ဆံပင်ရှည် ညှပ်ရမှာ စိုးလို့ ၁ဝ တန်းအထိ ရည်စားမထား ဖြစ်ခဲ့တဲ့ အေးဝတ်ရည်သောင်း

ဆံပင်ရှည် ညှပ်ရမှာ စိုးလို့ ၁ဝ တန်းအထိ ရည်စားမထား ဖြစ်ခဲ့တဲ့ အေးဝတ်ရည်သောင်း
June 7, 2017 Asian Fame
ဆံပင်ရှည် ညှပ်ရမှာ စိုးလို့ ၁ဝ တန်းအထိ ရည်စားမထား ဖြစ်ခဲ့တဲ့ အေးဝတ်ရည်သောင်း

Aye-Thaungအေးဝတ်ရည်သောင်း က အနုပညာ သက်တမ်းနှစ် (၂ဝ) ဝန်းကျင် ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီနှစ် ၂ဝ ကာလမှာ အေးဝတ် ရည်သောင်းကို မြန်မာဆန်ဆန် ဆံပင် အရှည်နဲ့သာ မြင်တွေ့ရပါတယ်။ ကိုယ်တိုင်က ဆံပင် အရှည်ထား ရတာ မြတ်နိုးပြီး အမြဲ ထိန်းသိမ်း နေဖြစ်တယ် လို့ သူကဆိုပါတယ်။

“ငယ်ငယ်ကတည်းကလို့ ပေါက် စီက ဆံပင်အရှည် အနက်ထားရ တာကို ကြိုက်တာပါ။ ၁ဝ တန်း မတိုင်ခင် တုန်းကလည်း အမေက ၁ဝ တန်း မအောင်မချင်း ရည်းစား မထားရဘူးလို့ပြောတယ်။ ရည်းစားထားရင် ကတုံးတုံး ပစ်မယ်ဆိုတော့ ဆံပင်ဖြတ်ရမှာ စိုးပြီး လုံးဝ ရည်းစား မထားဘူး။ ဒီဆံပင်ကို ဖြတ်ရမှာ စိုးလို့ပါ။  အဲဒီ လောက်အ ထိကို ပေါက်စီက ဆံပင်အရှည်ကို ကြိုက်တယ်။ တန်ဖိုး လည်းထား တယ်။ ဆံပင် အရှည်ထားလို့ ရသရွေ့ကတော့ ထားနေ မှာပါပဲ။ ဆံပင်တွေ တအား ကျွတ်လာမှသာ ညှပ်လိုက်တာမျိုးတွေရှိ တာပါ။ ဆံပင်ကောင်းအောင် ပြန်လုပ်ပြီး အရှည်ထားလို့ရ သရွေ့ တော့ ပေါက်စီထားသွားမှာပါပဲ” လို့ အေးဝတ်ရည်သောင်းက ပြောပြပါ တယ်။

အေးဝတ်ရည်သောင်း ပါဝင်မယ့် “မင်္ဂလာရှိသော အရပ်” ဇာတ်လမ်းတွဲ ကတော့ ဇူလိုင်လ ၅ ရက် နေ့မှာ စတင် ရိုက်ကူး မှာဖြစ်ပြီး မြင့်မြတ်၊ နွယ်ဒါလီထွန်း တို့နဲ့အတူ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မြတ်မိုးပွင့်
အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*