အထင်လွဲ စွပ်စွဲခံရမှုနဲ့ ပတ်သက်ပြီး တေးသံရှင် ယွန်းသီရိကျော် ရှင်းလင်း

အထင်လွဲ စွပ်စွဲခံရမှုနဲ့ ပတ်သက်ပြီး တေးသံရှင် ယွန်းသီရိကျော် ရှင်းလင်း
June 28, 2017 Asian Fame
အထင်လွဲ စွပ်စွဲခံရမှုနဲ့ ပတ်သက်ပြီး တေးသံရှင် ယွန်းသီရိကျော် ရှင်းလင်း

Miss-Golden-Land-Myanmar-2Miss Golden Land Myanmar Theme Song နဲ့ ပတ်သက်ပြီးတော့ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာမှာ ထက်တွေ မှာ ဝေဖန်ရေးသားနေကြ တဲ့အတွက်သီချင်း ပိုင်ရှင် အဆိုတော်ယွန်းသီရိ ကျော်က စာနယ်ဇင်းများနဲ့ တွေ့ဆုံ ရှင်းလင်းလိုက် ပါတယ်။ သူမ အနေနဲ့ ၂ဝ၁၅ ခုနှစ်၊ Miss Golden Land Myanmar ပြိုင်ပွဲ ဝင်ရောက်စဉ်က အဆိုပါ ပြိုင်ပွဲရဲ့ Theme Song ကို ရေးသား သီဆို ပေးခဲ့ ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၂ဝ၁၆ခုနှစ်၊ သြဂုတ် လမှာ သီချင်းစာသား အသစ်ထပ်ထည့်ဖို့ Miss Golden Land Myamnar  မှ တာဝန်ရှိ သူတွေက တောင်းဆိုလာတဲ့ အတွက် ယွန်းသီရိကျော် အနေနဲ့ သီချင်းတီးခတ်သူ ကိုဇေထူးအောင်နဲ့ တိုင်ပင် ပြီး မြန်မာမှုကို အခြေခံထားတဲ့ သီချင်းတစ်ပုဒ်ကို ထပ်မံ ဖြည့်စွက် ခဲ့ကြောင်းလည်း သိရပါတယ်။ အကြောင်း အရာ အပြည့်အစုံနဲ့ ပတ်သက်ပြီး ယွန်းသီရိ ကျော်က…

“Project K အဖွဲ့က ၂ဝ၁၆ ခုနှစ်၊ Miss Golden Land Myanmar Final  ပွဲကြီးပြီးသွားတဲ့ ၂ ပတ် အကြာမှာ ကိုရီးယားနိုင်ငံမှာ ပြိုင်ဖို့ အတွက် Project K အဖွဲ့က အသစ်ထပ်ထည့်ထားတဲ့ Music  အပိုဒ်ကို တစ်ပွဲအတွက်ပဲ ယူသုံးဖို့ ခွင့်ပြု ပေးပါလို့ ယွန်းဆီကို ကိုဇေထူးအောင် က ဖုန်းဆက် လာပါတယ်။ အဲဒီအပေါ် တစ်ပွဲစာ အတွက် ခွင့်ပြုပေးခဲ့ပါတယ်။ Project K အဖွဲ့ မြန်မာပြည် ကို ပြန်ရောက် လာတဲ့ အခါမှာ လည်း အဲဒီ Music ကိုဆက်သုံးခဲ့ပါတယ်။ ယွန်း အနေနဲ့ ဂီတ အစည်းအရုံးမှာ ညှိနှိုင်းပေး ဖို့တောင်းဆို ခဲ့ပါတယ်။ Project K အဖွဲ့ အနေနဲ့ ဒီ Music ကို ဆက်ပြီးတော့ မသုံး တော့ပါဘူး။ သတင်းစာထဲမှာလည်း ဒီလို ခွင့်ပြုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆိုတဲ့ အကြောင်းကို ဂီတအစည်းအရုံးရဲ့ လူကြီးတွေရှေ့မှာ လက်မှတ် ရေးထိုးခဲ့ပြီး ပါပြီ။ အကုန် လုံးပြေလည်ခဲ့ ပြီးပါပြီ။ ဒါပေမဲ့ တချို့သော သူတွေက ယွန်းကို အထင်အမြင် လွဲမှားပြီးတော့ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက် နှာတွေမှာ စွပ်စွဲအထင်လွဲ ပုတ်ခတ်လာတဲ့ အတွက် နားလည်မှုလွဲတဲ့ ကိစ္စလေးကို ရှင်းပြရခြင်းဖြစ်ပါ တယ်”လို့ ပြောပြခဲ့ပါတယ်။

သူမအနေနဲ့ “ပိုင်းလုံး” နဲ့ Second Diamond’ ဆိုတဲ့ တေးစီးရီးခွေ၂ခွေကိုလည်း ထွက်ရှိထားသူ ဖြစ်ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*