက စိန်ခေါ်လိုက်သည်။

“ဟေး ..ဘော်ဒါ ဘာဖြစ်ချင် လို့လဲ ဟင်။ ဘာဖြစ်ချင်လို့လဲ။ မကျေနပ်ရင် ကွမ်းသွေးတွေကို ကုန်း လျက်လိုက်လေကွာ”

တက္ကစီဒရိုင်ဘာမှာ “စကား နည်းရန်စဲသမား” ငြိမ်းချမ်းရေးဝါဒီ လား၊ လူကြောက် လားတော့မသိ။ စိန်ခေါ်စော်ကားသူကို မကြည့်တော့ ဘဲ မျက်နှာလွှဲလိုက်သည်။ ကွမ်း သမားကတော့ ဒေါသမပြယ်သေးဘဲ လူရမ်းကား ဆန်ဆန် လှမ်းအော်နေ သေးသည်။

“စည်ပင်ဝန်ထမ်းတွေကို လူထု ဘဏ္ဍာတော်ငွေ ထဲကနေ လစာပေး ပြီး ခန့်ထားတာကွ။ နားလည်လား။ လမ်းတွေညစ်ပတ်ရင် သန့်ရှင်းရေး လုပ်ရမှာ သူတို့တာဝန်ပဲ။ သဘော ပေါက်”

နတ်မျက်စိသည် ကွမ်းသမား လူရမ်းကားကို နားရွက်တွေ ကားထွက် ကုန်အောင် နားရင်း အုပ်ပစ်ချင်လာ သည်။ သို့သော် နတ်မျက်စိ ထိုသို့ လုပ်ခွင့်မရှိပါ။ ကွမ်းသမားကား ဒရိုင်ဘာတချို့ကြောင့် ကတ္တရာလမ်း မကြီးတွေ ကွမ်းသွေးကွက် များဖြင့် သာ အကျည်း တန်နေကြောင်း အထက်သို့ အစီရင်ခံဖို့သာ သူ့ တာဝန်ဖြစ်သာသည်။

“ဟေ့နတ်မျက်စိ၊ လျှောမွေးကို ဗာရာဏသီ မချဲ့နဲ့ကွာ။ လမ်းပေါ် ကွမ်းသွေးထွေးချတဲ့ အမှုတွေကို လိုက်အရေးယူနေရရင် တခြား အလုပ်လုပ်ရတော့မှာမဟုတ်ဘူး။ မင်း မျက်နှာပေါ် ကွမ်းသွေးထွေး ချတာမှ မဟုတ်ဘဲ။ မသိချင်ယောင် ဆောင်နေလိုက်၊ မှတ်ထား၊ ဒီမို ကရေစီခေတ်ကွ။ လမ်းပေါ် ကွမ်း သွေးထွေးလို့ရတယ်” ဟု အထက် နတ်မင်းက မိန့်တော်မူလာခဲ့လျှင် မိမိမှာ မျက်နှာမရ။ ခြေထောက်ရ ဆိုဘိသကဲ့သို့ အောင့်သက်သက် ရင် ဆို့ရပေဦးမည်။

နတ်မျက်စိသည် ဗဟုသုတ စကားကြားရလို ကြားရငြား စာပေ သမားတချို့ စုဝေးလေ့ရှိသော လက်ဖက်ရည် ဆိုင်ထဲသို့ လျှောက် ဝင်သွားလေသည်။ မျက်မှန်ထူ လူဝ ကြီးတစ်ယောက်က စာအုပ်တစ်အုပ် ကို မြှောက်ကာ အာပေါင်အာရင်း သန်နေသည်။

“ဟောဒီမှာကြည့် သတင်းစာ ဆရာကြီး ဦးသိမ်းမောင်ရေးတဲ့ (ရန်ကုန်ရာဇဝင်သမိုင်း)ဆိုတဲ့ စာ အုပ်။ ဒီစာအုပ်ထဲက အခန်း ၂၂ မှာ (ရန်ကုန်မြို့က အပုပ်ကောင်ကြီး)ဆိုတဲ့ ခေါင်းစဉ်ကို တွေ့ရလိမ့်မယ်။ အပုပ်ကောင်ကြီးဆိုတာကတော့ အဲဒီခေတ် မြို့တော် မြူနီစပယ် အဖွဲ့ က အမှိုက်တွေ မသိမ်းလို့ ရန်ကုန်မြို့ ဟာ အပုပ်ကောင်ကြီး ဖြစ်နေပြီလို့ သရော်ထားတာပဲ။ ငါတို့ခေတ်မှာ ကော အဲဒီအပုပ်ကောင်ကြီး ရှိသေး သလား။ ပြောကြစမ်းပါဦး”

ထိုစဉ် ဖြူဖြူပိန်ပိန် အမျိုးသမီး တစ်ဦး ဆိုင်ထဲဝင်လာသည်။ ဆိုင်ထဲ မှာ ကွမ်းသွေးတံထွေးခွက်အဖြစ် အသုံးတော်ခံနေသော သဲပုံးကြီး ကို တစ်ချက်ငုံ့ကြည့်သည်။ သဲပုံးထဲတွင် အမျိုးသမီးဓမ္မတာ သွေးပုတ်များကဲ့ သို့ ညှိပုပ်ပုပ် ကွမ်းသွေးများကို အပုံ လိုက်၊ အထပ် လိုက်တွေ့ရသော အခါ အမျိုးသမီးခမျာ “အမေ့”ဟု ညည်းညူကာ ခွေလဲကျသွားရှာ သည်။

နတ်မျက်စိသည် အံတစ်ချက် ကြိတ်ကာ “ကွမ်းပြဿနာ၊ ကွမ်း ပြဿနာ၊ ကွမ်းပြဿနာကို ဘယ်လို ရှင်းရပါ့++ဟု မကျေ မချမ်း မြည် တမ်း လိုက်မိလေသည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*