ဒါရိုက်တာ အောင်မြတ် အရိုက်ချင်ဆုံး ဇာတ်ကားကဘာလဲ

ဒါရိုက်တာ အောင်မြတ် အရိုက်ချင်ဆုံး ဇာတ်ကားကဘာလဲ
June 30, 2017 Asian Fame
ဒါရိုက်တာ အောင်မြတ် အရိုက်ချင်ဆုံး ဇာတ်ကားကဘာလဲ

ZAW_9553ဒါရိုက်တာအောင်မြတ် ပုံဖော် ရိုက်ကူးထားတဲ့ “အနမ်းဝိုင်” ရုပ်ရှင် ဇာတ် ကားက အားလုံး ပြီးစီးသလောက် ဖြစ်နေပြီဖြစ်ပြီး   ရုံတင်ပြသမယ့် ရက်ကို စောင့် မျှော်နေကြောင်း သိရပါတယ်။ ဒီဇာတ်ကား ထဲမှာ အောင်ရဲလင်း၊ ဝတ်မှုံရွှေရည် တို့က အဓိက သရုပ်ဆောင်   ထားကြတာပါ။

ဒါရိုက်တာအောင် မြတ်က ဆရာမပုညခင်ရဲ့”အနောက်တောင် အရပ်မှလာခဲ့သူ” ဝတ္ထုကို ပုံဖော် ရိုက်ကူး ဖို့ ရှိပြီး   အဲဒီဇာတ်ကား ရဲ့အခြေအနေ အကြောင်း မေးမြန်းဖြစ်တဲ့ အခါ   “ဒီဇာတ်လမ်းက နည်းနည်းလည်း တာဝန်ကြီး တယ်ဗျ။ အဲဒီတော့ ကျွန် တော်တို့ ဘက် ကလည်း ကြိုပြီးတော့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။   အဲဒီ ခေတ်၊ အဲဒီကာလမှာ အသုံးပြုတဲ့ ဇာတ်ဝင်ခန်း ပစ္စည်းတွေကို အသေးစိတ် ရှာဖွေ စုဆောင်းပြီးတော့ လုပ်နေရတယ်။ ဒီဟာလေးကို   မျှော်လည်း မျှော်လင့်ပါတယ်။ အကောင်းဆုံး လည်း ကြိုးစားချင်တယ်။ ကြို တင်ပြင်ဆင်မှုက ထပ်ပြီးတော့ လိုအပ်ဦးမယ် ထင်တယ်။ အဲဒီ   အတွက်လည်း ကြိုးစားနေသလို ကျွန်တော်တို့ ဘက်ကလည်း  ဇာတ်ညွှန်း ပိုင်း ဆိုင်ရာ ပုံဖော်ဖို့ အတွက်ကိုလည်း ကြိုးစားနေ ပါတယ်”လို့   အောင်မြတ်က ပြောပါတယ်။

အောင်မြတ် အနေ နဲ့ကော ကိုယ့် စိတ်ထဲမှာ ဘယ်လို ဇာတ်လမ်းမျိုးကို ရိုက်ကူးဖို့ စိတ်ဆန္ဒ ဖြစ်မိနေလဲလို့ မေးကြည့်တဲ့အခါ |ကိုယ့်   အသိုင်းအဝိုင်း၊ ကိုယ့်နေတဲ့နေရာ အတွက် တန်ဖိုးရှိတဲ့ မက်ဆေ့(ခ်ျ) တစ်ခုကို ပေးနိုင် မယ့်အနုပညာ မှတ်တိုင် တစ်ခုတော့   စိုက်ထူချင်ပါသေးတယ်။ အဲဒီ အတွက် အများကြီး ကြိုးစားဖို့ လိုပါသေးတယ်။ ရိုက် မယ် ဆိုရင်တော့ နိုင်ငံရေးနဲ့ ပတ်သက်တာမျိုး၊   Romance, Drama ကို History ပိုင်းနဲ့ဆိုင်ရာမျိုး အရိုက်ချင်ဆုံးပဲ။ သမိုင်းကြောင်းကို တစ်နည်းတစ်ဖုံ ကိုယ်နိုင်တဲ့ ဘက်ကနေ   ဆွဲထုတ်ပြဖို့ကို ကျွန်တော် စိတ်ဝင်စားပါတယ်” လို့ပြောပြခဲ့ ပါတယ်။

 မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*