သရုပ်ဆောင် ပညာကို အမေက တကူးတက သင်ပေးတာတော့ မရှိဘူး ကြည်ဖြူအောင်

သရုပ်ဆောင် ပညာကို အမေက တကူးတက သင်ပေးတာတော့ မရှိဘူး ကြည်ဖြူအောင်
June 27, 2017 Asian Fame
သရုပ်ဆောင် ပညာကို အမေက တကူးတက သင်ပေးတာတော့ မရှိဘူး ကြည်ဖြူအောင်

Kyi-Phyu-Agသရုပ်ဆောင် ခင်စိုးပိုင်ရဲ့ သား ဖြစ်သူ ကြည်ဖြူအောင် ကလည်း ဗီဒီ ယို ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ရင်း အနုပညာ လောက ထဲကို စတင် ဝင်ရောက်လာပြီဖြစ်ပါတယ်။ မင်းသားတစ်ဦး အဖြစ် ရပ်တည်ဖို့ ရည်ရွယ် ထားပေမယ့် လတ်တလောမှာတော့ ကျရာ ဇာတ်ရုပ်မှာ ပါဝင် သရုပ်ဆောင်ရင်း ကိုယ့်ရဲ့သရုပ်ဆောင်ပိုင်း ကောင်းမွန် လာအောင် ကြိုးစားနေတယ်လို့ ကြည်ဖြူအောင်က ဆိုပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်ခင်စိုးပိုင် ဆီက သင်ယူမှုတွေနဲ့ ပတ်သက်လို့…

“ကျွန်တော်က အချိန်ပြည့်တော့ သင်ယူနေပါတယ်။ အမေက တကူးတကကြီး သင်ပေးတာ မျိုးလည်း မဟုတ်ဘူး။ နင်ငိုစမ်း၊ ရယ်စမ်း ဆိုပြီးလည်း မလုပ်ခိုင်းပါဘူး။ အမေသရုပ် ဆောင်ရင် နောက်ကွယ်ကနေပဲ သင်ယူပါတယ်။ အမေ့အပြင် တခြား သော အနုပညာရှင်၊ အတတ်ပညာရှင်တွေ ကိုလည်း ကြည့်တယ်။ လေ့ လာပါတယ်။ ကျွန်တော် မြင်သမျှ၊ တွေ့သမျှ၊ ကြားသမျှက သင်ဆရာ၊ မြင်ဆရာ၊ ကြားစရာတွေ ချည်းပါပဲ။ ကွယ်ရာမှာ ရော၊ ရှေ့တင်ရော လေ့လာတာက ကျွန်တော့် အတွက် ထိရောက်တယ်၊ တိုးတက်တယ် လို့ထင်ပါတယ်” လို့ ကြည်ဖြူ အောင် က ပြောပါတယ်။ ကြည်ဖြူအောင်က လက်ရှိမှာ ဇာတ်ကား ၁ဝကား ကျော် ရိုက်ကူးထားပြီး ကံကံ၏ အကျိုးပညာပေး ဇာတ်ကားမှာလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။

ကြည်ဖြူအောင်က Mister Internation 2016 Myanmar  တစ်ဦးလည်း ဖြစ်တာကြောင့် အလှမောင်တစ်ဦး အနေနဲ့လည်း နိုင်ငံ တကာ အတွေ့အကြုံတွေ ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ ဇွန်လ လကုန်ပိုင်းမှာ ကျင်းပမယ့် Mister Eco 2017 Myanmar  ပွဲအတွက်လည်း လွိုင်ကော်မြို့မှာ ဒိုင်အဖြစ် သွားရောက် လုပ်ကိုင်ပေးမယ်လို့ ကြည်ဖြူအောင်က ပြောပါတယ်။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*