ကလေးတွေကို ကူညီဖို့ Good Neighbors အဖွဲ့အစည်းကို ဒေါ်လာ ၉ဝဝဝ ခန့် လှူဒါန်ခဲ့တဲ့ So Ji Sub

ကလေးတွေကို ကူညီဖို့ Good Neighbors အဖွဲ့အစည်းကို ဒေါ်လာ ၉ဝဝဝ ခန့် လှူဒါန်ခဲ့တဲ့ So Ji Sub
June 26, 2017 Asian Fame
ကလေးတွေကို ကူညီဖို့ Good Neighbors အဖွဲ့အစည်းကို ဒေါ်လာ ၉ဝဝဝ ခန့် လှူဒါန်ခဲ့တဲ့ So Ji Sub

So-Ji-Subကိုရီယား မင်းသားတွေထဲက နာမည်ကြီး တစ်ယောက် ဖြစ်တဲ့ So Ji Sub က ခန့်မှန်းခြေ ဒေါ်လာ  9,000 ကို NGO အဖွဲ့အစည်း တစ်ခုဖြစ်တဲ့  Good Neighbors  အဖွဲ့ကို လှူဒါန်းခဲ့ပါတယ်။ Good Neighbors  အဖွဲ့ကလှူဒါန်းမှုနဲ့ ပတ်သက်ပြီး အခုလို “မင်းသားဟာ ဝင်ငွေ နည်းပါးတဲ့  မိသားစုတွေက မိန်းကလေးတွေနဲ့ ညှဉ်းပန်း နှိပ်စက်ခံရလို့ ဆေးကုသနေရတဲ့ ကလေး တွေကို ထောက်ပံ့ဖို့ လှူဒါန်းခဲ့ တာပါ။ သူဟာ  “The  Neighbors Club”  ကို အဖွဲ့ဝင် တစ်ယောက် အနေနဲ့ ဝင်ခဲ့တာ မကြာသေးပါဘူး။ သူဟာ “TWENTY:The Moment”ပရိသတ်တွေ့ဆုံပွဲ က  ရရှိတဲ့အမြတ် အားလုံးကို လှူဒါန်းခဲ့တာပါ။ သူဟာ အခုလို လှူဒါန်းခွင့်ရတဲ့ အတွက် အရမ်းကို ဝမ်းသာပါတယ်။ ပရိသတ်တွေနဲ့ တွေ့ရပြီး  ပျော်ရွှင်စရာ အချိန်လေးတွေကို ဖန်တီးနိုင်ခဲ့တာကြောင့် အခုလို စိတ်ကူး ပေါ် လာပြီး ကျေးဇူး တုံ့ပြန်တဲ့ အနေနဲ့ အခုလို လှူဒါန်းဖို့  ဆုံးဖြတ်လိုက်တာပါ” လို့ ပြောပြခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*