ပညာရမယ့် ဇာတ်ကားတွေပဲ ရိုက်ကူးချင်တယ် ရတနာဗို

ပညာရမယ့် ဇာတ်ကားတွေပဲ ရိုက်ကူးချင်တယ် ရတနာဗို
June 12, 2017 Asian Fame
ပညာရမယ့် ဇာတ်ကားတွေပဲ ရိုက်ကူးချင်တယ် ရတနာဗို

YaDaNarBo-1အခုလတ်တလော သရုပ်ဆောင် ရတနာဗို ကိုယ်တိုင်ပါဝင် ရိုက်ကူးနေရတဲ့ ဇာတ်ကားများဟာ ဟာသနဲ့ ဒရာမာ ဇာတ်ကားတွေသာ အများဆုံး ဖြစ်နေပါတယ်။ ဒီဇာတ်ကားမျိုးတွေ အပြင် သူနောက်ထပ် ရိုက်ကူးချင်တဲ့ ဇာတ် ကားပုံစံတွေကို ရတနာဗိုက အခုလို ပြောပြ ပါတယ်။

“ပညာလေး ဇာတ်ကားလေးတွေ၊ ပရိသတ်ကို တကယ်ပဲ မက်ဆေ့ခ်ျ ကောင်းကောင်းပေးနိုင်တဲ့ ဇာတ်ကားလေး တွေကို ရိုက်ကူးချင် တယ်။ ဘယ်လို ဇာတ်လမ်းမျိုး၊ ဇာတ်အိမ်မျိုးပဲ လာလာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင် အောင်လည်း ကြိုးစားသွားမှာပါ”လို့ ရတနာဗို က ပြောပြပါ တယ်။

လက်ရှိအချိန်မှာ သူ့ကိုလာရောက် ကမ်းလှမ်းတဲ့ ဇာတ်ကားတွေကို ဘယ်လို လက်ခံပြီး ရိုက်ကူးနေဖြစ် လဲဆိုတာကို မေးကြည့်တော့ ရတနာဗို က “အရင်တုန်းကတော့ ကြိုးစားနေတဲ့ အချိန်ဆို တော့ ကမ်းလှမ်းသမျှကို ကိုယ်ကလက်ခံတယ်။ ကိုယ့်အတွက် လုပ်ကွက် မရပေမယ့် လက်ခံခဲ့တဲ့ ဇာတ် ကားတွေ အများကြီး ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကိုယ်က အတွေ့အကြုံ ရချင်တယ်။ ခင်မင်မှုလို ချင်တယ်လေ။ အခုနောက်ပိုင်းတော့ ကိုယ့်အတွက် လုပ်ကွက် ရတာလေးတွေကို ရွေးပြီး ရိုက်ကူးချင် တယ်။ ပရိသတ်လည်း ကြည့်ရှုတဲ့ အချိန်မှာ ဇာတ်ကားရဲ့အရသာကို ခံစားစေချင်တယ်။ ကိုယ်ကိုယ်တိုင် က လည်း ဒီအချိန်မှာ ပညာလိုချင်ပြီ။ အဲဒီတော့ တကယ့် ပညာရမယ့် ဇာတ်ကားတွေပဲ ရိုက်ကူးချင်တယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*