လူငယ်တွေကို ကမ္ဘာ့အလယ် ဝင်ဆံ့ နိုင်တဲ့ အထိ တိုက်ခိုက်ရေး ပညာကို သင်ကြားပေးမယ့် အောင်လအန်ဆန်း

လူငယ်တွေကို ကမ္ဘာ့အလယ် ဝင်ဆံ့ နိုင်တဲ့ အထိ တိုက်ခိုက်ရေး ပညာကို သင်ကြားပေးမယ့် အောင်လအန်ဆန်း
June 26, 2017 Asian Fame
လူငယ်တွေကို ကမ္ဘာ့အလယ် ဝင်ဆံ့ နိုင်တဲ့ အထိ တိုက်ခိုက်ရေး ပညာကို သင်ကြားပေးမယ့် အောင်လအန်ဆန်း

ZAW_0431လာမယ့် ဇွန်လ ၃ဝရက်နေ့ ည ၇ နာရီအချိန် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံမှာ One Championship ပြိုင်ပွဲကြီး ကျင်းပတော့ မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီး မှာတော့ အဓိကပွဲဆိုင်း အဖြစ် မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆန်းနဲ့ ဘစ်တာလီဘစ်ဒက် (ရုရှား) တို့ ယှဉ်ပြိုင် ထိုးသတ်ကြမှာ ဖြစ် ပါတယ်။

ပြိုင်ပွဲအတွက် အောင်လအန်ဆန်းက လေ့ကျင့်ချိန် ပြည့်ဝမှုရှိပြီး ကိုယ့်ကိုယ်ကိုယ် လည်း ယုံကြည်မှု အပြည့် ရှိနေပါ တယ်လို့ ဆိုလာပါတယ်။

“ဒီပွဲအတွက် ကျွန်တော် လေးလလောက် ကောင်းကောင်း လေ့ကျင့်ထားတယ်။ ကျွန်တော် ယုံကြည်မှု အပြည့် ရှိနေတယ်။ ဒီပွဲမှာအကောင်းဆုံး ကစားနိုင်မယ် ဆိုတာ အပြည့် အဝ ယုံကြည် တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ထရိန်နင်ရော ပိုကောင်းပြီး ပိုမြန်၊ ပိုအားရှိအောင် ထရိန်နင်လုပ်ထားခဲ့တာ။ ဒီပွဲ အတွက် ကျွန်တော် အရမ်းအားရှိတယ်။ အရမ်းလည်း ယုံကြည်မှု အ ပြည့်ရှိနေပါတယ်”လို့ အောင်လအန်ဆန်းက ပြိုင်ပွဲအတွက်  ယုံကြည်မှု အပြည့် ရှိနေကြောင်း ပြောပြခဲ့ပါတယ်။

ဘယ်အလုပ်မဆို စွဲစွဲမြဲမြဲ နဲ့ အောင်မြင်အောင် လုပ်တတ်တဲ့ အောင်လအန်ဆန်းက အခုဆိုရင်တော့ မြန်မာ့မြေပေါ်မှာ သူမျှော်လင့်တဲ့ ကမ္ဘာ့ချန်ပီယံ အိမ်မက်ကို ဖော်ဆောင်နိုင်ဖို့ လက်တစ်ကမ်း အလိုကို ရောက်ရှိပြီ ဖြစ်ပါတယ်။ သူမျှော်လင့် ထားတဲ့ ချန်ပီယံဘွဲ့ ရခဲ့ရင်တော့ သူချစ်တဲ့ မြန်မာပြည်မှာ ပြန်လည်အခြေချ နေထိုင်ရင်း ကမ္ဘာ့အဆင့် မျိုးဆက် သစ်တွေကို မွေးထုတ်ပေး သွားမယ်ဆိုတဲ့ အကြောင်းကိုလည်း အောင်လ အန်ဆန်းက…

“အခု ကျွန်တော် ဒီလိုမျိုး ကစားနေတာ၊ ကမ္ဘာ့ချန်ပီယံ ဖြစ်အောင် ကြိုးစားနေတာက အား လုံးအတွက် ဂုဏ်ယူနိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ ကျွန်တော် ချန်ပီယံ ဖြစ်သွားပြီးချိန် မြန်မာပြည်ပြန်လာပြီး လူငယ်တွေကို ပြန်သင်ပေးချင်တယ်။ ကျွန်တော် သင်ပေးတဲ့သူတွေကိုလည်း ကမ္ဘာ့အလယ် ဝင်ဆံ့နိုင် တဲ့အထိ ကြိုးစား သင်ပေးမယ်” လို့  ပြောခဲ့ပါတယ်။

ပရိသတ်ရဲ့ အားပေးမှုက သူ့အတွက် အားဖြစ်စေတယ်ဆိုတဲ့ အောင်လ အန်ဆန်းက…”အားလုံးကို အရမ်းကျေးဇူးတင်တယ်။ အားလုံးကျွန်တော့်ကို အားပေးတဲ့အတွက် အရမ်းဂုဏ်ယူတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်ကြိုးစားမယ်။ ဒီပွဲမှာ ကျွန်တော် အကောင်းဆုံး အနေ အထားနဲ့ ကစားသွားမယ်”လို့ အောင်လ အန်ဆန်းက ပြောပါတယ်။

မျိုးကျော်(ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*