စင်ပေါ်မှာ ပေါ့ပေါ့ပါးပါး ဖြစ်ချင်လို့ ဝိတ်ချနေတဲ့ အားတီ

စင်ပေါ်မှာ ပေါ့ပေါ့ပါးပါး ဖြစ်ချင်လို့ ဝိတ်ချနေတဲ့ အားတီ
July 4, 2017 Asian Fame
စင်ပေါ်မှာ ပေါ့ပေါ့ပါးပါး ဖြစ်ချင်လို့ ဝိတ်ချနေတဲ့ အားတီ

Arr-Tအားတီက ဇွန်လ ၂၄ ရက်နေ့က ဘန်ကောက်မှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာကျော် အဆိုတော် ဘရစ်တနီစပီးယားရဲ့ ဂီတဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုခဲ့ပါ တယ်။ အဆိုတော် ဘရစ်တနီစပီးယားက သူငယ် ငယ်ကတည်းက ရူးသွပ် စွဲလမ်းခဲ့ရသူဖြစ်တာ ကြောင့် ခုလို တိုက်ရိုက်ကြည့်ရှု ခွင့်ရတာ သူ့ အတွက် အမှတ်တရပါပဲလို့ အားတီက ဆိုပါ တယ်။

“ကျွန်တော်က ဟိုးငယ်ငယ်လေး ကတည်းက သူ့ကိုသဘောကျတာ။ တကယ့် Legend  တစ်ယောက် ရဲ့ပွဲဖြစ်တဲ့ အတွက် လေ့လာ စရာ တွေလည်း လေ့လာရအောင် သွားကြည့်တာပါ။ အရင်နှစ်ပိုင်းတွေမှာ သူအိမ်ထောင်တွေဘာ တွေကွဲပြီး သူစိတ်တွေလေပြီး သူဘဝပျက် တယ်ပေါ့။ အဲဒီအချိန်မှာ သူတော်တော်ဆိုးတာ။ အဲဒါတွေကို ကျွန်တော်က အင်တာနက်က တစ် ဆင့်လေ့လာပြီး သိတယ်။ အဲဒီလို အခြေအနေ ကနေ သူပြန်ပြီး အောင်မြင်အောင်လုပ် လာနိုင် တယ်။ အဲဒီလို ကျရှုံးသွားတဲ့ လူတစ် ယောက် က ပြန် ပြီး အောင်မြင်အောင် လုပ်နိုင် တယ်ဆိုတာက ကျွန်တော့် အတွက် Motivation ရတယ်။ အဲ့ဒီမှာ ပိုကြိုက် သွားတယ်။ အဲဒီမှာ လည်း လေးစားစရာ နောက်တစ်ခုက အပုဒ်၂ဝ ကျော်ကိုကပြီး ဆက် တိုက်ဆိုသွားတယ်။ အဓိကက stamina ပေါ့။ သူခံနိုင်ရည် သက်လုံ ကိုတော်တော် လေ့ကျင့် ထားတယ်။ အဲဒါတော့ အတုယူရမယ်။  ကျွန် တော်တို့လည်း လေ့ကျင့်ရမှာပေါ့” လို့  အားတီ က ပြောပါတယ်။ အားတီက လတ်တလော မှာလည်း ဝိတ်တက် လာတာကြောင့် ဝိတ်ပြန်ချနေပြီး စင်ပေါ်မှာ ဖျော်ဖြေတဲ့ အခါ ပေါ့ပေါ့ပါးပါး သွက် သွက်လက်လက်နဲ့ ဖျော်ဖြေချင်တာကြောင့် ဖြစ် တယ်လို့ ပြောပါတယ်။

“ကျွန်တော် ဒီရက်ပိုင်းထဲမှာ Gym ကို သေချာပြန်ကစားနေတယ်။ အဓိကက ကျွန် တော် ဒီကြားထဲမှာ တအား ဝလာတဲ့အတွက်  ဝိတ်ပြန် ချဖို့ လုပ်နေတာ။ ကျွန်တော့် သီချင်းတွေက လည်း စင်ပေါ်မှာကခုန်ပြီး ဆိုရတာ ဖြစ်တာကြောင့် အဲဒီ အတွက် အဆင်ပြေအောင်ပါ။ပြီးတော့ သီချင်းသစ်တွေ လည်း အခု လုပ်ထားတာ ရှိတယ်။ ဒီလကုန်မှာ တစ်ပုဒ် ကို အွန်လိုင်းက တစ်ဆင့်ဖြန့် ဖို့ စီစဉ်ထားပါတယ်”လို့ အားတီက ပြောပါတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*