ကိုဖိုးချစ်က ကျွန်တော့်အတွက် အစ်ကိုလိုပါပဲ ဟန်ဇာမိုးဝင်း

ကိုဖိုးချစ်က ကျွန်တော့်အတွက် အစ်ကိုလိုပါပဲ ဟန်ဇာမိုးဝင်း
June 13, 2017 Asian Fame
ကိုဖိုးချစ်က ကျွန်တော့်အတွက် အစ်ကိုလိုပါပဲ ဟန်ဇာမိုးဝင်း

Pho Chit

မြို့ရွှေမန်းသားဖိုးချစ်ရဲ့ သဘင်ဘိုးဘွားရိပ်သာ ဖွင့်ပွဲအခမ်းအနားကို သဘင်ညီအစ်ကိုတစ်ဦးဖြစ်တဲ့ ဟန်ဇာမိုးဝင်းကလည်း တက်ရောက်ခဲ့ပါတယ်။ သူ့အနေ နဲ့ သူငယ်ချင်းဖြစ်တဲ့ ဖိုးချစ်ရဲ့ လုပ်ဆောင်မှုကို ဂုဏ်ယူ မိပြီး မုဒိတာလည်းပွားရပါကြောင်း ဟန်ဇာမိုးဝင်းက ပြောပါတယ်။ ဖိုးချစ်နဲ့ သူငယ်ချင်း ညီအစ်ကိုတွေလို ဖြစ်နေကြ တဲ့အတွက် တစ်ခုခုဆိုရင်လည်း နှစ်ဦးသားတိုင်ပင်ကြ လေ့ရှိပြီး ရန်ဖြစ်တယ်၊ စကားများကြတယ်ဆိုတာ လည်း မရှိခဲ့ဖူးဘူးလို့လည်း ပြောပြပါတယ်။

” သူကကျွန်တော့်အတွက် အစ်ကိုလိုပါပဲ။ သူငယ်ချင်းလိုလည်းဖြစ်တယ်။ လုပ်ဖော်ကိုင်ဖက် လည်းဖြစ် တယ်။ သူဒီလိုမျိုးစွမ်းဆောင်နိုင်တဲ့ လူငယ်တစ်ယောက် ရဲ့ စွမ်းဆောင်မှုအားကို မလေးစားဘဲ မနေနိုင်ပါဘူး။ သဘင့်ဘိုးဘွားတွေကို တန်ဖိုးထားပြီးတော့ စောင့်ရှောက်တဲ့ သူငယ်ချင်းဖိုးချစ်ကိုလည်း လေးစားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဘိုးဘွားရိပ်သာအတွက် လည်း ပီတိဖြစ်မိတယ်။ အနုပညာပိုင်းဆိုင်ရာတွေကို လေ့လာချင်တယ်ဆိုရင်ဒီကိုလာပြီးတော့ လေ့လာလို့ ရတယ်လေ။ ဘိုးဘွားတွေအတွက်လည်း လူငယ်တွေနဲ့ ထိတွေ့သင်ကြားရတဲ့အခါ သူတို့ကို ပစ်ပယ်မထားတဲ့အခါကျတော့ စိတ်ထဲကြည်နူးကြမှာပဲလေ။ လူဆိုတာ စိတ်ကြောင့်အသက်ရှည်တာပေါ့” လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။

ဟန်ဇာမိုးဝင်းက သူ့အနေနဲ့ ဘိုးဘွားရိပ်သာ အတွက် အဆောင်လှူဒါန်းဖို့အစီအစဉ်ရှိနေပြီး ပရိသတ်တွေလည်း ပါဝင်လှူဒါန်းနိုင်ဖို့ ဆော်သြပေး သွားမယ်လို့ ပြောပါတယ်။ မကြာခင်ကလည်း သဘင် ဖျော်ဖြေရေးဆိုင်ရာများနဲ့ ဆိုင်းပညာရပ်ဆိုင်ရာ စည်း မျဉ်းစည်းကမ်းသတ်မှတ်နိုင်ဖို့အတွက် ဆွေးနွေးပွဲ များပြုလုပ်ခဲ့ပါတယ်။ သဘင်ဖျော်ဖြေရေးဆိုင်ရာ ဆွေး နွေးပွဲကိုတော့ ဟန်ဇာမိုးဝင်းကတက်ရောက်ခဲ့ပြီး သူ့ အနေနဲ့ ပါဝင်ဆွေးနွေးအကြံပြုခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ကျေနပ်ပါတယ်။ နောက် ပိုင်းဇာတ်တော်ကြီးတွေ ကဖို့ကိစ္စကိုလည်း ကျွန်တော် တိုက်တွန်းခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင်လည်းကမယ်။ လက်ခံနိုင်စရာအကြောင်းတွေမို့လို့ လက်ခံတာပါ။ သဘင်အတွက် ကောင်းမယ်ထင်တာမို့ လက်ခံတာပါ။ စည်းကမ်းသည်လူ၏တန်ဖိုးဖြစ်တဲ့အတွက် တန်ဖိုး တက်လာမယ်လို့လည်း မြင်ပါတယ်” လို့ ဆွေးနွေးပွဲမှ ရလဒ်တွေနဲ့ ပတ်သက်လို့ ဟန်ဇာမိုးဝင်းက သူ့ရဲ့ အမြင်ကိုပြောပြပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*